Posted by : Unknown Sunday, February 23, 2014


ဧပြီ ၈ရက်နေ့က စပြီး Windows XP ရဲ့သက်တမ်း ကုန်ဆုံးချိန် ရောက်ပါတော့မယ်။ ၁၂နှစ်သက်တမ်းရှိ Windows XP နဲ့ပတ်သက်တဲ့ security updates အပါအ၀င် နည်းပညာ အထောက်အပံ့တွေကို Microsoft က ဆက်ထုတ်ပေးတော့မှာ မဟုတ်ပါဘူး။
သမ္မတ Bushဟာ သမ္မတတာဝန်ကို စပြီးထမ်းဆောင်တဲ့နှစ်ကတည်းက ထွက်ရှိခဲ့တဲ့ Windows XP ကို ရပ်ဆိုင်းလိုက်တော့မယ်ဆိုတာဟာ သိပ်တော့ ဒေါသထွက်စရာ မလိုပါဘူး။ ဒါပေမဲ့ NetMarketShare စာရင်းတွေအရဆိုရင် ကမ္ဘာပေါ်က ကွန်ပျူတာအားလုံးရဲ့ ၂၉ရာခိုင်နှုန်းမှာ Windows XP နဲ့ ဆက်ပြေးဆွဲ ထားတုန်းပါပဲ။ Window 7ပြီးရင် ဒါဟာ ကမ္ဘာ့ဒုတိယ အသုံးအများဆုံး စက်မောင်းနှင်မှုစနစ် (OS) တစ်ခုပါ။
Windows XPနဲ့ ပတ်သက်ပြီး အထောက်အပံ့ မပေးတော့ဘူးဆိုတာဟာ ဧပြီ ၈ရက်နေ့ကစပြီး သုံးပုံတစ်ပုံသော ကမ္ဘာ့ကွန်ပျူတာတွေဟာ အလုပ်မလုပ်နိုင်တော့ဘူး လို့တော့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီ OS ကိုဆက်အသုံးပြုမယ့်နေရာမှာ သိသာတဲ့ အကျိုးဆက်တွေတော့ ဖြစ်လာမှာပါ။
ဧပြီ ၈ရက်နေ့ နောက်ပိုင်းက စပြီး Microsoft ကလည်း ဆော့ဖ်ဝဲလ်ပိုင်း တာဝန်ယူတော့မှာ မဟုတ်ဘူးဆိုတော့ Windows XP ကွန်ပျူတာတွေဟာ malware နဲ့ viruseတွေကို ခံနိုင်ရည် ရှိတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။
Ref: CNN

Leave a Reply

Note: Only a member of this blog may post a comment.

Subscribe to Posts | Subscribe to Comments

- Copyright © 2025 MCT - Date A Live - Powered by Blogger - Designed by Johanes Djogan -