Posted by : Unknown Saturday, August 10, 2013

မိုဘိုင်းဖုန်းဆင်းမ်ကတ်တွေကို ခွဲတမ်းနဲ့ဖြန့်ဖြူးရာမှာ ပွင့်လင်းမြင်သာမှုမရှိ၊ မသမာမှုတွေ နေရာအနှံ့ပေါ် နေတဲ့အကြောင်း သတင်းတွေဖတ်ရပါတယ်။ 
ဒီပြဿနာတွေ ဘာကြောင့်ဖြစ်ရသလဲ၊ မိုဘိုင်းဖုန်း တပ်ဆင်ရေး ကိစ္စအစိုးရနဲ့ လွှတ်တော်ပိုင်းက ဆောင်ရွက် နေတာ ဘယ်အခြေ အနေ ရောက်နေပြီလဲ၊ နိုင်ငံတကာ နည်းတူ ဘယ်အချိန်လောက်များ မိုဘိုင်းဖုန်းဆင်းမ် ကတ်တွေ ဈေးပေါပေါနဲ့ ဝယ်ယူအသုံးပြုနိုင်မလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြ သွားပါ့မယ်။
လက်ရှိ ရန်ကုန်နဲ့နယ် မှောင်ခိုဈေးကွက်မှာ စီဒီအမ်အေဆင်းမ်ကတ်တစ်ခု ကျပ်ရှစ်သောင်း ကနေ တစ်သိန်း၊ ဂျီအက်စ်အမ်ဆင်းမ်ကတ် ကျပ် ၁၂၀၀၀၀ ကနေ ၁၃၀၀၀၀ စသည်ဖြင့်ဈေးပေါက် နေတာ ဆန်းတော့ မဆန်းပါဘူး။
ရောင်းလိုအား နဲ့ဝယ်လိုအား မမျှတာကနေ ဖြစ်ပေါ်လာတဲ့
    ရိုး ရှင်းတဲ့ပြဿနာပါ။ အစိုးရက ဆင်းမ်ကတ် တစ်ခု ကျပ် ၁၅၀၀ နှုန်းနဲ့ တစ်လဆင်းမ်ကတ် သုံးသိန်းကျော်ကျော်လောက် ချပေးနေပေမယ့် တကယ့်ဝယ် လိုအားက အဲဒီထက်အဆပေါင်းများ စွာရှိနေလို့ ဖြစ်ရ တဲ့ပြဿနာပါ။
နောက်ပြဿနာတစ်ခုကတော့ ခွဲတမ်းနဲ့ ရောင်းချပေးတဲ့ ဆင်းမ်ကတ်တွေ ဖြန့်ဖြူးမှု အဆင့်ဆင့်မှာ မသမာမှုမျိုးစုံဖြစ်နေတာပါ။ အဓိကကတော့ အစိုးရမြန်မာ့ဆက်သွယ်ရေးရဲ့ ဖြန့် ဖြူးပုံစနစ် ပွင့်လင်းမြင် သာမှုမရှိတာကြောင့် ပြဿနာပေါ်ပေါက်လာရတာ ဖြစ်ပါတယ်။ 
ဥပမာ-တစ်နိုင်ငံလုံးကို တစ်လသုံးသိန်းခွဲ ရောင်းပေးမယ်ဆိုရင် ပြည်နယ်နဲ့တိုင်းတစ်ခုစီ ဘယ်ပြည်နယ် ဘယ်တိုင်းကို ဘယ်လောက်အရေအ တွက်စီ ချထားပေးတယ်ဆိုတာ တိတိကျကျထုတ် ပြန်ပေးရမှာဖြစ်ပြီး အများပြည်သူ အလွယ်တကူ သိနိုင်အောင် လုပ်ပေးထားရပါမယ်။
သက်ဆိုင် ရာတိုင်းနဲ့ ပြည်နယ်တွေကလည်း ရလာတဲ့ဆင်းမ် ကတ်အရေအတွက်ကို ဘယ်မြို့နယ်ကို ဘယ် လောက်စီ ခွဲဝေချထားပေးတယ်ဆိုတာ တိတိကျ ကျ ထုတ်ပြန်ပေးရပါမယ်။ 
ဥပမာ-ရန်ကုန်တိုင်း က ဆင်းမ်ကတ်တစ်သိန်းရတယ်ဆိုရင် ဘယ်မြို့ နယ်ကို ဘယ်လောက်ချထားပေးတယ် တိတိကျကျ စာရင်းထုတ်ပြန်ဖို့ဖြစ်ပါတယ်။ အားလုံးပေါင်း လိုက်ရင် ဆင်းမ်ကတ်တစ်သိန်း ရှိကိုရှိရပါမယ်။
