Posted by : Unknown Friday, December 27, 2013


Clumsy Ninja game ဟာ warrior story ကို အခြေခံထားပြီး သူ့ friends Kira ကို ရှာဖို့ mission တွေနဲ့ ဆော့ကစားရတဲ့ game အမျိုးအစား ဖြစ်ပါတယ်။ game အစပိုင်းမှာ သူ့ရဲ့ Sensei ရဲ့ အကူအညီနဲ့ clumsy ကို XP တွေ မြန်မြန်တက်အောင် train ရမှာ ဖြစ်ပါတယ်။ XP တက်အောင်လုပ်ပြီးမှ နောက်ပိုင်းမှာ battle ဆိုင်ရမှာ ဖြစ်ပါတယ်။
၁. များများ train ပါ။XP ရှာဖို့နဲ့ level up ဖို့အတွက် အလွယ်ကူဆုံးနည်းလမ်းကတော့ train များများ လုပ်ပေးရမှာ ဖြစ်ပါတယ်။ train လုပ်နေစဉ်အတောအတွင်းမှာ training items တွေကို game က train လုပ်တဲ့အပေါ်မှာ မူတည်ပြီး unlock လုပ်ပေးမှာ ဖြစ်ပါတယ်။ အဲဒီတော့ XP များများရှာနိုင်ဖို့အတွက် မြန်မြန် train နိုင်မှ ဖြစ်မှာ ဖြစ်ပါတယ်။

၂. Repair လုပ်ဖို့အတွက် လုံးဝ ပိုက်ဆံမပေးပါနဲ့
သင် train လုပ်နေစဉ်အတောအတွင်းမှာ သင့်အတွက် item တွေ repair လုပ်ဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။ Clumsy Ninja က သင် repair လုပ်တဲ့အပေါ်မှာမူတည်ပြီး options တွေ ပေးမှာ ဖြစ်ပါတယ်။ option ရဖို့အတွက် coins ဒါမှမဟုတ် gems နဲ့ ၀ယ်ရမှာ ဖြစ်ပါတယ်။ အဲဒီလို မ၀ယ်မိစေဖို့တော့ ကျွန်တော်က recommend ပေးချင်ပါတယ်။ coins တွေနဲ့ gems တွေကို ဒီ့ထက်ကောင်းတဲ့နေရာမှာ အသုံးချဖို့ လိုအပ်သေးလို့ ဖြစ်ပါတယ်။ သင်ရဲ့ item တွေကို repair လုပ်ဖို့ အချိန်တစ်ခုပေးပြီး သင်ရဲ့ Sensei က repair လုပ်ပေးတာကို စောင့်လိုက်ပါ။ မဖြစ်မနေ gems တွေ coins တွေ ပေးပြီး repair လုပ်ဖို့လိုအပ်မှသာ ပေး လုပ်လိုက်ပါ။ ဒါပေမယ့် repair လုပ်ဖို့ gems တွေ coins တွေပေးရလောက်အောင် မလိုအပ်တာကို တွေ့ရတဲ့အတွက် အကောင်းဆုံးကတော့ gems တွေ coins တွေ ကို ပေးပြီး repair လုပ်တာကို လုံးဝ မလုပ်လိုက်ပါနဲ့။
၃. Gems ကို သုံးမယ့်အစား coins တွေကိုဘဲ ရသလောက်သုံးပေးပါ

Gems က ရဖို့ခက်ခဲတဲ့အပြင် အသုံးဝင်တဲ့အတွက်ကြောင့် coins တွေ gems တွေ ပေးစရာရှိတဲ့အခါမှာ ရွေးချယ်ခွင့်ရှိရင် coins ကိုဘဲပေးပြီး Gems တွေကို ချန်ထားပါ။ real money နဲ့ ၀ယ်ဖို့လိုအပ်လာတဲ့အခါမှာလည်း ဖြစ်နိုင်ရင် gems ကို ပဲဝယ်စေချင်ပါတယ်။ coins က game ကစားရင်းနဲ့ စုဖို့လွယ်တဲ့အတွက် real money နဲ့ coins တွေကို ၀ယ်မယ့်အစား gems ကိုပဲ ၀ယ်ဖို့ recommend ပေးချင်ပါတယ်။
၎. Gems ကို သုံးပြီး items တွေကို unlock မလုပ်ဘဲ level up ဖို့ပဲရွေးချယ်ပါ

သင်ဟာ items တွေကို unlock လုပ်ချင်တဲ့အခါမှာ gems တွေကိုသုံးပြီး unlock မလုပ်မိပါစေနဲ့။ level အနိမ့်ပိုင်းတွေမှာ unlock လုပ်ဖို့ coins တွေကိုပဲ သုံးစေချင်ပါတယ်။ သင်တစ်ကယ်လိုအပ်တဲ့အခါမှာ အသုံးပြုဖို့အတွက် gems တွေကို အတက်နိုင်ဆုံး ချွေတာပါ။

