Saturday, February 8, 2014

CDMA 450MHz Phone Firmware Backup & Restore


Haier , Haien နဲ့ အခြား QUALCOMM QSC 1110 CPU ကိုအသုံးပြုထားတဲ့ 450 MHz CDMAတွေမှာစဖွင့်ဖွင့်ချင်း အပြာရောင် Screen နဲ့ Factory Test Mode ဆိုတာပဲ ပေါ်တယ် နောက် Hardware ပြစ်ချက်မျိုး မဟုတ်ဘဲ Software ပြစ်ချက်ဖြစ်တတ်တဲ့ Searching Network ဖြစ်တာတွေ နောက်ထပ် Power အလိုလို ကျတာတွေ Key Pad နှိပ်လိုက်တိုင်း Power ပျောက်သွားတာတွေ စတဲ့ ပြစ်ချက်တွေကို ဖြေရှင်းလို့ ရပါတယ်။ 

လိုအပ်တဲ့ Software တွေကို ဒီမှာ အရင် Down ကြရအောင်…..
(1) QPST.2.7.355.zip ကို ဒီမှာ ရယူပါ။
(2) Haier C700.zip ကို ဒီမှာ ရယူပါ။
(3) Haier HC-C300 USB Driver V1.0.rar ကို ဒီမှာ ရယူပါ။
ကဲ Down ပြီးရင် စကြရအောင်။ Driver တွေမှာ Haier ဆိုပေမယ့် အကုန်လုံးအတွက်ပါ။ အားလုံး Install လုပ်ပါ။
(1) QPST Configuration ကို Run ပြီး Add New Port ကို နှိပ်ပါ။

(2) Show Serial and USB/QC Diagnostic ports only မှာ အမှန်ခြစ်ကို Enable Disable တလှည့်စီလုပ်ပေးပါ။ COM Port မှာ Drive ကိုတွေ့ ရင် COM Port ကိုရွေးပေးပါ။ Drive ကိုမတွေ့ ရင် USB ချိတ်လျှက်နဲ့  Battery ကို ဖြုတ်တပ်လုပ်ပေးပါ။ တခါတလေ COM Port မှာ Message နှစ်ခုတွေ့ တတ်ပါတယ်။ သက်ဆိုင်တဲ့ Port ကိုရွေးပေးပါ။ ပြီးရင် OK နှိပ်လိုက်ပေါ့။

(3) ဖုန်းကို Computer ကသိပြီဆိုရင် Start Client>>SOFTWARE DOWNLOAD ကိုရွေးပါ။

(4) Back Up လုပ်ဖို့ ကို အခြား အမျိုးစားတူ ဖုန်းမှ Software ကိုရယူနှိုင်ပါတယ်။ Port: နဲ့  QCN File: ကို Name နဲ့  Location မှန်အောင်ရွေးပြီး Start ကိုနှိပ်ပါ။

(5) ပြန်ရေးဘို့ ကို Backup လုပ်ထားတဲ့ 00000000_0.qcn File လေးကို အသုံးပြုမှာပါ။

(6) Restore အဆင့်မှာ စရေးပါတော့မယ်။ QCN File ကို Backup လုပ်ထားတဲ့ File ကို အသုံးပြုဘို့  Browse မှရွေးပါမယ်။ Allow phone/file ESN mismatch: Check Box ကို အမှန်ခြစ်ပါမယ်။ ပြီးရင် Start ကို နှိပ်ပါမယ်။ အပြာရောင်တန်းလေး 100% ပြည့်ရင် Software ရေးတာ Complete ဖြစ်ပါပြီ။

ကြော်ငြာများကို ကလစ်နှိပ်ကြည့်ရှုပေးခြင်းဖြင့် ကူညီပါ

No comments:

Post a Comment

Note: Only a member of this blog may post a comment.