Posted by : Unknown Friday, January 3, 2014

အလုပ်များသော သူတို့အတွက် အချိန်သည် လွန်စွာပင် အရေးကြီးပါသည်။ အလုပ်များကိုပင် နေ့စဉ်နေ့တိုင်း 

လုပ်နေရသောကြောင့် အနားယူချိန်သည် အိပ်ချိန်မှ တစ်ပါး မရှိသလောက်ပင် ရှားပါသည်။ ဒါကြောင့် အလုပ်များသော 

သူများအတွက် ကျန်းမာရေးနှင့် လျော်ညီစွာ နေထိုင်စားသောက်ပုံ နည်းတစ်ချို့ကို ရေးသား ဖော်ပြလိုက်ရပါသည်။


(၁) အလုပ်မှ နားချိန်တွင် ရုပ်ရှင်ကြည့်ပါ။ ရုပ်ရှင်ကြည့်ခြင်းသည် စိတ်ကို အနားပေး စေတဲ့အပြင် အာရုံကိုလည်း ပြောင်းလဲစေနိုင်ပါသည်။ အတွေးအခေါ် အသစ်တွေကိုလည်း ရရှိစေနိုင်ပါသည်။

(၂) အသီးအရွက်များများစား သင့်ပါသည်။ အသီးအရွက်စားခြင်းဟာ ခန္ဓာကိုယ် အတွက် ကောင်းမွန်စေရုံ သာမက ကျန်းမာရေး အတွက်လည်း ကောင်းမွန်စေနိုင်ပါသည်။

(၃) လေ့ကျင့်ခန်း လုပ်ပါ။ အချိန်လုံးဝ မရဘူး ဆိုရင် ညအိပ်ယာ မဝင်မီ အိပ်ယာအတွင်း၌ လုပ်လို့ ရသော လေ့ကျင့်ခန်းများကို လုပ်ပါ။ လေ့ကျင့်ခန်း လုပ်ခြင်းကြောင့် ခန္ဓာကိုယ်အတွင်းမှ မကောင်းသော အရာများသည် ချွေးအဖြစ် ထွက်သွားမှာ ဖြစ်ပါသည်။ သို့မှသာ စိတ်ကို လန်းဆန်း စေနိုင်ပါသည်။

(၄) သင်သည် အစည်းအဝေး ခဏခဏ ထိုင်ရတယ်ဆိုပါက လမ်းများများ လျောက်ပေးပါ။

(၅) ညနေ ၃ နာရီကျော်ပါက ကော်ဖီမသောက်ပါနှင့်။ ကော်ဖီကို ညနေဘက် သောက်ခြင်းဟာ အိပ်မပျော် ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် အိပ်ချိန်တွင် အနှောင့်အယှက် မဖြစ်စေရန် ညနေ ၃ နာရီကျော် လျှင် ကော်ဖီကို မသောက်တာ အကောင်းဆုံး ဖြစ်ပါသည်။

(၆) နံနက်စာကို မှန်မှန်စားပါ။ လူတစ်ယောက်အတွက် နံနက်စာသည် အရေးကြီးပါသည်။ နံနက်စာ စားမှသာ တစ်နေကုန် အစာခံနိုင်မည်ဖြစ်ပြီး အလုပ်များကို ကောင်းစွာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။

(၇) တီဗီကြည့်သော အခါမှာ အညောင်းအညာပြေအောင် ခြေထောက်ကို လက်ဖြင့် ခါးကိုင် ကာ ဆွဲပေးပါ။

(၈) ဓာတ်ဆားရည်ကို သောက်ပေးပါ။ ရေအစား ဓာတ်ဆားရည်ကို သောက်ခြင်းဟာ ခန္ဓာကိုယ်အတွက် သာမက အသားအရည်ကိုပါ လှပစေပါသည်။

(၉) ဓာတ်လှေကားနှင့် တက်ရမည့် နေရာများတွင် ကျန်းမာရေးနှင့် ညီညွတ်အောင် လှေကားနှင့် တက်ပါ။

(၁၀) နားရက်များတွင် ပန်းခြံ သို့မဟုတ် စိတ်ကို လန်းဆန်းစေမည့် ပတ်ဝန်းကျင် ရှိသော ဒေသများသို့ သွားပါ။ သို့မှသာ စိတ်ကိုလန်းဆန်း တက်ကြွစေရုံသာမက အတွေးအခေါ် အသစ်တွေကိုလည်း ရရှိစေနိုင်ပါသည်။

ကျော်လင်းနိုင် (ရိုးရာလေး)

Leave a Reply

Note: Only a member of this blog may post a comment.

Subscribe to Posts | Subscribe to Comments

- Copyright © MCT - Date A Live - Powered by Blogger - Designed by Johanes Djogan -