Posted by : Unknown Tuesday, January 7, 2014



ပထမဦးစွာcircuit ကိုပုံပါအတိုင်းsupply နှင့်တပ်ထားရပါမည်။
ထိုသို့တပ်ထားသည့်အနေအထားတွင်အောက်ဖေါ်ပြပါ conector တွင် 1.4V ရှိ/မရှိ ပထမဦးစွာ စစ်ရပါမည်။ထို့နောက် circuit တွင်ရှိသော power key ၏ pin ငုတ်ကိုသွားပါ။၎င်း pin ငုတ်လေး အကြောင်းနည်းနည်းပြောချင်ပါတယ်။
အစွန်းနားလေးတွင်ရှိသော pinသည်socket၏ပါဝါခလုတ်အလယ်သို့ရောက်ပါသည်။

ထိုပါဝါခလုတ်၏ဘေးအဝိုင်းသည်ground ဖြစ်ပါသည်။အဓိပ္ပါယ်ကတော့ပါဝါနိုးရန် power IC မှထွက်လာသည့်signalကိုground ချပေးလိုက်ခြင်းသာဖြစ်ပါသည်။ပါဝါခလုတ်နှိပ်လိုက်လျှင်3.7Vမှ0V ပြောင်းခြင်းကိုသိရှိရန်အတွက်supplyတွင်testဘက်သို့လှည့်၍ test မီတာတိုင်းရန် လက်တံအနီဖြင့်ထောက်ရပါမည်။ထိုအခါsupplyမှvoltကြည့်သည့်digitalဒိုင်ခွက် တွင်ပါဝါမနိုးမှီ 3.7V ပြနေပြီး၊ ပါဝါနိုးသည်နှင့် 0V သို့ပြောင်းပြခြင်းဖြင့် Power ic ပါဝါခလုတ်သို့တစ်လိုင်း၊transistorသို့တစ်လိုင်းဆက်သွယ်မှု့ကောင်းမွန်ကြောင်းစစ်ရန်လိုအပ်ပါသည်။
အထက်ပါ 3.7V မှ 0V ပြောင်းသည့် လိုင်းနှင့် 3.4V ထွက်သည့်လိုင်းသည်power icမှထွက်လာသောလိုင်းဖြစ်သည်။ ထိုနေရာvoltများမတွေ့ပါကtransistorပျက်လျှင်၊ ၎င်း ဘေးမှ diode ပျက်လျှင်၊ထိုvoltများကိုတွေ့ရမည်မဟုတ်ပါ။ထို့အတူ power ic ခဲလွတ်ခြင်းနှင့်ပျက်ခြင်းတခုခုဆိုလျှင်လည်းထိုvoltကိုတွေ့ရမည်မဟုတ်ပါ။စက်နိုးပြီဆိုရင်တော့ 3.4vနေရာမှာ3.6v,3.7vရှိလာပြီး0vသို့ပြောင်းသည့်နေရာတွင် တောက်ရှောက် 0v အဖြစ်
ရောက်သွားပါမည်။ အားလုံးကောင်းပြီဆိုလျှင် ဆက်သွားပါမည်။
အထက်ပါပုံထည်းကအတိုင်း volt များရှိ/မရှိ စစ်ရပါမည်။ထိုနေရာများတွင် 3.6V/3.7Vပြနေမည်ဆိုပါက power ic ခဲချက်များလွတ်နေခြင်းဟု သတ်မှတ်ပါမည်။ဒါမှမဟုတ်မည်သည့်volt မှမပြပဲရှိနေလျှင်batteryconector မှtransistor,diodeတို့ကြောင့် ဖြစ်ပါသည်။
3.3Vပြရမည့်အစားတလုံးသို့မဟုတ်နှစ်လုံး၊သုံးလုံးလောက်က0Vဖြစ်နေခဲ့လျှင်ထို 0V ပြနေသောအစိတ်အပိုင်းများ
shortကြောင့်သာဖြစ်သည်။ထို 0V ပြနေသည့် အပိုင်းကို ဖြုတ်လိုက်လျှင် အစားထိုးပြန်မတပ်မှီ ထိုနေရာများတွင်3.6V,3.7V ကို တွေ့ရမည်ဖြစ်ပြီးအစားထိုးတပ်၍ ပြန်တိုင်းမည်ဆိုလျှင် 3.3V,3.4V ကိုပြန်တွေ့ရပါလိမ့်မည်။
3.3Vပြရမည့် အစားတလုံးသို့မဟုတ်နှစ်လုံး၊သုံးလုံး လောက်က0Vဖြစ်နေခဲ့လျှင်ထို0Vပြနေသောအစိတ်အပိုင်းများshortကြောင့်သာဖြစ်သည်။
ထို0Vပြနေသည့်အပိုင်းကိုဖြုတ်လိုက်လျှင်အစားထိုးပြန်မတပ်မှီထိုနေရာများတွင်3.6V,3.7Vကိုတွေ့ရမည်ဖြစ်ပြီးအစားထိုးတပ်၍ ပြန်တိုင်းမည် ဆိုလျှင် 3.3V,3.4Vကိုပြန်တွေ့ရပါလိမ့်မည်။ဒီအပိုင်းအားလုံးအဆင်ပြေပြီဆိုလျှင်crystalကိုဆက်စစ်ပါမည်။
စက်တလုံးနိုးခြင်းမနိုးခြင်း၏အရေးအကြီးဆုံးအစိတ်အပိုင်းဖြစ်သည်။ထိုcrystal အလုပ်မလုပ်လျှင် လုံးဝ နိုးမည် မဟုတ်ပါ။အောက်ကပုံကိုကြည့်ပါ....မမြင်ရပါက ပုံကြီးချဲ့ကြည့်ပါ...

