Posted by : Unknown Friday, December 27, 2013


မိမိ တန်ဖိုးထားရသည့် စမတ်ဖုန်းများ မတော်တဆ လွတ်ကျခြင်းမျိုး လူတိုင်း ကြုံဖူးကြ ပေလိမ့်မည်။
လွတ်ကျသည့် အခါတိုင်း အက်ကြောင်းများ၊ ချိုင့်ခွက်များ၊ ခြစ်ရာ ရှရာများ မြင်ရတော့ လေမလား ဟူ၍ 
ရင် တမမနှင့် ပြန်ကောက် ယူရခြင်း အဖြစ်မျိုးလည်း လူတိုင်း ခံစားဖူး ပေလိမ့်မည်။
ထိုဖြစ်ရပ်များနှင့် ကင်းဝေးနိုင်ရေး အတွက် ဂျပန် ကားထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခုဖြစ်သည့် ဟွန်ဒါမှ 
ကား ထုတ်လုပ်သူများက
လေအိတ် ပါဝင်သည့် စမတ်ဖုန်း ကာဗာများကို ဒီဇိုင်းထွင် ဖန်တီးလိုက်ခြင်း
ဖြစ်သည်။အဆိုပါ ဖုန်းကာဗာကို Case N ဟု အမည် ပေးထားပြီး ယင်းကို အသုံးပြုထားသည့် ဖုန်းသည် 
ရုတ်တရက် ပြုတ်ကျပါက ကာဗာ အတွင်းရှိ လေအိတ် ခြောက်ခုက ဖုန်း၏ ဘေး ပတ်ပတ်လည်တွင် 
ပန်းပွင့်ပုံသဏ္ဍန် ထိုးထွက် လာမည် ဖြစ်သည်။
နောက်ဆုံး ထုတ်လုပ်လိုက်သည့် လေအိတ်ပါ ဖုန်းကာဗာသည် ဖုန်းပြုတ်ကျသည်နှင့် အရှိန် နှေးကွေး 
သွားပြီး လေအိတ်များ ပြန့်ကား ထွက်လာမည် ဖြစ်သည်။ သတ်မှတ်ထားသည့် အားသက်ရောက်မှု 
တစ်ခုတွင် လေအိတ် ပွင့်လာမည် ဖြစ်ရာ တစ်စုံတစ်ဦးက မိမိဖုန်းကို လုယူလျှင်ပင် လေအိတ် ပွင့်လာမည် 
ဖြစ်သဖြင့် လုယူ ခံရခြင်းမှလည်း ကာကွယ် ပေးနိုင်မည် ဖြစ်သည်။ ။
ဒီအဲလ

Leave a Reply

Note: Only a member of this blog may post a comment.

Subscribe to Posts | Subscribe to Comments

- Copyright © MCT - Date A Live - Powered by Blogger - Designed by Johanes Djogan -