Posted by : Unknown Friday, February 7, 2014


အနာဂတ်က ကြယ်စင်လေးတွေလို တင်စားခံရတဲ့ ကလေးတွေအတွက် သတင်းဖြစ်ပါတယ်။
ခေါင်းစဉ်က ကမ္ဘာကြီးကိုပိုကောင်းမွန်အောင် ဘယ်လိုလုပ်မလဲတဲ့။
အနိင်ရရှိသူက စကောလာရှစ် ဒေါ်လာ ၃သောင်းအပြင် ဆုကြေး ဒေါ်လာ ၅သောင်းကို ရရှိမှာ ဖြစ်ပါတယ်။
တောက်ပလာမဲ့ အနာဂတ်ကြယ်လေးတွေဖြစ်တဲ့ ကလေးတွေကို ရည်ရွယ်ကာ
Grades K-3
Grades 4-6
Grades 6-7
Grades 8-9
Grades 10-12
အစရှိတဲ့ အတန်းတွေက ကလေးတွေပါဝင်ယှဉ်ပြိုင်နိင်တယ်လို့ သိရပါတယ်။
အနိင်ရရှိသူရဲ့ ခဲခြစ် Google Theme ကို Google Search engine ရဲ့ Home page မှာ ဖော်ပြပေးမှာ ဖြစ်ပါတယ်။
ဖောင်တွေကို မတ်လ ၂၀ရက်နေ့ နောက်ဆုံထားကာ ပေးပို့ရမှာ ဖြစ်ပြီး
စကာတင် အယောက် (၅) ကို ဧပရယ်လ ၂၉ ရက်နေ့တွင် ကြော်ငြာပေးကာ
မေလ (၂၁)ရက်နေ့မှာတော့ ပထမဆုရရှိသူကို သိရမှာ ဖြစ်ပါတယ်။
ဖောင်ရယူခြင်းနဲ့ အသေးစိတ်အချက်အလက်များကို အောက်ပါလင့်တွင် ၀င်ရောက်ကြည့်ရူလေ့လာနိင်ပါတယ်။
လျှောက်လွှာတွေကို မိဘတွေ၊ အတန်းပိုင်ဆရာမတွေက တင်ပြစီစဉ်ပေးနိင်ပြီး ပါဝင်ယှဉ်ပြိုင်သူတစ်ယောက်လျှင် လျှောက်လွှာတစ်ခုသာလက်ခံမှာ ဖြစ်ပြီး
ပိုပြီး ပိုပါက အကျုံးဝင်မှာ မဟုတ်ပါဘူး။အပြင်မှာ ရေးဆွဲပြီး Scan ဖတ်ကာ PDF ဖိုင်နဲ့ ပို့ပေးနိင်ပြီး ဓာတ်ပုံဆိုရင်တော့ အရည်အသွေးကောင်း
ကောင်းရှိတဲ့ ဓာတ်ပုံ ( အနည်းဆုံး 300dpi ) ရှိရမှာလို့ သိရပါတယ်။
ညာဘက်ထောင့်အောက်နာကးကကြောငြာတွေကိုကလစ်နှိပ်ကြည့်ရှုပေးခြင်းဖြင့် ပြန်လည်ကူညီနိုင်ပါတယ်။

Leave a Reply

Note: Only a member of this blog may post a comment.

Subscribe to Posts | Subscribe to Comments

- Copyright © MCT - Date A Live - Powered by Blogger - Designed by Johanes Djogan -