32.768 KHz လှိုင်းကို ထုတ်ပေးပါသည်။XTAK32_IN ဆိုသောဘက်တွင်00.1v,00.2v တခုခုရှိနေရပါမည်။ထိုနေရာvolt မတွေ့ခဲ့လျှင်Power ic မှ oscillation မထွက်ခြင်း သို့မဟုတ် C321 short ဖြစ်နေခြင်းတို့ကြောင့်ဖြစ်ပါသည်။
ပါဝါခလုတ်မနှိပ်မှီ XTAL32K_OUT ဆိုသောဘက်သို့ supply test ဘက်မှလက်တံအနီကို
ထောက်ထားပြီးပါဝါခလုတ်နှိပ်ပါ။ထိုအခါcrystalကောင်းမည်ဆိုပါကထိုနေရာတွင်စက္ကန့်ပိုင်းလောက်00.1V,00.2Vကိုတွေ့ရပါလိမ့်မည်။အမှန်တကယ်crystalကောင်မကောင်းဆိုသည်မှာ Oscilloscope ဖြင့်တိုင်းမှအတိအကျသိနိုင်ပါသည်။အခု နည်းလမ်းမှာ 
အဆင်အပြေဆုံးနှင့်အလွယ်ကူဆုံး ဟု့ပြောရပါလိမ့်မည်။
 အကယ်၍ XTAL32K_OUTတွင်voltမတွေ့ခဲ့လျှင် crystal ပျက်ခြင်း သို့မဟုတ် C320 short
ကျခြင်းတို့ကြောင့်ဖြစ်ပါသည်။၎င်းတို့ကိုလဲပေးလိုက်လျှင် အားလုံးအဆင်ပြေပြီး အောက်ပါ
ပုံအတိုင်း volt ထွက် တွေ့ရပြီဆိုလျှင်၎င်း စက်သားသည် ကောင်းမွန်စွာ နိုးနေခြင်းကို
တွေ့ရပါလိမ့်မည်။
circuit တွင်နိုးသွားသည်ဆိုသည်နှင့်ပထမပြနေသော3.3v/3.4v တို့သည် အသီးသီ3း.6v/3.7v
သို့ပြောင်း၍ power ic မှထပ်မံထွက်လာသောvolt အသီးသီးကိုတွေ့ရှိရမည်ဖြစ်သည်။
ထိုကဲ့သို့ volt အသီးသီးကို စုံလင်စွာတွေ့ရှိမှသာ ပထမအဆင့်စက်နိုးသုံးသပ်ချက်ရရှိပါမည်။
ဒုတိယသုံးသပ်ချက်ကို ဆက်လေ့လါပါမည်။ဒီအပိုင်းကတော့ cpu နှင့် emmc အပိုင်းပါ။အောက်က
ပုံမှာတွေ့ရသလို volt များထွက်ခြင်းရှိ-မရှိကိုစစ်ရပါမည်။
ဒီအပိုင်းကို စစ်ကြည့်ရခြင်းအကြောင်းရင်းမှာ-တချို့သောစက်များတွင် ပါဝါခလုတ်သို့ 1.4v
ထွက်ရှိသော်လည်းစက်နိုးလိုက်လျှင် 0.3 amp အထိတက်ပြီး ပြန်လွှတ်လျှင် amp ပြန်ကျခြင်းနှင့်
