Posted by : Unknown Wednesday, April 30, 2014


အမေရိကန်ပြည်ထောင်စု အင်တာနက် လုံခြုံရေး စောင့်ကြည့်အဖွဲ့က နာမည်ကျော် ဆော့ဖ်ဝဲ ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် မိုက်ခရိုဆော့ဖ် ကုမ္ပဏီမှ ထုတ်လုပ်သည့် အင်တာနက် Browser တစ်ခု ဖြစ်သော IE (Internet Explorer) ကို လုံခြုံရေးအတွက် အားနည်းချက်များ ရှိနေပြီး ဟက်ကာများ တိုက်ခိုက်နိုင်သဖြင့် အသုံးပြုရန် မသင့်ကြောင်း သတိပေးထားသည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။

အစိုးရကွန်ပျူတာ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့ှ- US-CERT (Com-puter Emergency Response Team) သည် IE browser ထုတ်လုပ်ခဲ့သည့် hf version 6 မှ version 11 အထိ လုံခြုံမှု မရှိသောကြောင့် သုံးစွဲသူများ သတိထားကြရန် နှိုးဆော်ထားသည်။

လုံခြုံရေး ဌာနကလည်း လက်ရှိ IE Browser ကို အသုံးပြုနေသူများသည် အကာအကွယ်များ ပြုလုပ်ထားသင့်ကြောင်း၊ သက်ဆိုင်ရာ ကုမ္ပဏီအနေနှင့် အဆင့်မြှင့်မှုများ ပြုလုပ်ပြီး လုံခြုံစိတ်ချရပြီ ဖြစ်ကြောင်း အာမ မခံမချင်း မသုံးစွဲသင့်သေးကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

IE ကို "Operation Clandes-tine Fox" အမည်ပေးထားသော ဗိုင်းရပ်စ်တစ်မျိုးဖြင့် ဟက်ကာများကို တိုက်ခိုက် နေကြကြောင်း အင်တာနက် လုံခြုံရေး ဝန်ဆောင်မှုများ လုပ်ဆောင်နေသည့် FireEye ကုမ္ပဏီကလည်း အတည်ပြု ပြောကြားသည်။

မိုက်ခရိုဆော့ဖ် ကုမ္ပဏီ အနေနှင့် ယခင်ထုတ်ခဲ့သော ကွန်ပျူတာ လည်ပတ်ရေး စနစ်ဟောင်း ဖြစ်သည့် Windows XP ကို အထောက်အပံ့ အကူအညီ မပေးတော့ကြောင်း ကြေညာပြီးသည့် နောက်တွင် ယခုပေါ်ပေါက်ခဲ့ရသည့်
ပြဿ နာ မှာ အကြီးကျယ်ဆုံး ဖြစ်ပြီး ယင်းစနစ်ကို သုံးစွဲနေသူများထံမှ တစ်ဆင့် လုံခြုံရေး အားနည်းမှုအပေါ် အခွင့်ကောင်းယူကာ ဟက်ကာများ တိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း မိုက်ခရိုဆော့ဖ်က ပြောကြားသည်။

The Voice Weekly 

Leave a Reply

Note: Only a member of this blog may post a comment.

Subscribe to Posts | Subscribe to Comments

- Copyright © 2025 MCT - Date A Live - Powered by Blogger - Designed by Johanes Djogan -