Posted by : Unknown Saturday, February 8, 2014

 
Galaxy Mega ကို အမြစ်မနုတ်ခင် လိုမဲ့ Data လေးတွေကို အရင်ဆုံး ဒေါင်းထားကြပါခင်ဗျာ အားလုံးစုံမှ ရှေ့ဆက်ကြပါမယ်...:P

Odin
>> Download <<
GT-I9152-recovery
GT-I9205-recovery
Update-SuperSU
>> Download<<
လိုအပ်တာလေးတွေ ဒေါင်းပြီးသွားပြီဆိုရင်တော့ ဖုန်းကို အားပြည့်အောင်သွင်းထားပါ။ အားပြည့်သွားရင် unknown source နဲ့ Debug ကိုOn ပြီး ဖုန်းကိုပါဝါပိတ်လိုက်ပါ။ ပြီးရင် ဖုန်းရဲ့ ဘက်ထရီခဏထုတ်လိုက်ပါ ပြီးရင် ပြန်တပ်ပါ။
Downloading Mode ကိုသွားရန်အတွက် Vol down + Home + Power ကိုနှိပ်ပါ တတ်လာပြီဆိုရင်တော့ vol up တစ်ချက်နှိပ်လိုက်ပါ။
ပြီးရင်တော့ Odin ကိုဖွင့်ပြီး pda နေရာမှာ အမှတ်ကလေးပေးပြီး မိမိဖုန်းနဲ့သက်ဆိုင်တဲ့ Recovery.tar လေးကိုထည့်ပေးလိုက်ပါ။ သတိထားရမှာက auto reboot နဲ့ F.reset Time ကိုပဲအမှတ်ခြစ်ပါ re-partition ကို အမှတ်မခြစ်ပါနဲ့ အောက်က ပုံလေးအတိုင်းပါ driver သိတယ်ဆိုင် ID-Com မှာ အရောင်လေးပြနေမှာဖြစ်ပါတယ် မပြရင် မသိလို့ပါ driver install ပြန်လုပ်ပါ ခင်ဗျာ။ အားလုံးပြည့်စုံတယ်ဆိုရင်တော့ Odin ရဲ့ start ဆိုတာလေးကို နှိပ်လိုက်ပါ။
 Odin မှာ pass messange ကလေးမြင်ရရင် ဖုန်းကို ကြိုးမဖြုတ်ပါနဲ့အုံး boot တတ်တဲ့အထိစောင့်ပါခင်ဗျာ ဖုန်းက ပုံမှန်တတ်လာမှ ဖြုတ်ပါ။
Root လုပ်ရန်အတွက် နောက်တဆင့် ဆက်လုပ်ပါ့မယ် ဒေါင်းပြီးရလာသောဖိုင်ထဲက UPDATE-SuperSU-v1.34.zip ဖိုင်လေးကို phone ထဲကိုထည့်လိုက်ပါ။ ပြီးရင် ပါဝါပိတ်လိုက်ပါ။ recovery mode ကို သွားရန်အတွက်ကတော့ vol up+ Home + power 5 စက္ကန့်လောက်နှိပ်ထားပါ recovery mode တတ်လာပါလိမ့်မယ် ပြီးသွားရင်တော့ volume down နဲ့အောက်ဆင်းပြီး install zip from sdcard> choose zip from sdcard ကနေ ဖုန်းထဲထည့်ထားတဲ့ update-superSU ဆိုတာလေးကိုရွေးပြီး yes ကိုနှိပ်လိုက်ပါ ပြီးသွားရင်တော့ go back to main menu and select “reboot system now” ဆိုတာလေးကိုရွေးပြီး နှိပ်ပေးလိုက်ပါ။
စမ်းသပ်ပြီး ပြုလုပ်ကြည့်ချင်တဲ့သူငယ်ချင်းများအတွက် တင်ပေးလိုက်တာဖြစ်ပါတယ် အဆင်မပြေတာများရှိရင်လည်း ပြန်လည်ပြီး comment လေးမှ အကြောင်းပြန်ပေးပါခင်ဗျာ 

Leave a Reply

Note: Only a member of this blog may post a comment.

Subscribe to Posts | Subscribe to Comments

- Copyright © MCT - Date A Live - Powered by Blogger - Designed by Johanes Djogan -