အလားတူ သက်ဆိုင်ရာမြို့နယ်အသီးသီး ကလည်း ကိုယ့်မြို့နယ်အတွက် ခွဲတမ်းဘယ် လောက်ရတယ်၊ အဲဒီရတာတွေကို ဘယ်ရပ်ကွက်၊ ဘယ်ကျေးရွာကို ဘယ်လောက်ချထားပေးတယ် ဆိုတာ မြို့နယ်ရုံးတွေမှာ အများမြင်သာအောင် ကြေညာထားပေးဖို့လိုပါတယ်။
မိတ္တူတွေကို သက်ဆိုင်ရာရပ်ကွက်ရုံးအသီးသီးကို ဖြန့်ဝေပေး ထားပြီး ပြည်သူတွေ ထင်သာမြင်သာ ရှိအောင် ကပ်ထားဖို့လိုပါတယ်။
နောက်ဆုံးအဆင့် ရပ်ကွက်သက်ဆိုင်ရာတွေက ရလာတဲ့ဆင်းမ်ကတ် တွေကို မဲစနစ်နဲ့ ထင်သာမြင်သာ ရှိအောင် လုပ် ပြီး ရောင်းချပေးဖို့ဖြစ်ပါတယ်။
ဒီလို စနစ်တကျ ပွင့်လင်းမြင်သာမှုရှိအောင်လုပ်ဖို့ အာဏာပိုင်အ ဆင့်ဆင့်ကို ညွှန်ကြားထားရင် မသမာမှု တွေလုပ်ဖို့ အခွင့်အလမ်းအတော်လေးနည်းသွားပါလိမ့် မယ်။ 
တကယ်တော့ ဒီမိုကရေစီနိုင်ငံဆီသွားတဲ့ ခရီးလမ်းမှာ ဒီလိုဆင်းမ်ကတ်ဖြန့်ဖြူးတဲ့ အလုပ် ကို အသေးအဖွဲ လို့သဘောမထားဘဲ စနစ်ကျတဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ လုပ်ရပ်တွေ အကျင့်ဖြစ် ထွန်းကားလာအောင် လုပ်ပြဖို့လိုအပ်ပါတယ်။ 
ဆင်းမ်ကတ်ကို ပြည်သူတွေလိုသလောက် မရောင်းနိုင်တဲ့ပြဿနာ ကိုတော့ ရေတိုရေရှည် နည်းနဲ့ အမြန် အဆန်ဖြေရှင်းဖို့ လိုပါတယ်။ 
ပထမ နည်းကတော့ မြန်မာ့ဆက်သွယ်ရေးက လက်ရှိ ရှိနေပြီးနက်ဝပ်တွေကို အလျင်အမြန်ချဲ့ထွင်ပြီး ဆင်းမ်ကတ်အရေအတွက်ခပ်များများ ဆက် ရောင်းချပေးနိုင်အောင် လုပ်ဖို့ပါ။ 
အခုကိုပဲ မြန်မာ့ ဆက်သွယ်ရေးက GSM နဲ့ WCDMA စနစ် သုံး SIM/USIM ကတ် ခုနစ်သန်းခွဲဝယ်ယူဖို့ တင်ဒါခေါ်နေပါပြီ။ မြန်မာ့ဆက်သွယ်ရေးဟာ မကြာခင်တစ်လဆင်းမ်ကတ် သုံးသိန်းကျော် လောက်မဟုတ် ဘဲ ဒီထက်များတဲ့အရေအတွက် ချပေးနိုင်တော့မယ်လို့ မျှော်လင့်ရပါတယ်။
အရေးကြီးဆုံးကတော့ ဒီပြဿနာရေရှည် ပြေလည်အောင် မကြာသေးခင်တုန်းက ရွေးချယ် ပြီးဖြစ်တဲ့ အော်ပရေတာကုမ္ပဏီနှစ်ခု အမြန်လုပ် ငန်းစတင်နိုင်ဖို့၊ မြန်မာ့ဆက်သွယ်ရေး နဲ့အတူ အော်ပရေတာ လုပ်ခွင့်ရထားတဲ့ ရတနာပုံတယ်လီ ပို့ကုမ္ပဏီ လုပ်ငန်းအမြန်စတင်နိုင်အောင် အစိုးရ နဲ့လွှတ်တော်ဘက်က လုပ်စရာရှိတာ အမြန်လုပ် ပေးဖို့ဖြစ်ပါတယ်။
