Posted by : Unknown Tuesday, August 30, 2016


Android ဖုန်းတစ်လုံးကို Firmware ပြန်တင်တော့မယ်ဆိုရင် အရေးကြီးတာတွေအများကြီးရှိပါတယ်။
အဆင်ပြေတဲ့အခါရှိသလို အဆင်မပြေတဲ့အခါကျရင်အရမ်းကိုစိတ်ညစ်ရပါတယ်။ ဒါကြောင့် Android
ဖုန်းတစ်လုံးကို Firmware ပြန်တင်တော့မယ်ဆိုရင် သတိထားစရာလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ကျနော်တို့တွေ ဘာတံဆိပ်ကြည့်တယ်။ ဘာ model ဆိုတာ ကြည့်တယ်။နောက် computer ထဲမှာ firmware တွေ့ရင် ကောက်တင်ပလိုက်တာပဲတစ်ချို့ကြ မရင်ငယ် လေးနဲ့ backup ဆွဲထားတယ်။ တစ်ချို့ကြ uboot ကလေး ချန်ရေးတယ်။ တစ်ချို့ကြတော့ တော်တော်နပ်တဲ့လူဆို system တစ်ဖိုင်ပဲရေးတယ်။ အမှန်က စနစ်တစ်ကျလေးဖြစ်သင့်တယ်။ firmware တင်လိုက်တယ်။
vibrate ပဲ တုန်တော့တယ် / display ဖွေးသွားတယ် / touch ဆွဲ မရတော့ဘူး / sim တစ်ကဒ် မသိတော့ဘူး။ error တွေအများကြီးပေါ့။ ဒါကြောင့် မတင်ခင် သေချာအောင် လုပ်သင့်တယ်မဟုတ်ရင် နောက်ဆက်တွဲ အကျိုးဆက်က တော်တော်ကြောက်ဖို့ကောင်းတယ် စိတ်ဆက်တဲ့ ဆရာတွေဆို customer နဲ့ ရိုက်ပေါက်ထိဖြစ်နိုင်တယ်။ ဒါတွေ မဖြစ်ရအောင်
ကျွန်တော်ကာကွယ်နည်းလေးပြောပြပါရစေ။
ဖုန်းတစ်လုံး logo လည်နေလို့ဖြစ်စေ / virus ကိုက်နေလို့ဖြစ်စေ
အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ဆိုင် ပြင်ဖို့လာပြီဆို ဖုန်းကို adb သိအောင်လုပ်ပါ။
ဘယ်လိုလုပ်မလဲ
recovery mode ကနေချိတ်ပါ။
AT mode ကနေချိတ်ပါ။
META mode ကနေ ချိတ်ပါ။
(အဲ့တာတော့ နောက် post တစ်ခုရေးပေးပါမယ်)
ပြီးရင် အောက်ပါ command လေးရိုက်ပါ။
adb pull /system/build.prop rename.prop
ဒါဆိုအကိုတို့ adb folder လေးထဲမှာ system အောက်က buil.prop လေးရောက်နေပါလိမ့်မယ်။ ရောက်နေတဲ့ build.prop လေးကို note ++ ကလေးနဲ့ဖွင့်ပါ။
utc date=11111111111
utc date နေရာက ဂဏန်းတွေကို မှတ်ထားပါ။
ဒါက ဖုန်းထဲကနေ adb သိအောင်လုပ်ပြီး build.prop ထဲကမူလ utc dateကိုဆွဲထုတ်ကြည့်ထားတာပါ။
ပြီးရင် ကိုယ့် computer ထဲမှာရှိတဲ့ ကိုယ်ရေးမဲ့ firmwareထဲက system ကို
romhelper / ext4 unpatcher/ system unpack/repack/
system ကိုဖြည်ချတဲ့ tool တစ်ခုခုနဲ့ ဖြည်ချပြီး build.prop ထဲက utc date ကို ခုနက ဖုန်းထဲကနေဆွဲထုတ်ထားတဲ့ utcdate နဲ့ နံပါတ်တွေတူမတူကြည့်ပါ။ တူရင် firmware တင်ပါ။ မတူရင် မတင်ပါနဲ့။ ဒါဆို display ဖွေးမဖွေး , touch ရ / မရ ကျနော်တို့ သေချာပေါက် သိပါပြီ။
utc date မယ်ဆိုရင် model မတူရင်တောင် တင်လို့ရပါတယ်။ universal firmware ဆိုတာ
utc date တူတာတွေကိုစစ်ချပြီး သက်မှတ်ထားတာပါ။ qualcomm ဖုန်းတွေမှာဆို ဟိုးအောက်နားက
ro.confg.hw_systemversion=C8816V100R001C92B180_SYSTEM အဲ့ဒီ့နေရာကိုကြည့်ပါ။ c92B180 ကိုတွေ့ပါလိမ့်မယ်။ c92Bက region ပါ။ 180က build number ပါ။ systemversion တူတယ်ဆိုတင်ပါ။
မတူရင်မတင်ပါနဲ့ ဒါဆို လိုင်းမတက်တာ brick ဖြစ်တာတွေ မဖြစ်နိုင်တော့ပါဘူး။ ၀ါသနာ ပါတယ်ဆိုလုပ်ကြည့်ပါ။
credit – Ko Myo Ko Ko Zaw

Leave a Reply

Note: Only a member of this blog may post a comment.

Subscribe to Posts | Subscribe to Comments

- Copyright © MCT - Date A Live - Powered by Blogger - Designed by Johanes Djogan -