Posted by : Unknown Friday, January 10, 2014

i လက်စွပ်ဟာ i Phone, i Pod , i Pad စတဲ့ အိုင်ပရိသတ်တွေအတွက် ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။ ဒီ i လက်စွပ်ဟာ သင့်ရဲ့ စမတ်ကျလှတဲ့ i ပစ္စည်းတွေပေါ်မှာ ပိုပြီးစမတ်ကျစေမှာ ဖြစ်ပါတယ်။

ဒီ လက်စွပ်ကို အင်တာနေရှင်နယ မာတီးမီဒီယာ တစ်ခုဖြစ်တဲ့ IK ကထုတ်လုပ်ထား တာဖြစ်ပြီး အဓိက အိုင်လက်စွပ်ရဲ့ လုပ်ဆောင်ချက်ကတော့ လောလောဆယ် မြူးဖစ် Creation လောက်ပါပဲ။

သင့်ရဲ့ အိုင် Products တွေပေါ်မှာ လက်နဲ့ထိတွေ့စရာမလိုဘဲ ညွှန်းကြားထိန်းချုပ်နိင်မှာ ဖြစ်ပါတယ်။ မတူညီတဲ့ စတိုင် (၂)မျိုးနဲ့လာတာဖြစ်ပြီး သင့်ရဲ့ လက်ချောင်းအလယ်မှာ ၀ယ်ဆင်ရမှာ ဖြစ်ပါတယ်။ ဖုန်းဒါမှမဟုတ် Tablet ရဲ့ အရှေ့ဘက်ကင်မရာ က သင့်ရဲ့ လက်လှုပ်ရှားမူအတိုင်း ပါရှိတဲ့ ဆော့ဝဲတွေက ထောက်ပံပေးမှာ ဖြစ်ပါတယ်။

သင့် လှုပ်ရှားတဲ့ အတိုင်း ဖုန်း Screen ပေါ်မှာ ပေါ်နေ
ပပါလိမ့်မယ်။ လောလောဆယ် ဒီ အိုင်လက်စွပ်ကို ဖုန်းမှာ အသုံးပြုနိင်ဖို့အတွက် IK က Free APPs နှစ်ခု ချပေးခဲ့ပါတယ်။

iRing Music Maker နဲ့ iRing FX/Controller ဖြစ်ပါတယ်။ iRing Music Maker App ဟာဆိုလိုရှိရင် Beats တွေပြောင်းလဲခြင်း၊ ရမ်သမ်တွေ၊ Effect တွေကို အိုင်လက်စွပ် အနေနဲ့ ထိန်းချုပ် စေနိင်တဲ့ App တစ်ခု ဖြစ်ပါတယ်။

iRing FX/Controller app ကတော့ သီချင်းတွေ၊ ဒီဂျေတွေ၊ ကိုထိန်းချုပ်နိင်မှာပါ။ ဈေးကတော့ £19.99 ပါ။
အောက်ကလင့်မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။
http://www.youtube.com/watch?v=w4YTODlyB9g

Leave a Reply

Note: Only a member of this blog may post a comment.

Subscribe to Posts | Subscribe to Comments

- Copyright © MCT - Date A Live - Powered by Blogger - Designed by Johanes Djogan -