- Back to Home »
- Genaral Mobile Knowledge »
- Like အစား Sympathize Button ကိုထည့်သွင်းအသုံးပြုမည်
Posted by : Unknown
Thursday, December 26, 2013
လူမှု ကွန်ရက်တစ်ခုဖြစ်သော Facebook website မှာ အချိန်တိုအတွင်း အောင်မြင်မှု ရှိလာခဲ့သလို လက်ရှိတွင်လည်း လူသုံး အများဆုံး ဆိုဒ် တစ်ခု အဖြစ် ရပ်တည်လျက်ရှိနေသည်။ အဆိုပါ Facebook တွင် တင်ထားသည့် ပိုစ့်များထဲမှ မိမိ နှစ်သက်သဘောကျသော ပိုစ့်ကို like လုပ်ပေးနိုင်မည့် button ကိုထည့်သွင်းမှုမှာ ထင်ရှားသည့် လက္ခဏာ တစ်ရပ်ပင် ဖြစ်သည်။သို့ရာတွင် အဆိုပါတင်ထားသည့် အကြောင်း အရာ post များတွင် ကြည့်ရှုသူ၏ စိတ်ခံစားမှုတွင် ၀မ်းနည်းဖွယ်ရာ ဖြစ်ပေါ်စေသောခံစားမှုမျိုးပါဝင်နေသော်လည်း သဘောကျနှစ်သက် သည့် Like button ကိုသာထောက်ခံမှု အဖြစ် အသုံးပြုနေကြသည်။ထိုနေရာတွင် ၀မ်းနည်း ပူဆွေးမှုကို ကိုယ်စားပြုပေးနိုင်မည့် Sympathize Button ကိုထည့်သွင်းပေးရန် အကြံပေး တောင်းဆိုမှုများ ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ Huffington Post ၏ပြောပြချက် အရ ယခုတောင်းဆိုမှုကို
Facebook ကပြောင်းလဲလုပ်ဆောင်ပေးရန် စီစဉ်နေခြင်းမဟုတ်ဘဲ ပြင်ပ အတိုင်းအတာတစ်ရပ်အနေဖြင့် ထောက်ပြတောင်းဆိုခြင်းအဆင့်သာ ရှိနေသေးသည်။Facebook ၏ အင်ဂျင်နီယာတစ်ဦးဖြစ်သူ DAn Muriello က ၄င်းတို့ website ၏ Like button နေရာတွင်Sympathize button ဖြင့်လိုက်ဖက်မှုရှိသည့် ပိုစ့်များတွင် ထည့်သွင်း အသုံးပြုခြင်းကို လုပ်ဆောင် နိုင်စေမည်ဟုထုတ်ဖော်ပြောဆိုထားသည်။၎င်း၏ ပြောဆိုချက်အရ Sympathize Button ထည့်သွင်းရန် အကြံပေးမှုနှင့်ပတ်သက်ပြီး company အတွင်းရှိ ၀န်ထမ်းများကလည်း လိုလားသည့် ထောက်ခံမှုများပြုလုပ်ထားကြသည်ဟု ဆက်လက်သိရှိခဲ့ရသည်။သို့ရာတွင် ၄င်းတို့အနေဖြင့်အဆိုပါ အသုံးပြုမှုစနစ်သစ်ကို လုပ်ဆောင်ရန်မှာ အချိန်မကျသေးဟု ဆုံးဖြတ်ခဲ့သည့် အတွက် လက်ရှိတွင် Like Button ကိုသာ ဆက်လက်သုံးစွဲရဦးမည်ဖြစ်သည်။