iOS ၊ Android ၊ အခြားသော OS အပြင် ယခု COS(china operating system)
မိုဘိုင်း OS လို့ ဆိုလိုက်ရင် Android နဲ့ iOS ၂ မျိုးသာ ကြီးစိုး နေတာကို တရုတ် နိုင်ငံက သိပ် အမြင်ကြည်ပုံ မရပါဘူး။ အခု ဒီ OS တွေကို ရင်ဘောင်တန်းနိုင်မယ့် COS ကို တရုတ် နိုင်ငံမှာ ဖြန့်ချီတော့မှာပါ။ China Operating System လို့အမည်ရတဲ့ ဒီ OS ကိုတော့ (မေးစရာ မလိုအောင်) တရုတ် နိုင်ငံ အစိုးရက ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။ ထောက်ပံ့မှုကို တရုတ် နိုင်ငံ အစိုးရက ပေးထားပေမဲ့ တကယ့် master mind တွေကတော့ Chinese Academy of Sciences က ဖြစ်တယ်လို့ ဆိုပါတယ်။ Linux ကို အခြေပြုထားပြီး smartphone တွေသာမက ၊ set-top box တွေ ၊ ကွန်ပျူတာ တွေ အထိ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်ဗျာ။
No comments:
Post a Comment
Note: Only a member of this blog may post a comment.