Monday, November 11, 2013

Clash of Clans v5.64 new version

အခုကျွန်တော်မိတ်ဆက်ပေးမယ့် ဂိမ်းလေးကတော့ online နဲ့ ကစားရမယ့် ဂိမ်းလေးပဲဖြစ်ပါတယ် ဒီကောင်လေးက တော်တော်လေးကိုဆော့လို့ကောင်းပါတယ် ဘယ်လိုဆော့ရသလဲဆိုတော့ သူရဲ့ ဂိမ်း type က ကျွန်တော်တို့ နိုင်ငံတစ်နိုင်ငံတည်ဆောက်သလို ဆော့ရမှာပါ ကိုယ့်မြို့လေးမှာ အိမ်လေးတွေဆောက်မယ် ပြီးတော့ စစ်သားတွေကို လေ့ကျင့်ပေးမယ် ရွှေတွင်းတွေ ဓါတ်ငွေ့ ရုံတွေကိုလည်း တည်ဆောက်တာတွေပါပါတယ် ဒါတင်မကသေးပါဘူး။ အဲ့လိုစစ်သားတွေကို လေ့ကျင့်ပေးဖို့ လေ့ကျင့်ရုံတွေ တိုးဆောက်လို့လည်းရပါသေးတယ်
စစ်သားတွေကို လေ့ကျင့်ပြီးပြီ ဆိုရင်တော့ တခြား နယ်မြေတွေဆီကို သွားရောက်ချီတက်ရမှာဖြစ်ပါတယ် စစ်ပွဲမှာ နိုင်သလောက် အမြတ်အစွန်းတွေရပြီး မိမိရဲ့ စခန်းကို အဆင့် တိုးမြှင့်နိုင်ပါတယ် တချို့ စခန်းတွေက လွယ်သလောက် တခြားစခန်းတွေက မိမိကို တိုက်ရတာ ခက်ခဲစေပါတယ်Online ပေါ်ကထောင်ချီများပြားလှတဲ့ Player များနဲ့Battle ခင်းရတာတော်တော်လေးကို စိတ်ဝင်စားစရာကောင်းပါတယ် Version ကခုလ November 6, 2013 မှာ Update ထွက်ရှိထားပြီး ဦးနှောက်ကို လည်းတော်တော် ကစားစေတဲ့ ဂိမ်းလေးဖြစ်ပါတယ် ပြီးတော့ ထပ်ပြောချင်ပါသေးတယ် တော်တော်လေးကို ဆော့လို့ကောင်းလို့ ဆော့ဖြစ်အောင်ဆော့ကြည့်စေချင်ပါတယ် ။ခု ကျွန်တော်ကတော့ ဒီဂိမ်းလေးကို ဆော့ ပြီးနားတော့မယ်။ဟဲဟဲ တိုက်ပွဲမှာ တွေ့ကြမယ်နော်

လိုချင်တဲ့သူတွေကတော့ အောက်မှာဒေါင်းသွားနိုင်ပါတယ်ခင်ဗျာ

   Download Here (media fire)                                                   

No comments:

Post a Comment

Note: Only a member of this blog may post a comment.