Sunday, January 19, 2014

Android ဖုန်းထဲက ကြော်ငြာတွေကိုဖျောက်ပေးမယ့် Ad Away apk


Android ဖုန်းတွေမှာ သုံးတဲ့ free app တွေမှာ ကြော်ငြာတွေပါလာတတ်ပါတယ်။ အင်တာနက် ဖွင့်ထားရင် 


မျက်စိနောက်စရာကောင်းအောင် ကြော်ငြာတွေ ဝင်လာပြီးတော့ မှားနှိပ်လိုက်ရင် မလိုအပ်တဲ့ app တွေကိုဒေါင်းခိုင်းလေ့ရှိပါတယ်

ဒါတွေကိုဖြေရှင်းဖို့အတွက် ကြော်ငြာမပါတဲ့ pro version တွေကို ဝယ်သုံးစရာမလိုတော့ပါဘူး Ad Away apk ကိုထည့်ထားလိုက်ပါ

ဖုန်းထဲက ads အားလုံးကို ရှင်းပေးမှာဖြစ်ပါတယ် root access ရှိဖို့တော့လိုပါတယ်Ad Away ရဲ့အလုပ်လုပ်ပုံက \system\etc\ 

ထဲမှာရှိတဲ့ hosts file ကို ads link တွေထည့်ပြီး ကြော်ငြာတွေကိုပိတ်လိုက်တာပါ ads အားလုံးကိုပိတ်တာဖြစ်တဲ့အတွက် adf.ly 

ခံထားတဲ့ download link တွေကိုပါ ဝင်လို့မရပါဘူး။ဂိမ်းဆော့နေရင်းပဲဖြစ်ဖြစ် ဆော့ဝဲလ်တစ်ခုခုကို သုံးနေရင်းပဲဖြစ်ဖြစ် 

မျက်စိနှောက်စရာတော့ မလိုတော့ဘူးပေါ့ဗျာ။လိုချင်ရင်တော့ အောက်မှာဒေါင်းနိုင်ပါတယ်ခင်ဗျာ။

Download Here(dropbox)

အဆင်ပြေရင် ညာဘက်အောက်နားလေးမှာရှိတဲ့ ကြော်ငြာတွေကို ကလစ်လုပ်ခဲ့ပေးပါခင်ဗျာ။ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.