transistor 0v ပြောင်းမည့်ငုတ်တွင် 3.7v ထွက်ရမည့်အစား volt လုံးဝမရှိခြင်း။
Power ic တွင် မူရင်းရှိရမည့် 3.3v/3.4v တို့အစား 3.6v/3.7v တို့ကိုသာတွေ့ရှိခြင်း။ တချို့စက်
များတွင်amp တက်လိုက်ကျလိုက်ရှိနေပြီး ရုတ်တရက်ကြည့်လျှင်စက်နိုးသည်ဟုထင်ရသော်လည်း
Display ရုပ်မပေါ်သည့်အခါ backlight အပိုင်းကို လွဲမှားစွာ ကိုင်တွယ်မိခြင်းကြောင့်အဆင်မပြေ
သည် များကြုံရသည့်အတွက် cpu နှင့် emmc အပိုင်းသို့ volt ထွက်စစ်ကြည့်၇ခြင်းဖြစ်ပါသည်။
တချို့သောစက်များတွင်power ic ဝန်းကျင်တွင် 3.6v,3.7v ကိုသာ တွေ့ရပြီး0v ပြောင်းရမည့် transistorငုတ်တွင်လည်းမည်သည့်voltမှမတွေ့ပဲရှိနေပြီးpowerခလုတ်တွင်1,4vထွက်ပြီးpower
နိုးလျှင်0.3ampလောက်တက်ပြီးပြန်လွှတ်လျှင်ampပြန်ကျသောစက်များသည် 
poweric reheat လုပ်ခြင်းနှင့်ဖြေရှင်းနိုင်သော်လည်း များသောအားဖြင့် crystal မဆွဲတော့သည့်အတွက် power ic လဲမှသာလျှင် ကောင်းသည်ကိုတွေ့ရပါသည်။

အခုလို သဘောကို နားလည်ပြီဆိုရင်တော့ မိမိကိုင်သောစက်သည် နိုးမည်။မနိုးဘူးဟူသော
သဘောကို ရပြီဟု ထင်ပါသည်။ထိုက်သင့်သလောက်နားလည်သွားသည်နှင့် မည်သည့်စက်ကို
မဆို ချင့်ချိန်စွာ ကိုင်နိုင်လာလိမ့်မည်ဟုယုံကြည်ပါသည်။တတ်သလောက်တွေ့ သလောက်သာ ပြန်ရှယ်ပေးသောကြောင့် အမှားပါခဲ့သည်ရှိသော် ပြန်လည် အကြံပြုပေးနိုင်ပါတယ် ခင်ဗျာ။

မှတ်ချက်။   ။ယခု နမူနာ ပြထားသော ပုံများမှာ Hawei U8825 ၏ circuit များဖြစ်ပါသည်။

Leave a Reply

Note: Only a member of this blog may post a comment.

Subscribe to Posts | Subscribe to Comments

- Copyright © MCT - Date A Live - Powered by Blogger - Designed by Johanes Djogan -