Posted by : Unknown Sunday, November 17, 2013

အခု ပြောပြမယ့် နည်းလေးကတော့ မိမိရဲ့ ကွန်ပြူတာမှာ ခံထားတဲ့ password မေ့သွားတာတို့ တစ်ယောက်ယောက်က  ကို့ ကိုနောက်ပြီး password ပြောင်းထားတာတို့အတွက်တော့ အဆင်ပြေစေမှာပါ ၁။ ပါဝါခလုပ်ကို နှိပ်ပြီး ကွန်ပြူတာကို ဖွင့်လိုက်ပါ။ password တောင်းသောနေရာရောက်လျှင် ပါဝါခလုပ်ကို ဖိပြီး ပိတ်ချလိုက်ပါ။ ပြန်ဖွင့်ပါ။ ထို့နောက်
Safe Mode
Command Prompt
Start Windows Normally
စတာတွေ ပေါ်လာပါလိမ့်မယ်။ ထုံးစံအားဖြင့် ကျနော်တို့ဟာ Start Windows Normally ဆိုပြီး ဆက်ဖွင့်ကြတယ်။ ဒါပေမဲ့ ဆက်မနှိပ်ပါနဲ့ ပါဝါခလုပ်ကို ဖိပြီး ပြန်ပိတ်လိုက်ပါ။
၂။ Lunch Startup Repair
    Start Windows Normally
ဆိုတာ ပေါ်လာသည်အထိ ပါဝါခလုပ်ကို ဖိပြီးပိတ်ပါ။

တခါတရံမှာ ၃ ခါမှ ၄ ခါအထိ ပိတ်ရပါတယ်။ 
အဲဒါ ပေါ်လာပြီ ဆိုလျှင်

Lunch Startup Repair ဆိုတာကို ရွေးပါ။ အဲဒီ Lunch Startup Repair Function က အချိန်အနည်းငယ် အလုပ် လုပ်ပြီးလျှင် Restore OR Cancel ဆိုတာ ပေါ်လာပါလိမ့်မယ်။ Cancel ကို ရွေးလိုက်ပါ။ အဲဒါကို ရွေးပြီးလျှင် အချိန်တော်တော်ကြာ Loading လုပ်နေပါလိမ့်မယ်။ ပြီးလျှင်
Startup Repair ဆိုပြီး Box တစ်ခု ကျလာပါလိမ့်မယ်။ အောက်ဆုံးမှာရှိတဲ့ View Problem Detail ဆိုတာကို နှိပ်လျှင် အောက်မှာ စာတွေ အများကြီး ရေးထားတာကို တွေ့ရပါလိမ့်မယ်။ အောက်ဆုံးအထိ ၄င်းစာများကို ဆွဲချလိုက်ပြီး နောက်ဆုံး (အောက်ဆုံး)မှာ လင့်တစ်ခုကို တွေ့ပါလိမ့်မယ်။ ၄င်းလင့်ခ်ကို နှိပ်လိုက်ပါက Notepad ဖြင့် စာတွေ ရေးထားတာ ကျလာပါလိမ့်မယ်။ ပြီးလျှင် File..Save As..My Computer..C (ဝင်းဒိုးတင်ထားရာနေရာ)...Windows...System32..အထိ သွားလိုက်ပါ။ အဲဒီကို ရောက်သွားလျှင် Save မဲ့ ဖိုင်အမျိုးအစားမှာ All File ကို ထားမှ ရပါမယ်။ အဲဒါကို ထားပြီးလျှင် sethc ဆိုတဲ့ ဖိုင်လေးကို ရှာပါ။ ပြီးလျှင် ညာကလစ်ဖြင့် Rename ပေးရပါမယ်။ sethc to sethc.bak လို့ ပေးလိုက်ပါ။ ပြီးလျှင် cmd ဖိုင်ကို ရှာပြီး Copy & Paste လုပ်ပါ။ cmd copy ဟု ပေါ်လာလျှင် ၄င်းဖိုင်ကို sethc ဟု Rename ပေးလိုက်ပါ။ ပြီးလျှင် ဖွင့်ထားသော မယ်လို့ လုပ်ထားသော Notepad ကို Cancle လုပ်ပါ။ ပြီးလျှင် Don't Send လုပ်ပြီးလျှင် Restart.....
၃။ ကွန်ပြူတာ ပြန်ပွင့်လာပါမယ်။ ထုံးစံအတိုင်း ပတ်စဝပ်တောင်းပါလိမ့်မယ်။ ထိုအခါ Shift Key ကို ငါးကြိမ်တိတိ နှိပ်လိုက်လျှင် Command Prompt လေးပေါ်လာပါလိမ့်မယ်။ အဲဒီမှာ  စာရေးပါ။
net user လို့ ရေးပြီး enter ကို ခေါက်ပါ။ ဗလာ..ဗလာ ၂ကြောင်း ၃ကြောင်း ကျလာပါလိမ့်မယ်။
ပြီးလျှင် net user administrator * ဆိုတာကို ရိုက်ပြီး enter ခေါက်လိုက်ပါ။ (အဲဒီနေရာမှာ ကွန်ပြူတာရဲ့ Owner administrator အမည်ကို ထည့်ရပါမယ်။ ပြောလိုတာက ကျနော့်ကွန်ပြူတာမှာဆိုလျှင် net user Theinadministrator * ဆိုပြီး ရိုက်ရပါမယ်။ စာလုံးများကို စပေ့ခြားရပါမယ်။ net, user, Theinadministrator, * ဆိုပြီးတော့ ရိုက်လိုက်လျှင် အောက်မှာ သင်ပြောင်းချင်တဲ့ ပတ်စဝပ်ကို ရေးထည့်လိုက်ပါ။ ၂ ခါရေးရပါမယ်။ သင်ရေးထားတာကို သင်မမြင်ရနိုင်ပါဘူး။ ပြီးပြီဆိုလျှင်တော့ Exit ကိုနှိပ်ပြီး ၄င်းကွန်ပြူတာကို သင်အသစ်ထည့်ရိုက်ထားသောpassword ဖြင့် ဖွင့်နိုင်ပါပြီ။အားလုံးပဲ အဆင်ပြေပါစေခင်ဗျား။ credit to thit yar aik

Leave a Reply

Note: Only a member of this blog may post a comment.

Subscribe to Posts | Subscribe to Comments

- Copyright © MCT - Date A Live - Powered by Blogger - Designed by Johanes Djogan -