Posted by : Unknown Friday, March 21, 2014


လူအများစုဟာ အသက်၂၅ နှစ်အရွယ်မှာ ဘ၀ရဲ့မှတ်ဥာဏ်ထဲမှာ စွဲမြဲစွာမှတ်သားနိုင်တဲ့အဖြစ် အပျက် တွေကိုပိုင်ဆိုင်ကြောင်း အမေရိကန် နိုင်ငံ၊New Hampshire တက္ကသိုလ် မှ သုတေသီတွေ က ဖော်ထုတ်နိုင်ခဲ့ ပါတယ်။ ဘ၀ရဲ့သက်တမ်းလေးပုံ သုံးပုံကိုကျော်လွန်လာသူတွေကို မေးခွန်းများ ဘ၀အမှတ်တရများကို မေး မြန်းခြင်းလုပ်ခဲ့ရမှာ အခုလိုသိရှိခဲ့ ရတာဖြစ်ပါတယ်။

“လူတွေဟာ သူတို့ရဲ့ဘ၀ကို ပြန်စဉ်းစားပြီး ပြောပြစေတဲ့အခါမှာ ဘ၀ရဲ့အရေးအကြီးဆုံး အချိန်တွေ ကိုပဲ မှတ်မိကြပါတယ်။ ဒါကြောင့် ဘ၀ရဲ့အမှတ်တရတွေကို အခန်း လေးတွေခွဲပြီး ယေဘုယျသဘော မေးမြန်း ခဲ့ပါတယ်။ ကောလိပ်စတင် တက်ရောက်ရခြင်း၊ အလုပ်စရခြင်း၊ လက်ထပ်ခြင်း၊ စစ်မှုထမ်းခြင်း၊ က လေးများကို ပိုင်ဆိုင်ခြင်းစသဖြင့် ဖြစ်ပါတယ်”လို့ သုတေသနခေါင်း ဆောင် Kristina Steineru က ပြော ကြားထားပါတယ်။

လေ့လာမှုမှာ အသက်၅၉နှစ် ကနေ ၉၂နှစ်အတွင်းရှိတဲ့ ပင်စင်စား တွေကို မေးမြန်ခဲ့ပြီး ၇၆%ကတော့ ဘွဲ့ရပြီးသူတွေဖြစ်ပါတယ်။ ပါဝင် သူတွေကို မိနစ်၃၀ကြာ ဘ၀အဖြစ် အပျက်တွေကို ပြောကြားစေခဲ့ပြီး ၄င်းတို့ကိုယ်တိုင် ဘ၀အဖြစ်အပျက်တွေကိုအခန်းငယ်လေးတွေ ခွဲခြား မှတ်သားစေခဲ့ပါတယ်။ တွေ့ရှိ လာရ တာကတော့ အမှတ်မိနိုင်ဆုံးအချိန် ဟာ ၁၇နှစ်ကနေ ၂၆နှစ်အတွင်း ဖြစ်ပါတယ်။ ဒါဟာ ဘ၀မှာအရေး အကြီးဆုံးဖြစ်တဲ့ အဖြစ်အပျက်တွေ ဖြစ်ပွားခဲ့တဲ့ ကာလတွေကြောင့် ပဲ ဖြစ်ပြီးအမှတ်မိဆုံး အသက်အရွယ် အပိုင်းအခြားကတော့ ၂၅နှစ်အရွယ် ပဲဖြစ်ကြောင်း Kristina Steineru က ရှင်းပြထားပါ တယ်။

ဒီလေ့လာမှုကို Journal of Memory မှာ ဖော်ပြထားပါတယ်။
 ငြိမ်းအေး
ref;ANI

Leave a Reply

Note: Only a member of this blog may post a comment.

Subscribe to Posts | Subscribe to Comments

- Copyright © MCT - Date A Live - Powered by Blogger - Designed by Johanes Djogan -