- Back to Home »
- android firmware restore & upgrade , Huawei firmware »
- Huawei G700-U00 (B142 & B 136 )firmware တင်နည်း
Posted by : Unknown
Saturday, February 15, 2014
ပထမဦးဆုံး firmware တင်ဖို့ လိုအပ်တဲ့ firmware ဖိုင်လေးကိုဒေါင်းလိုက်ပါ။
မိမိကြိုက်နှစ်သက်ရာတင်နိုင်ဖို့ firmware ဖိုင် နှစ်မျိုးစလုံးကို
မူရင်းလင့်ခ်ကနေ တင်ပေးလိုက်ပါတယ်။
ပေးထားတဲ့လင့်လေးကိုနှိပ်ပြီး ငါး စက္ကန့်အကြာပေါ်လာတဲ့ skip Ad ဆိုတာလေးကိုနှိပ်လိုက်တာနဲ့
ဒေါင်းလုတ်တန်းကျလာပါလိမ့်မယ်။
Ascend G700 固件(G700-U00,Android 4.2,Emotion UI,V100R001CHNC17B142,中国联通)
Ascend G700 固件(G700-U00,Android 4.2,Emotion UI,V100R001CHNC00B136,联通渠道)
ရရှိလာတဲ့ zip file ကို ဖြည်လိုက်ပြီး dload ဆိုတဲ့ဖိုင်လေးကိုရှာပါ။ မမ်မိုရီကဒ်အလွတ်တစ်ခုထဲကိုထည့်ပါ။
ဖုန်းကို ပါဝါပိတ်လိုက်ပါ။
(firmware တင်ဖို့ ဖုန်းဘက္ထရီ ကိုအားအပြည့်သွင်းထားပါ)
ပါဝါပိတ်ပြီး ငါးစက္ကန့်ခန့် ဓါတ်ခဲဖြုတ်ထားပါ။
ဓါတ်ခဲပြန်တပ်ပြီး Vol+ နဲ့ Power ခလုတ်ကို ငါးစက္ကန့်ခန့်တွဲပြီးဖိထားပါ။
Android system recovery ထဲကိုရောက်သွားပါလိမ့်မယ်။
အဲဒီအထဲက Apply update from SD ကို vol- ဖြင့်သွားပြီး
Power ခလုပ်ကိုနှိပ်ပီးရွေးပေးပါ။
ခုဏက SD ကဒ်ထဲထည့်ထားတဲ့ dload ဖိုင်ကိုတွေ့ရင်
အဲဒါကို Power ခလုတ်နှိပ်ပြီး ရွေးပေးပါ။
သူ့ကိုယ်သူ ဆော့ပ်ဝဲလ်ရေးနေတာတွေ့ရပါလိမ့်မယ်။
အမှန်ခြစ်လေးနဲ့ OK ဆိုတာလေးပေါ်လာရင် firmware တင်ခြင်းပြီးဆုံးပါပြီ။
reboot system ကို Power ခလုပ်နဲ့ နှိပ်ပေးလိုက်ရင်
ဖုန်းက reboot ကျသွားပါလိမ့်မယ်။
ပါဝါပြန်တက်လာရင်တော့ firmware ရေးခြင်းပြီးဆုံးသွားပါပြီ။