၅. XP တွေကို မြန်မြန်ရဖို့အတွက် ballons တွေကိုသုံးပါ

 Ballons တွေကို pop လုပ်ခြင်းအားဖြင့် သင့်ဟာ XP amount တစ်ခုရရှိမှာ ဖြစ်ပါတယ်။ သင်ဟာ ကံကောင်းရင် Sky ballon နဲ့ အစပိုင်းမှာတွေ့မှာ ဖြစ်ပါတယ်။ Sky ballon ကို pop လုပ်ရင် gems လေးခုရမှာ ဖြစ်ပါတယ်။ သင်ရမယ့် reward တွေဟာ အရမ်းကောင်းနေမယ်ဆိုရင်တော့ သင့်ရဲ့ gems တွေကို အသုံးပြုလိုက်ပါ။ level 9 ရောက်ရင် coins 25 နှစ်ခုနဲ့ blue ballons ၅ ခုကို အလဲအလှယ် လုပ်နိုင်မှာ ဖြစ်ပါတယ်။ level မြန်မြန် up ဖို့အတွက် ballons တွေကို အသုံးချခြင်းဟာ ဈေးသက်သာပြီး အလွယ်ကူဆုံး နည်းလမ်းတွေ ဖြစ်ပါတယ်။ ballons တွေကို coins နဲ့ပဲ ၀ယ်ပြီး pop များများလုပ်ပေးပါ။ အောက်မှာ ballon တစ်ခုစီကို pop လုပ်ရင် XP ဘယ်လောက်ရှာနိုင်ပြီး ဘယ်လောက်ကုန်ကျမယ်ဆိုတာကို ပြပေးထားပါတယ်။
  • Sky balloons – 25 coins for 5 or 4 gems for 10 – 430 XP
  • Natural balloons – 50 coins for 5 or 6 gems for 10 – 1,100 XP
  • Sensei balloons – 75 coins for 5 or 8 gems for 10 – 6,300 XP
  • Multicolored balloons – 100 coins for 5 or 10 gems for 10 – 10,000 XP
ကျွန်တော်ကတော့ level တက်တာနှေးနေတဲ့အခါမှာ ဒါမှမဟုတ် နောက် level မှာသုံးဖို့ item တစ်ခုကို unlock လုပ်ဖို့ လိုအပ်တဲအခါမှာ ballon တွေကို အသုံးများပါတယ်။ ဒီလိုလုပ်တာဟာ တစ်ကယ်လည်း လိုအပ်ပြီး အကောင်းဆုံးနည်းလမ်းလည်း ဖြစ်ပါတယ်။
6. game ကို မပိတ်ခင်မှာ training ကို ပြီးအောင်လုပ်ပါ
သင့်ရဲ့ Sensei က သင့်ရဲ့ items တွေကို repair လုပ်ပေးနေတဲ့အချိန်မှာ train လုပ်ပေးပါ။ ဒါဟာ XP နဲ့ coins တွေရှာဖို့အတွက် အကောင်းဆုံးနည်းလမ်းပါ။ game ကို မပိတ်ခင်မှာ သင့်ရဲ့ Sensei ကို items တွေကို repair လုပ်ခိုင်းပြီး ဘယ်လောက်ဘဲခက်ခက် coins နဲ့ gems တွေကို များများရှာပေးပါ။ ဒါဟာသင်ကိုယ်တိုင်လုပ်နိုင်တဲ့ အကောင်းဆုံး နည်းလမ်း ဖြစ်ပါတယ်။
၇. Quests တွေပြီးအောင် လုပ်သွားပါ




သင်ဟာ blue ballons တွေကို သုံးပြီး level မြန်မြန် up နိုင်ပေမယ့် quests တွေကို ပြီးအောင်လုပ်ဖို့ မမေ့ပါနဲ့နော်။ Quests တွေကိုပြီးအောင်လုပ်ပြီး coins တွေရှာပါ။ ကံကောင်းရင် gems တွေတောင်ရနိုင်မှာ ဖြစ်ပါတယ်။ သင့်ရဲ့ goal က level up ဆိုရင်တောင် quests တွေကိုတော့ level တိုင်းမှာ ပြီးအောင်လုပ်ပေးသွားပါ။
၈. သင့်ရဲ့ daily bonuses တွေကို စုဆောင်းပါ
သင်ဟာ သင့်ရဲ့ ninja ကို sleep လုပ်ပြီး ပြန်စော့တဲ့အခါတိုင်းမှာ daily bonus ရရှိမှာ ဖြစ်ပါတယ်။ Clumsy Ninja ကို သင်ကစားဖို့ အချိန်မရှိရင်တောင်မှ pop လုပ်ပြီး daily bonus တွေကို အတက်နိုင်ဆုံး စုပေးပါ။ သင့်ရဲ့ ninja ကို sleep သေချာလုပ်ပေးပါ။ အဲဒီလိုမလုတ်ရင် သင် daily bonus တွေကို ရရှိမှာ မဟုတ်လို့ ဖြစ်ပါတယ်။ အနည်းဆုံး level 7 လောက်မှာ coins တစ်ထောင်လောက်ရအောင် ကြိုးစားလိုက်ပါ။
၉. တစ်ခြားဟာတွေ fail ဖြစ်ရင်တောင် ninja နဲ့ များများ play ပေးပါ
Ninja နဲ့ interact များများလုပ်ပေးပါ။ များများကစားပေးပါ။ အဲ့ဒီနည်းနဲ့ XP တွေကို စုစည်းပါ။ သင် quests တွေကို မလုပ်နိုင်ရင်တောင် ninja နဲ့ များများ play လုပ်ပေးပါ။
၁၀. Animals တွေကို စုလို့ရနိုင်သလောက်စုပါ
သင် level 10 လောက်မှာ ပထမဆုံး animal အနေနဲ့ chicken ကို စတွေ့မှာ ဖြစ်ပါတယ်။ သင် animals တွေကို စုလို့ရနိုင်သလောက်စုပါ။ animals တွေဟာ သင်ဘာမှမလုပ်ဘဲ သူတို့ကိုရောင်းပြီး coins ရှာနိုင်တဲ့အတွက် သူတို့ကို သင့်ရဲ့ investment  အနေနဲ့ ပြန်လည်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သင်များများ animals တွေကို တက်နိုင်သလောက်စုပေးပါ။



Leave a Reply

Note: Only a member of this blog may post a comment.

Subscribe to Posts | Subscribe to Comments

- Copyright © MCT - Date A Live - Powered by Blogger - Designed by Johanes Djogan -