Thursday, February 13, 2014
လူတို့၏ စိတ်ကို ဖတ်နိုင်မည့် (Deep Data Mining) နည်းပညာ
မကြာမီ ဈေးကွက်အတွင်း စတင်မိတ်ဆက်တော့မည့် (Deep Data Mining) စနစ်ဖြင့် လူတို့၏
စိတ်နေသဘောထား၊ အပြုအမူများနှင့် စိတ်ပိုင်းဆိုင်ရာ လက္ခဏာများကို သရုပ်ဖော်နိုင်လိမ့်မည်ဟု
အိုင်တီပညာရှင်များက မျှော်လင့်နေကြသည်။
(Deep Data Mining) နည်းပညာသည် လူတို့၏ အပြုအမူများကို စုစည်းပေး ပြီး သရုပ် ခွဲပေးသည့်
စနစ်မျိုး ဖြစ်သည်။အိုင်တီအသိုက်အ၀န်း၏ သုံးသပ်ပြောဆိုချက်များအရ (Deep Data Mining)
နည်းပညာကို အစိုးရအဖွဲ့အစည်းများတွင်လည်း အသုံးပြုလာနိုင်ဖွယ် ရှိကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖျင်း ခန့်မှန်းချက်များအရ (Deep Data Mining) နည်းပညာ သည် မိမိတို့ သိလိုသော
သူ၏ နှစ်သက်သော သီချင်းများ၊ ရုပ်ရှင်၊ အစား အသောက်၊ ဖက်ရှင် အစရှိသည့် အချက်အလက်များ ကို
စုစည်း၍ ထိုသူ၏ စိတ်နေသဘောထား အသွင် အပြင်ကို တွက်ထုတ်ပေးမည့် စနစ်ဟု ယေဘု ယျ ပုံဖော်
ကြည့်နိုင်ပါလိမ့်မည်။
(Deep Data Mining) သည် အင်တာနက်တွင် ပြုမူကျင့်သုံးခဲ့သော အချက် အလက်များကို
ခြေရာခံပေးနိုင်မည့် အပြင် သိရှိလိုသော သူ၏ စိတ်ပိုင်းဆိုင် ရာကို အကဲခတ်နိုင်ရန် လိုအပ်သည့် အခြား
အချက်အလက်များကို စုစည်းပေး သွားမည် ဖြစ်သည်။
(Deep Data Mining) ကို ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ လူ့သဘာဝကို အလွယ်တကူ ပုံဖော်နိုင်စေဖို့
ဖြစ်ပြီး မကြာမီကာလ၌ ဈေးကွက် အတွင်း တွေ့မြင်လာနိုင်မည့် နည်းပညာတစ်ခု ဖြစ်သည်။

No comments:
Post a Comment
Note: Only a member of this blog may post a comment.