Posted by : Unknown Sunday, September 8, 2013




 

Nokia ရဲ့ Mobile ဌာနကို Microsoft က၀ယ်ယူပြီးတဲ့နောက်မှာထွက်ပေါ်လာတဲ့ သတင်းတစ်ပုဒ်ဖြစ်ပါတယ် ။ Nokia ရဲ့ အာရှ နဲ့ ပစိဖိတ် ဌာနခွဲ CEO ကိုယ်တိုင်က News Asia ရုပ်သံအစီအစဉ်မှာပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ နောက်ထက်ထုတ်မယ့် Nokia ဖုန်းကို Newkia လို့ နာမည်ပေးပြီး OS ကို Android ပြောင်းသုံးမယ်လို့ သူကပြောခဲ့ တာပါ။

လက်ရှိမှာလည်း

Androidသုံးနေတဲ့ဖုန်းတွေက အတော်ကိုရောင်းကောင်းနေတော့ Nokia ကလည်း Badget အနေအထားအရ ဈေးကွက်ကြိုက်မယ့်ဖုန်းကို ထုတ်ရပြီပေါ့။ 
Android ကို 4.4(Kit Kat) Version သုံးမယ်လို့သတင်းထွက်နေပြီး Processor ကိုအကောင်းဆုံး 2 GHz Quad Core အမြန်နှုန်းရှိတဲ့ Snapdragon S4 Pro Processor ကိုအသုံးပြုပေးထားမှာပါ။

မျက်နှာပြင်ကိုလည်း Full HD ထောက်ပံ့ပေးထားတဲ့ ၅ လက်မ Super LCD3 နည်းပညာသုံးမျက်နှာပြင်ကိုသုံးပေးထားမှာပါ။ Nokia ရဲ့ အကြမ်းခံ မှုကိုလည်းကြိုက် Android ကိုလည်းလက်မလွှတ်ချင်သူတွေအတွက်တော့ ကွက်တိပါပဲ။   

အခုချိန်မှာ Android သုံးထားတဲ့Nokia ကိုပြန်ကိုင်မလားဆိုရင်တော့ ဘယ်လောက်ပဲ S4 ကြီးကောင်းနေပါစေ Newkia ကိုပြေးဝယ်မယ့်သူတွေ တန်းစိနေပါတယ် ။ 
Android Version အသစ်နဲ့ထွက်မယ် ဆိုတာကလည်း Nokia ကို Google ကပေးလိုက် တဲ့ အခွင့်အရေးတစ်ခုပါပဲ ။

ဒီအခွင့်အရေးကိုသာ မိမိရရNokia ကအသုံးချလိုက်မယ်ဆိုရင်တော့ တစ်ချိန်တုံးက Smart Phone လောကရဲ့ ဘုရင်နေရာကိုပြန်ရောက်သွားဖို့ အလားအလာတွေအများကြီးရှိနေပါတယ်။   

Leave a Reply

Note: Only a member of this blog may post a comment.

Subscribe to Posts | Subscribe to Comments

- Copyright © MCT - Date A Live - Powered by Blogger - Designed by Johanes Djogan -