- Back to Home »
- computer နှင့်ပတ်သက်သမျှ »
- Windows Folder Size ကို လျော့ချနည်း
Posted by : Unknown
Thursday, February 20, 2014
window Operating System ဟာ ကမ္ဘာပေါ်မှာ လူသုံးအများဆုံး OS တစ်ခုဖြစ်သလို တိုက်ခိုက်ခံရမှု
အများဆုံး OS တစ်ခုလည်းဖြစ်ပါတယ်။ ပုံမှန်ကတော့ Windows အနေနဲ့ သူ့ရဲ့ system file နဲ့ data file
တွေကို partition သက်သက်စီ ထားဖို့ တိုက်တွန်းထားပါတယ်။ ဒါမှ အလွယ်တကူ Data management
တွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ OS ကို အသုံးပြုတာ အချိန်တွေ ကြာလာတာနဲ့ အမျှ Windows
တင်ထားတဲ့ partition ဟာလည်း backup files, temporary files တွေနဲ့ များများလာပါတယ်။ ဒီ
ပြဿနာကို အသုံးပြုသူတော်တော် များများ ကြုံတွေ့ဖူးကြမှာပါ။ HDD တွေကို အသုံးပြုသူတွေ အတွက်က
Storage space က အကြောင်းမဟုတ်ပေမယ့် SSD ကို အသုံးပြုသူတွေအတွက်ကတော့ Free Space က
အလွန်တန်ဖိုးထားရပါတယ်။ ဒါကြောင့် အောက်မှ ပြောပြမယ့် နည်းလေးကို အသုံးပြုပြီးတော့ Windows
folder တွေရဲ့ Size ကိုလျော့ချပြီး Free Storage space တွေကို ရရှိနိုင်မှာပါ။
Disk Cleanup ကို အသုံးပြုပါ
ဒါကတော့ ရိုးရှင်းပြီး အလွယ်ကူဆုံး နည်းလမ်းတစ်ခုပါ။ Windows မှာ built-in ပါတဲ့ ဒီ Utility လေးကို
အသုံးပြုချင်တယ်ဆိုရင်တော့ partition တစ်ခုခုပေါ်မှာ Right Click နှိပ် ပြီးရင် Properties
ကိုထပ်နှိပ်လိုက်ပါ။ ပြီးရင်တော့ Pie Chart တွေအောက်မှာရှိတဲ့ “Disk Cleanup” ဆိုတာလေးကို
နှိပ်လိုက်ရင် ရပါပြီ။ ဒါဆိုရင်တော့ မလိုအပ်တဲ့ Backups file အဟောင်းတွေ၊ ယာယီ file တွေကို
အလိုအလျောက် ရှင်းပေးမှာပါ။ ဒါဟာ Cleanup အတွက် ပထမ ခြေလှမ်းပဲဖြစ်ပါတယ်။
Third party Utility software များကို အသုံးပြုပါ
Disk Cleanup ဟာ Windows default software ဖြစ်တဲ့အတွက်ကြောင့် အသေးစိတ် အထိတော့
အလုပ်မလုပ်ပေးပါဘူး။ ဒီအခါမှာ လမ်းညွှန်ချင်တာကတော့ CCleaner ဆိုတဲ့ Software လေးကို
အသုံးပြုပါ။ ဒါဆိုရင်တော့ Cookie, program data, icon cache, font cache အစရှိတဲ့ အရာတွေ
အားလုံးကို ကိုယ့်စိတ်ကြိုက် ရှင်းလင်းပစ်နိုင်ပါတယ်။ Disk cleanup feature တွေအပြင် registry
တွေကိုလည်း ရှင်းပေးနိုင်ပါတယ်။ တစ်ပတ်တစ်ခါ ဒီ software လေးနဲ့ ရှင်းလင်းပေးနိုင်ရင်တော့
အကောင်းဆုံး PC Performance တွေကို အချိန်ကြာကြာအထိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
System Restore အတွက် Space လျော့ချခြင်း
System Restore ဆိုတဲ့ Feature ဟာ Storage space တွေကို အများအပြား ယူထားတတ်ပါတယ်။
Hardware change တွေ အစရှိတဲ့ အကြောင်း အမျိုးမျိုးကြောင့် Windows version အဟောင်းတွေကို
rollback လုပ်ပြီး ပြန်သုံးလို့ရနိုင်အောင်ပါ။ ဒီ Feature က ယူထားတဲ့ Space ကို
ကန့်သတ်ချင်တယ်ဆိုရင်တော့ System Properties ကိုရောက်အောင်သွားလိုက်ပါ။ ပြီးရင် System
Protection > Configure ကနေပြီးတော့ အတိုးအလျော့ ပြုလုပ်နိုင်ပါတယ်။ ဒီ Feature ကို လုံးဝ
အသုံးမပြုချင်တော့ဘူးဆိုရင်လည်း “Turn Off system protection” ဆိုတာကို ရွေးလိုက်လို့ရပါတယ်။
Hibernate ကို အသုံးမပြုခြင်း Hibernate ဟာ Power configuration အတွက် feature ပါ။ လုပ်လက်စ
အလုပ်တွေအားလုံးကို Storage တစ်နေရာစာ ယူထားပြီး သိမ်းထားပေးပါတယ်။ ပြီးရင် power off
ထားလို့ရပါတယ်။ power ပြန်ဖွင့်လိုက်တဲ့ အခါမှာ လက်ရှိ အလုပ်လုပ်လက်စနေရာကနေပဲ
ပြန်စလုပ်နိုင်တဲ့ Feature ပါ။ Storeage space အများအပြားမရှိတဲ့ PC တွေအနေနဲ့ မသုံးသင့်ပါဘူး။ ဒီ
feature ကို ပိတ်ချင်တယ်ဆိုရင်တော့ command prompt ကို Administrator permission နဲ့
ဖွင့်လိုက်ပါ။ ပြီးရင်တော့ ” powercfg/hibernate off ” ဆိုပြီး ရိုက်လိုက်ရင် ရပါပြီ။
ပြန်အသုံးပြုချင်တယ်ဆိုရင်တော့ off နေရာမှာ on လို့ အစားထိုးရိုက်လိုက်ရင်ရပါပြီ။ WinSXS folder ကို
ဖျက်ပစ်ခြင်း Disk explorer နဲ့ system partition ကို ဖွင့်ကြည့်မယ်ဆိုရင် winsxs ဆိုတဲ့ Folder ဟာ
File size အများအပြား ယူထားတာကို တွေ့နိုင်ပါတယ်။ ဒီ folder အတွင်းမှာတော့ system components
ရဲ့ backups တွေ၊ Windows Update တွေ၊ DLL file အဟောင်းတွေ၊ service pack backup တွေ
ရှိပါတယ်။ Windows 7 နဲ့ Windows 8 တွေမှာတော့ ဒီ file တွေကို ရက် 30 ကျော်သွားရင်
အလိုအလျောက် ဖျက်ပေးပါတယ်။ ကိုယ် ကိုယ်တိုင် command နဲ့ ဖျက်ချင်တယ် ဆိုရင်တော့ Command
prompt မှာ အောက်ပါ command 3 ကြောင်းကို ရိုက်လိုက်ပါ။
DISM.exe/online/Cleanup-Image/StartComponentCleanup
DISM.exe/online/Cleanup-Image/SPSuperseded
DISM.exe/online/Cleanup-Image/StartComponentCleanup/ResetBase