Posted by : Unknown Friday, January 10, 2014

လွန်ခဲ့တဲ့ တစ်နှစ်လောက်က ထွက်ရှိခဲ့တဲ့ Ascend Mate ရဲ့ နောက်ဆက်တွဲ Series အဖြစ် Ascend Mate 2 4G ကိုHuawei မှ Consumer Electronics Show (CES) 2014 ပွဲတွင် မိတ်ဆက်ပေးခဲ့ပါတယ်။ Ascend Mate 2 4G ဟာ 6.1 လက်မ မျက်နှာပြင်အကျယ် 720p IPS display ဖြစ်ပါတယ်။ Battery capacity အနေနဲ့ 4050mAh ပါဝင်တာဟာ ကျေနပ်စရာ ကောင်းလှပါတယ်။ patented QPC နဲ့ ADRX smart-power saving technology ကိုအသုံးပြုထားတဲ့အတွက်ကြောင့် တစ်ကြိမ်အားသွင်းထားရုံဖြင့် ၂ရက်ခန့် စိတ်ကြိုက်အသုံးပြုနိုင်ပါလိမ့်မယ်။ ဒါအပြင့် ဒီ Acend Mate 2 မှာ ပါဝင်လာတဲ့ Feature နောက်တစ်ခုကတော့ အခြား mobile phones တွေကိုလည်း charging ပြုလုပ်ပေးနိုင်တာပဲဖြစ်ပါတယ်။ Processor ကိုတော့ model နှစ်မျိုးဖြင့်ရရှိနိုင်ပါတယ်။ ပထမတစ်ခုကတော့ Qualcomm Snapdragon 400 processor ကိုအသုံးပြုထားတာဖြစ်ပါတယ်။ နောက် model တစ်ခုကတော့ Huawei’s HiSilicon quad-core 1.6GHz processor ကိုအသုံးပြုထားတာဖြစ်ပါတယ်။ 2GB RAM, 16GB internal storage နဲ့ micro-SD card slot တို့ ပါဝင်မှာပါ။ OS အနေနဲ့ Android 4.3 jelly Bean ကို သွင်းထားတာဖြစ်ပြီး အဲဒီအပေါ်မှာ Emotion UI 2.0 ကို အသုံးပြုပေးထားတာဖြစ်ပါတယ်။ Emotion UI 2.0 ဟာ Multi-Screen interaction ကို support လုပ်နိုင်ပြီ ဖြစ်ပါတယ်။Camera ပိုင်းဆိုင်ရာကတော့ 13-megapixel rear BSI camera F2.0 aperture နဲ့ 5-megapixel front-facing camera F2.4 aperture တို့ကို ထည့်သွင်းပေးထားပါတယ်။

Leave a Reply

Note: Only a member of this blog may post a comment.

Subscribe to Posts | Subscribe to Comments

- Copyright © MCT - Date A Live - Powered by Blogger - Designed by Johanes Djogan -