- Back to Home »
- Other Knowledge »
- လူငယ်လုပ်ငန်းရှင်တွေအတွက် ရိုးရှင်းလွယ်ကူပြီး နေ့စဉ်ဘ၀ကို ဖြတ်သန်း နိုင်မယ့် နည်းလမ်းတစ်ချို့
Posted by : Unknown
Sunday, February 9, 2014
လူငယ်လုပ်ငန်းရှင်တွေအတွက် အချိန်ဆိုတာ ငွေပါပဲ။ သူတို့တွေဟာ တစ်နေ့တာ အတွင်းမှာ များပြားလွန်းတဲ့ အလုပ်တာဝန်တွေကို လုပ်ဆောင်နေရပါတယ်။ ဒါ့ကြောင့်လည်း တစ်ခါတစ်ရံမှားယွင်းတဲ့ အခြေအနေများ ဖြစ်နိုင်သလို နေ့နဲ့ည ပြောင်းပြန်ဖြစ်နေရတဲ့ အကြိမ်ပေါင်းလည်း မနည်းကျပါဘူး။ ဒါကြောင့် လူငယ်လုပ်ငန်းရှင်တွေအတွက် ရိုးရှင်းလွယ်ကူပြီး နေ့စဉ်ဘ၀ကို ဖြတ်သန်း နိုင်မယ့် နည်းလမ်းတစ်ချို့ကို ရေးသားဖော်ပြလိုက်ပါတယ်။
ရိုးရှင်းသည့် သင့် နေ့စဉ်ဘ၀ ကို ဖန်တီးခြင်း
- အတိတ်ဟောင်းများကို မေ့ထားလိုက်ပါ။
- သင် မကြိုက်နှစ်သက်သည့် အကြောင်းအရာများကို ငြင်းဆိုရန် ၀န်မလေးပါနှင့်။
- ပြီးပြည့်စုံသော သူဖြစ်ခြင်းဆိုသည့် စိတ်ကို ဖျောက်ပါ။
- နှလုံးသားရေးရာ အဆင်မပြေမှုတွေကို မေ့ထားပါ။
- ကိုယ်လေးစားအားကျတဲ့ ပုဂ္ဂိုလ်များရဲ့ ပုံစံကို အနည်းငယ်သာ အတုခိုးပါ။ (တပါးသူ မရိပ်မိပါစေနဲ့)
- ဖြစ်နိုင်သမျှ ဖုန်းပိတ်ထားပါ။
- မိမိကို အရေးမစိုက်သူများ/မတည့်သူများကို မပေါင်းသင်းပါနှင့်။
- ရိုးရှင်းတဲ့ formal အ၀တ်အစားများကို ၀တ်ဆင်ပါ။
- လမ်းများများလျှောက်ပါ။
- နှေးနှေးပြေးပါ။ ဒါမှ သင့်ပန်းတိုင်ကို အမြန်ရောက်မှာပါ။

မနက်စောစောထနိုင်ရန်အတွက်
- မနက်စာအတွက် ကြိုစဉ်းစားထားပါ။
- အိပ်ချိန်အတွင်း အခန်းတစ်ခုလုံး အမှောင်ချထားပါ။ (အမှောင်ချထားခြင်းက အိပ်ချင်စိတ်ကို ဖြစ်စေမှာပါ)
- အိပ်ရာမ၀င်ခင် ရေတစ်ခွက်သောက်ပါ။
- မနက်အတွက် အရေးကြီးဆုံး အစီအစဉ်များကို ပြင်ဆင်ပါ။ (ဒါမှ မနက် စောစောထဖို့အတွက် ရင်ခုန်ရမှာ)
- ဖုန်းကို ပိတ်ထားပါ။
- မအိပ်ခင် စာဖတ်ခြင်းဟာလည်း ကောင်းတဲ့ အလေ့အထပါ။ (စာအုပ်ကို ဆိုလိုခြင်းဖြစ်ပြီး ebook မဟုတ်ပါ)
- အခန်းတွင်းအပူချိန်ကို ထိန်းညှိပါ။ (လူတစ်ယောက် အိပ်လို့ အကောင်းဆုံး အပူချိန်ကတော့ 16-21 Celsius ဖြစ်ပါတယ်)
- နှိုးစက်ကို ခပ်ဝေးဝေးမှာထားပါ။ (ဒါမှ အလွယ်တကူ ပိတ်လို့ မရမှာ)

အလုပ်တွင်အောင် ဘယ်လိုလုပ်မလဲ ?
- အကြောင်းအရာတစ်ခုတည်းကိုသာတွေးပါ (လူသာမန်တစ်ယောက်ဟာ နေ့စဉ် ပျှမ်းမျှ အကြောင်းအရာပေါင်း ၇၀၀၀၀ ကျော်ကိုတွေးပါတယ် လို့ ပညာရှင်များကဆိုထားပါတယ်။ ဒါကြောင့် ကောင်းတဲ့ အရာတွေကိုပဲ ရွေးတွေးပါ။ အကျိုးရှိမယ့်အကြောင်းတွေကိုသာရွေးတွေးပါ။)
- အခန်းအလင်းရောင်ကို အမြင့်ဆုံးထားပါ။
- ဂီတကို နားဆင်ရင်း အလုပ်လုပ်ပါ။
- ပထမ ၁၅ မိနစ်အတွင်း စလုပ်တဲ့ အကြောင်းအရာ မှန်သမျှကို ဘယ်တော့အခါမှ မေးခွန်းမမေးပါနဲ့။
- email ပေးပို့ရာမှာ စာလုံးရေ စုစုပေါင်း ၁၄၀ မှ ၂၀၀ ကြားသာရေးသားပေးပို့ပါ။ မလိုတဲ့ အကြောင်းအရာများ မဖောင်းပွပါစေနဲ့။
- သင့် အလုပ်စားပွဲကို ရှင်းလင်းနေအောင်ထားပါ။ (သန့်ရှင်းနေသည်ထက် မရှုပ်ပွဖို့ အရေးကြီးပါသည်)

မြန်မြန်ဆန်ဆန် ဘယ်လို တွေးမလဲ ?
- မရေရာမှုများဖြစ်နေရင် 1st thought ပထမအတွေးကို ယုံကြည်လိုက်ပါ။ လူတွေရဲ့ စိတ်ထဲမှ ပေါ်လာတဲ့ အကြောင်းတွေထဲမှာ ပထမဆုံးအတွေးက အမှန်ကန်ဆုံးဖြစ်လို့ပါ။
- သင်တွေးနေတဲ့ အချိန်မှာ အကြောင်းအရာတစ်ခုကို ကြိမ်ဖန်များစွာ ပြုလုပ်။ (ဥပမာ ဘောပင်လှည့်ခြင်း)
- တခြားတစ်ဖက် ပုဂ္ဂိုလ်မှ အသံတိတ်နေတဲ့ အချိန်ဆိုတာ သူစဉ်းစားကောင်း စဉ်းစားနေမှာပါ။ ဒါပေမဲ့ သင်က သူ့အစား အသံကို ထပ်ဖြည့်ပေးဖို့ မလိုပါဘူး။ သင်လည်း သူ့လို စဉ်းစားပါ။ စကားမကျွံပါစေနှင့်။
- “ဟုတ်ကဲ့ပါ… ပြီးတော့ရော” ဆိုတဲ့ စကားကို သုံးပေးပါ။ ဘာကြောင့်လဲဆိုတော့ သင့်အတွက် အမှားဖြစ်သွားခဲ့ရင်တောင် နောက်တစ်ကြိမ်စဉ်းစား သုံးသပ်ခွင့်ရမှာ မလို့ပါ။