Saturday, February 22, 2014

chinese Vroot super user နေရာမှာ SuperSu ကိုအစားထိုးနည်း


ဟုတ်ကဲ့ ကျွန်တော် တို့ ခုနောက်ပိုင်းတော်တော်များများ V root one click tool ကိုအသုံးပြုပြီး root ဖောက်လာကြတာတော်တော်များများတွေ့ရလေ့ရှိပါတယ်။Root ဖောက်လိုက်ရင် ပေါ်လာတဲ့ vroot super user  icon ဆိုတာလေး ကိုမကြိုက်တဲ့သူများ change ချင်တဲ့သူများ အတွက် ဖော်ပြပေးလိုက်ပါတယ်။ လုပ်ပုံလုပ်နည်းကို အောက်ပါအတိုင်းလုပ်ဆောင်ပါ။ Root ဖောက်ထားပြီးမှ လုပ်ရမှာပါ။

အရင်ဆုံးလိုအပ်တဲ့ ဖိုင်လေး နှစ်ဖိုင်ကိုဒေါင်းလိုက်ပါ။

Replace_VRoot_With_SuperSU.zip

Terminal emulator app

အကုန်လုံးဒေါင်းပြီးသွားရင်တော့ စလုပ်ပါတော့မယ်။

ဒေါင်းလို့ ရလာတဲ့ဖိုင်ထဲက replace Vroot with superSu.zip ဖိုင်လေးကိုဖြည်လိုက်ပါ။အဲ့မှာ mrw ဆိုတဲ့ဖိုင်လေးကိုတွေ့ရပါလိမ့်မယ်။အဲ့ mrw ဖိုင်လေးကို ဖုန်းရဲ့ internal storage ထဲထည့်လိုက်ပါ။

ပြီးသွားပြီဆိုရင် စောနက ဒေါင်းထားတဲ့ထဲက Terminal emulator app ဆိုတာကို ဖုန်းထဲကို install လုပ်ပေးထားလိုက်ပါ။ပြီးသွားပြီဆိုရင် mrw file ကိုဖွင့်ပြီးပြန်စစ်ကြည့်ပါ။အနည်းဆုံး ဖိုင်က (၅) ဖိုင်ရှိရပါမယ်။ အိုကေ အကုန် အဆင်သင့်ဖြစ်ပြီဆိုရင် စလိုက်ကြရအောင် 

အရင်ဆုံး Terminal emulator apk ကိုဖွင့်လိုက်ပါ။ 

ဖွင့်ပြီးသွားပြီဆိုရင် အဲ့မှာ ပေါ်လာတဲ့ window 1 မှာ 


Su  ဆိုတာလေးကို ရိုက်ထည့်ပေးလိုက်ပါ။
  • Allow root permission ဆိုတာလေးတက်လာရင် allow ပေးလိုက်ပါ။ နောက်တစ်ကြောင်းမှာ
sh /sdcard/mrw/root.sh  ဆိုတာလေးကိုထပ်ရိုက်ပေးလိုက်ပါ။

ဘာပဲပေါ်လာပေါ်လာ မစိုးရိမ်ပါနဲ့ ဖုန်းက သူ့ဘာသူ reboot ကျသွားပါလိမ့်မယ်။ပြန်တက်လာပြီဆိုရင်တော့ ဖုန်းရဲ့ 

vroot superuser icon နေရာမှာ SuperSu ဆိုတာလေးနဲ့လန်းနေတာကိုတွေ့ရပါလိမ့်မယ်။ကျွန်တော် 
samsung S 3 နဲ့   Samsung Tablet P3110  မှာစမ်းထားပြီးပါပြီ 

အဆင်ပြေပါတယ်။အလုံးတိုင်းရမယ်လို့မဆိုလိုပါဘူး။ 
အောက်မှာ လုပ်ပုံလုပ်နည်းကို video နဲ့ ကြည့်ချင်ရင် အောက်ကလင့်ကနေ ကြည့်နိုင်ပါတယ်။

http://www.youtube.com/watch?v=crLvs8ec0FE

No comments:

Post a Comment

Note: Only a member of this blog may post a comment.