Posted by : Unknown Tuesday, April 8, 2014


Data မှနေ၍ processing လုပ်ပြီး Information တွေ ထုတ်လုပ်ပေးသည်။
Hardware, Software and Firmare တို့အားလုံးသည် အခြေခံ အချက်အလက်များကို ကွန်ပျူတာမှ လုပ်ကိုင်လိုက်ပြီးသည့်အခါ ဖန်သားပြင်မှ အချက်အလက်များကို information အဖြစ်ရရှိခြင်းဖြစ်ပါသည်။

ကွန်ပျူတာရဲ့ နောက်ကွယ်မှာ hardware တွေ ကိုယ်စီကိုယ်င အလုပ်လုပ်နေသည့်အတွက် ဒေတာတွေကို ကျွန်တော်တို့ အတွင်းပိုင်းမှာ လုပ်ဆောင်မှု အပြည့်ဝ လုပ်ပေးခြင်းဖြင့် ကွန်ပျူတာ ဖန်သားပြင် ပေါ်မျာ သတင်းအချက်လက်များကို မြင်တွေရမှာဖြစ်ပါတယ်။ ဒီသတင်းအချက်လက်တွေကိုပဲ ကျွန်တော်တို့ ဆော့ဝဲ အကူညီနဲ့ မြင့်တင်မယ် ပွားမယ် ပို့မယ် လက်ခံရယူမယ်ဆိုတာတွေ ဖြစ်လာတာပါပဲ။

Hardware နဲ့ ပတ်သက်ပြီးတော့ ကွန်ပျူတာကို တကယ်လေ့လာတော့မယ်ဆိုရင်တော့ ကွန်ပျူတာ အမျိုးအစား (4) မျိုးရှိတယ်ဆိုတာ ဗဟုသုတ အနေနဲ့ တင်ပြပေးပါ့မယ်။
(၁) Super Computer
(၂) Mainframe Computer
(၃) Mini Computer
(၄) Micro Computer (Personal Computer/ PC)

(၁) Super Computer ဆိုတာကတော့ အလွန်မြင့်မားတဲ့ စွမ်းဆောင်ချက်တွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။ တန်ဖိုးလည်း အလွန်ပင် မြင့်မားပါတယ်။ သူ့ကို သိပ္ပံဆိုင်ရာ သတင်းအချက်လက်တွေ ရာသီဥတု ခန့်မှန်းချက်တွေ သုတေသန လုပ်ငန်းရပ်တွေမှာ အသုံးပြုပါတယ်။ သိုလှောင်နိုင်မှု ပမာဏ အားဖြင့် မြင့်မားလွန်းပါတယ်။ ထုထည်ကြီးမားတ့ ရုပ်ဝတ္တုတွေကို တိုင်းတာပေးနိုင်ပါတယ်။
 (၂) Mainframe Computer ကတော့ Super Computer တွေလိုမျိုး သိုလှောင်မှု အားမြင့်မားပေမယ့် စွမ်းဆောင်ရည်ကတော့ မမြင့်မားပါဘူး။ Mainframe ကတော့ ဒေတာတွေကို ဗဟိုတွက်ချက်မှု ပြုလုပ်ပေးနိုင်သည့် နိုင်ငံတော် အစိုးရဌာနတွေ၊ လူမှု ဆက်သွယ်မှု ကွန်ယက်ဌာနတွေ၊ ဘဏ်လုပ်ငန်းတွေ၊ အစိုးရဌာနဆိုင်ရာတွေအတွက် အဓိကထား ခြင်းဖြစ်ပါတယ်။
 (၃) Mini Computer ကတော့ Mainframe တွေလိုမျိုး ဆက်သွယ်မှု အရေတွက်နဲပါးပြီး စွမ်းဆောင်ရည်လည်း mainframe ကဲ့သို့ မမြင့်မားချေ။ ဥပမာအားဖြင့် မြို့နယ်အဆင့်တွေမှာ တပ်ဆင်ထားတဲ့ ဆာဗာအသေးစားလေးတွေလိုပါပဲ။ အသေးစား ကွန်ယက်တွေချိတ်ဆက်မှုအတွက် တစ်ဆင်ခံ ကွန်ပျူတာများပဲ ဖြစ်ပါတယ်။
 (၄) Micro Computer တွေအနေနဲ့ကျတော့ အရွယ်ပမာဏ သေးငယ်ပါတယ်။ လွယ်လွယ်ကူကူ သယ်ဆောင်နိုင်တယ်။  Micro computer များအား နက်ဝက် တစ်ခု ချိတ်ဆက်၍  အသေးစား ဆက်သွယ်မှုတစ်ခုအဖြစ် Work station အဖြစ်သော်လည်းကောင်း၊ personal Computer အဖြစ်သော်လည်းကောင်း အသုံးပြုနိုင်သည်။ ကျောင်းသုံး၊ ရုံးသုံး များဖြစ်ပြီး အများအားဖြင့် တစ်ဦးချင်း အသုံးပြုရခြင်းဖြစ်ပါသည်။
အရွယ်ပမာဏအပေါ်မူတည်၍ အောက်ပါတိုင်း ခွဲခြားနိုင်သည်။
(၁) Desktop
(၂) Laptop (အလေးချိန် ၈ပေါင်ကနေ ၂၀ ပေါင်အတွင်း)
(၃) Notebook (အလေးချိန် ၃ ပေါင်ကနေ ၅.၅ ပေါင်အတွင်း)
(၄) Pocket PC or Hand Hold Pc ( အလေးချိန် တစ်ပေါင်ထက်မကျော်လွန်)
(၅) Palmtop (Screen ပေါ်တွင် ကညစ်တံလို ခြစ်၍ ရေးသားနိုင်သည်) အိုင်ပက်လိုဟာမျိုးကိုဆိုလိုသည်။
ကွန်ပျူတာကို သေချာလေ့လာတော့မယ်ဆိုရင်တော့.. အောက်က ဟာ လေးတွေကို သိထားသင့်သည်ဟု ထင်ပါတယ်။

ကျွန်တော်တို့ ကွန်ပျူတာမှာ လူသိများတာကတော့ Hardware နဲ့ Software ပဲ ဖြစ်ပါတယ် သို့သော် ထို ၂ခု ပေါင်း၍ လုပ်ရသော ပစ္စည်းမျိုးလည်း ရှိသည်။ သူ့ကို တော့ Firmware လို့ ခေါ်ပါတယ်။ သူကတော့ hardware and software အတူတကွ ပေါင်းစပ်ထားခြင်းကို ဆိုလိုတာပါ။ ဥပမာအားဖြင့် ROMBIOs လိုပေါ့။ စက်ပစ္စည်းတွေကလည်း လုပ်မယ်.. ဆော့ဝဲကလည်း အလုပ်တစ်ပြိုင်နက်လုပ်မယ်.. အဲဒါတွေကို ဆိုလိုပါတယ်.. သူ့ကို Window Registry ကဏ္ဍ မှပဲ သေချာ ရှင်းပြပါ့မယ်။
ထာဝရသူငယ်ချင်းများမှ ကူးယူမျှဝေသည်....                                  

Leave a Reply

Note: Only a member of this blog may post a comment.

Subscribe to Posts | Subscribe to Comments

- Copyright © MCT - Date A Live - Powered by Blogger - Designed by Johanes Djogan -