Posted by : Unknown Wednesday, December 17, 2014

Democracy today

Google ၏ နောက်ဆုံးထုတ် OS တစ်ခုဖြစ်လာ မည့် Android 5.0 Lollipop ကို မိုဘိုင်းဖုန်း သုံးစွဲသူများ 

မျှော်လင့်စောင့် စားနေကြပြီဖြစ် သည်။ ဈေးကွက် အတွင်းထွက်ရှိနေသည့် မြောက်များစွာသော 

မိုဘိုင်းဖုန်းများအတွက် update ရရှိနိုင်မည့် အခွင့် အရေးဖြစ်သည်။
Google ကလွန်ခဲ့သည့်လ အနည်းငယ် အတွင်း က Android operating system များကို အဓိက update 
ဖြစ်သည့် Android 5.0 Lollipop, နှင့်နောက် ဆက်တွဲ Android 5.0.1 Lollipop, အသစ်နှစ်ခုတို့ 
အတွက် Android updates များကိုထုတ်ပြန်ခဲ့ သည် ။
ယင်းအပြင် နောက်ထပ် update လုပ်ရာတွင် လွယ်ကူသည့် version ကို ထုတ်လုပ်ပေးမည် ဖြစ်ပြီး 
Andriod 5.0.1 Lollipop version တွင် ယင်းနှင့် သက်ဆိုင်သည့် error အချို့ကိုလည်း တာဝန်ယူ 
ဖြေရှင်းကာ ဆက်လက်ထုတ် လုပ်သွားမည် ဟုဆိုသည်။
အသုံးပြုသူများ အနေဖြင့်လည်း Gotta Be Mobile , Tech Rader နှင့် Andriod Pit အစရှိသည့် website 
များတွင် Andriod Lollipop ကို ရယူ စမ်းသပ်သုံးစွဲနိုင်ရန်အတွက် အခွင့်အရေး ရရှိမည်ဖြစ်သည်။
ယင်းအပြင် HTC မိုဘိုင်းဖုန်း ကိုင်ဆောင်သူများ အနေဖြင့်လည်း HTC One mini , HTC One mini 2 , 
HTC One Max စသည့် ဖုန်းများ တွင် Android Lollipop Update ကို ရရှိနိုင်မည်ဖြစ်သည်။ Android 
Lollipop ကိုလည်း HTC One Google play Edition နှင့် HTC One M8 Google Play Edition တို့တွင် 
ထွက်ရှိပြီးဖြစ် သည်။
ယင်းအပြင် Sony Z series Smart ဖုန်း သုံးစွဲသူများ အတွက်လည်း ၂၀၁၅ နှစ် စ ပိုင်းတွင် Update 
ရယူနိုင်မည်ဖြစ်သည်။

Leave a Reply

Note: Only a member of this blog may post a comment.

Subscribe to Posts | Subscribe to Comments

- Copyright © 2025 MCT - Date A Live - Powered by Blogger - Designed by Johanes Djogan -