လောလောဆယ် လွှတ်တော် ထဲရောက်နေတဲ့ ဆက်သွယ်ရေးဥပဒေကြမ်းကို အမတ်မင်းတွေ မြန်မြန်ဆွေး နွေး အတည်ပြု ပေးဖို့ လိုပါတယ်။ အတည်ပြုပေးရာမှာလည်း သိပ်မကြာသေးခင်က အော်ပရေတာလုပ်ငန်း တင်ဒါအောင်တာကို ကြေညာဖို့ ဆိုင်းငံ့ခိုင်းထား တဲ့ဆုံးဖြတ်ချက်ချခဲ့တဲ့ အတွေးအခေါ်လိုမျိုး မလုပ်ဖို့ လိုပါတယ်။ 
ဥပဒေကို ပြင်ဆင်ဖြည့်စွက်ရာမှာ ဈေးကွက် စီးပွားရေးနဲ့မလျော်ညီတဲ့၊ ကိုယ့်ပြည်တွင်းက ခနော်နီ ခနော်နဲ့ခရိုနီတွေကို ကာကွယ်ဖို့လောက် ပဲအားသန်ပြီး ပြည်သူနဲ့တိုင်းပြည်အကျိုးစီးပွား ကို မငဲ့ကွက်တဲ့ အချက် အလက်တွေ ပါမလာဖို့လဲ လိုပါတယ်။ 
အဲဒါတွေပါလာရင် တယ်လီ ဖုန်းတပ်ဆင်ရေး ကိစ္စ နှောင့်နှေး ကြံ့ကြာပြီး ပြည်သူတွေ ဈေးပေါ ပေါနဲ့ ဖုန်းကိုင်နိုင်ဖို့၊ ဖုန်းပြော နိုင်ဖို့ကိစ္စနှစ်ကာလ အကြာကြီး စောင့်ရမယ့်ကိန်းဆိုက်သွားနိုင် ပါတယ်။ ဒီတော့ လွှတ်တော်ဘက်က ပြည်သူ့အကျိုး၊ တိုင်းပြည်အ ကျိုးကိုရှေးရှုတဲ့ ဆက်သွယ်ရေး ဥပဒေ အမြန်အတည်ပြု ပေးနိုင် ဖို့ လိုပါတယ်။
ဒီလိုမလုပ်ခဲ့ရင် လွှတ်တော် ကအတည်ပြုလိုက်တဲ့ ဥပဒေ ကြမ်းကို သမ္မတက ပြင်လိုတာတွေ လွှတ်တော် ကိုပြန်ပို့၊ လွှတ်တော် မှာပြန်ဆွေးနွေးအတည်ပြုပြီး သမ္မတဆီပြန်ပို့၊ သမ္မတက ဥပဒေ လက်မှတ်ရေးထိုး ထုတ်ပြန်၊ နည်းဥပဒေတွေပြဌာန်း ဒီလိုနည်း နဲ့ အချိန်အများကြီးကြာသွား နိုင်ပါတယ်။ 
အတည်ပြုမယ့် ဥပဒေမကောင်းရင် လက်ရှိတင်ဒါ အောင်ထားတဲ့ နိုင်ငံခြားကုမ္ပဏီ တွေ အလုပ်မစနိုင်ဘဲ တိုင်းပြည် ရဲ့ မိုဘိုင်းဖုန်းပြဿနာ ရှည်ကြာ သွားစေနိုင်ပါတယ်။
ဒီအတွက် ပြည်သူတွေရဲ့ မိုဘိုင်းဖုန်းပြဿနာအဆင်ပြေ နိုင်ဖို့ လတ်တလောမြန်မာ့ဆက် သွယ်ရေးက network တွေအမြန်တိုး ချဲ့ပြီး အခုလစဉ်ချပေးနေတာ ထက် ပမာဏများတဲ့ဆင်းမ်ကတ် တွေ ချပေးနိုင် အောင် ကြိုး စားပေး ပါ၊ 
----------------------လွှတ်တော်ဘက်ကလည်း ပြည်သူ့အကျိုးတိုင်းပြည် အကျိုးရှိ တဲ့အချက်တွေပါဝင်တဲ့၊ တင်ဒါအောင်တဲ့ နိုင်ငံခြားကုမ္ပဏီ တွေ အမြန်အလုပ်စနိုင်မယ့် ဆက်သွယ်ရေးဥပဒေကြမ်းကို အမြန်ဆွေးနွေး အတည်ပြုပေး ကြပါလို့ တိုက်တွန်းနှိုးဆော်လိုက် ရပါတယ်။

Leave a Reply

Note: Only a member of this blog may post a comment.

Subscribe to Posts | Subscribe to Comments

- Copyright © MCT - Date A Live - Powered by Blogger - Designed by Johanes Djogan -