- Back to Home »
- Genaral Mobile Knowledge »
- Sony ဖုန်းများအတွက် [Hard Reset] လုပ်နည်း။ (for losing pattern lock )
Posted by : Unknown
Monday, September 23, 2013
Sony Xperia အမျိုးအစားဖုန်းတွေမှာ Pattern lock/password မေ့သွားလို့ပဲဖြစ်ဖြစ် ၊ အကြောင်းတစ်စုံတစ်ရာကြောင့်ဖုန်းကို reset ချချင်တယ်ဆိုရင် အခုပြောမယ့်နည်းလေးနဲ့စမ်းသပ်ကြည့်နိုင်ပါတယ်။
1 Pattenlock and delete data
2 Forgotten password
3 Google lock များကိုလဲဖြည်နိုင်ပါတယ်
2 Forgotten password
3 Google lock များကိုလဲဖြည်နိုင်ပါတယ်
4 pin lock နဲ့ puk lock တွေ အတွက်တော့ မရပါဘူး ခင်ဗျာ
ပထမဆုံး lock ကျနေတဲ့ မိမိဖုန်းကို power ဖွင့်လိုက်ပါ
lock ကျနေပေမဲ့

emergency call ဆိုတဲ့ ကီး ဘုတ်လေးတော့ပေါ်နေပါလိမ့်မယ် ဒါမှမဟုတ် keypad တွေက နှိပ်လို့ အဆင်မပြေတော့ လောက်အောင် hang နေတဲ့ ဖုန်းတွေဆိုရင်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး.....တကယ်လို့ မိမိဖုန်းက pattern lock မေ့တာကလွဲလို့ ကျန်တာ အကုန်ကောင်းတယ်ဆိုရင်တော့ emergency call ဆိုတာလေးထဲကို ၀င်လိုက်ပါ
ပြီးတာနဲ့ keypad ထဲကနေ *#*#7378423#*#* ဆိုတာလေးကို နှိပ်လိုက်ပါ။
ဒီလိုပုံလေးပေါ်လာပါလိမ့်မယ်.......

အဲ့ထဲ က costomization Settings ဆိုတဲ့ စာတန်းလေးထဲကို ၀င်လိုက်ပါ
ဒီလိုလေးမြင်ရပြီဆိုရင် Reset customization ဆိုတာလေးကို ရဲရဲကြီးနှိပ်ပေးလိုက်ပါ မိမိဖုန်းထဲက data တွေတော့ အကုန်ပျောက်မှာဆိုတာတော့ ကျွန်တော် အရှေ့မှာ ပြောထားခဲ့ပြီးပါပြီ နော်

ကျွန်တော်ပြောတဲ့ ကောင်လေးကို နှိပ်ပြီးပြီဆိုရင်တော့ Reset Customization and reboot ဆိုပြီးပေါ်လာပါလိမ့်မယ်

အဲ့ဒီစာကြောင်းကိုနှိပ်လိုက်ပြီဆိုရင်တော့..ဖုန်းက reboot ကျပြီး.သူ့ဟာသူ .Data factory reset ကျသွားပါလိမ့်မယ်.အဲ့ဒါဆိုရင်တော့ ကျွန်တော်တို့ ရဲ့ pattern lock ဖြေခြင်းဟာ အောင်မြင်စွာ ပြီးဆုံးသွားပါပြီ Reboot ပြန်တက်လာတဲ့ အခါကျရင် မိမိဖုန်းက factory ထုတ် အတိုင်းအသစ်ပြန်ဖြစ်နေပါလိမ့်မယ်။ အားလုံးပဲ အဆင်ပြေကျပါစေခင်ဗျားးးး။