Posted by : Unknown Saturday, August 10, 2013

ဖုန်း၊ တက်ဘလက် တစ်ခုခုကို ၀ယ်ယူတော့မယ်ဆိုရင် ဒီပစ္စည်းသည် ဘာတွေလုပ်နိုင်တယ်၊ 

ဘယ်အတွက် သုံးနိုင်တယ်၊ ဘာတွေပါတယ် ဆိုတာကို သိထားဖို့လိုပါမယ်။ အဲဒီအတွက် ပါဝင်တဲ့ 

အစိတ်အပိုင်း အသီးသီးရဲ့ အခြေခံသဘောတရားများနှင့် အခေါ်အဝေါ်များကို နားလည်ထားဖို့ 

လိုပါမယ်။ သို့မှသာ ပစ္စည်းတစ်ခုရဲ့ Specification ကိုဖတ်ပြီး မိမိတို့လိုအပ်ချက်နှင့် ကိုက်ညီမှုရှိ မရှိ 

စဉ်းစားဆုံးဖြတ်နိုင်စေမှာ ဖြစ်ပါတယ်။


ယနေ့အခါ smartphone ဈေးကွက်
ကျယ်ပြန့်လာမှုနှင့်အတူ ထုတ်လုပ်ရောင်းချတဲ့ Company 

ပေါင်းများစွာရှိပါတယ်။ တစ်ကျောင်း တစ်ဂါထာဆိုသလိုပင် ထုတ်လုပ်သူတွေကလည်း 

ကိုယ်ပိုင်ဒီဇိုင်းဖြင့် ပုံသဏ္ဍာန်အရွယ်အစား အမျိုးမျိုးထုတ်လုပ်ကြပါတယ်။ Brand တူစေဦးတော့ 

model ကွဲတာနှင့် charging ခေါင်းကနေစလို့ မတူကွဲပြားခြင်းများလည်း ရှိပါတယ်။ သို့သော် 

အပြင်ပန်းအရ မည်သို့ကွဲပြားစေကာမူ ပါဝင်တဲ့ အစိတ်အပိုင်းတို့ရဲ့ စုပေါင်းဖွဲ့စည်းတည်ဆောက်ပုံနှင့် 

အလုပ်လုပ်ပုံ သဘောတရားများမှာတော့ အတူတူပင်ဖြစ်ပါတယ်။

Software ပိုင်းအနေနှင့် သိပ်ပြောစရာမရှိပါဘူး။ Android Version ပြောင်းပေမယ့် 



အသုံးပြုမှုအပိုင်းမှာ သိပ်ပြီး ပြောင်းလဲမှုမရှိပါဘူး။ ဒါ့ကြောင့် ဖုန်းတစ်လုံး၏ Specification 

ကိုဖတ်ပြီးတဲ့အခါ တိတိကျကျ နားလည်နိုင်ပြီဆိုရင် အခြားသော ဖုန်းတွေ တက်ဘလက်တွေရဲ့ 

အကြောင်းကို နားမလည်နိုင်စရာ မရှိတော့ပါဘူး။ ဤတွင်မှ ဖုန်း၊ တက်ဘလက်တို့မှာ 

ပါဝင်တဲ့ပစ္စည်းများအကြောင်းကို အောက်ပါခေါင်းစဉ်များဖြင့် ဖော်ပြသွားပါမယ်။

(1). PCB (Printed Circuit Board)
(2). CPU (Central Processing Unit)
(3). Memory and Storage
(4). Wireless Network Adapters (Bluetooth/GSM/WCDMA/CDMA)
(5). GPS (Global Positioning System)
(6). Touch Screen
(7). Interfaces (USB)
(8). Android Operation System
*Printed Circuit Board (Phone Motherboard)*

PCB သည် ကွန်ပျူတာတွေရဲ့ အဓိက အစိတ်အပိုင်းဖြစ်သည့် Motherboard နှင့် အလားတူဖြစ်သည့် 


အတွက် ၎င်းကိုလည်း Phone Motherboard ရယ်လို့လည်း ခေါ်ဆိုကြပါတယ်။ အစိတ်အပိုင်း 

အားလုံးတို့သည် PCB (Printed Circuited Board) ပေါ်တွင် တိုက်ရိုက်ဖြစ်စေ၊ cable 

များမှတဆင့်ဖြစ်စေ တပ်ဆင်အသုံးပြုကြရပါတယ်။

ဆိုရရင် SOC (CPU, RAM, Audio Processor, Graphic Processor), Memory (ROM) တို့သည် 


PCB ပေါ်တွင် တိုက်ရိုက်တပ်ဆင်အသုံးပြုရသော အစိတ်အပိုင်းများဖြစ်ကြပြီး Camera, Speaker, 

LCD display, Touch screen တို့သည် cable များဖြင့် PCB သို့ ချိတ်ဆက်အသုံးပြုရသော 

ပစ္စည်းများဖြစ်ပါတယ်။ ထို device အားလုံးတို့သည် တစ်ခုနှင့်တစ်ခု PCB ပေါ်မှတဆင့် အပြန်အလှန် 

ဆက်သွယ်ကြရပါတယ်။

မှတ်ချက်။ ။ LCD တို့၊ Touch Screen တို့က သိပ်မယူခြားပေမယ့် ဖုန်းအမျိုးအစားနှင့် 


ထုတ်လုပ်သူပေါ် မူတည်ပြီး PCB ဒီဇိုင်းနှင့် အရွယ်အစားမျိုးစုံကွဲပါတယ်။

Leave a Reply

Note: Only a member of this blog may post a comment.

Subscribe to Posts | Subscribe to Comments

- Copyright © MCT - Date A Live - Powered by Blogger - Designed by Johanes Djogan -