Thursday, February 27, 2014

LG G Flex ကို Root လုပ်နည်း


LG ရဲ့အသစ်ထွက်ဖုန်းဖြစ်တဲ့ LG G Flex ကို Root လုပ်ချင်သူတွေအတွက် LG G Flex ကို Root လုပ်နည်းကိုတင်ဆက်ပေးလိုက်ပါတယ်။
အရင်ဆုံးလိုအပ်တဲ့ Tool တွေကိုရယူထားပါ။





လိုအပ်တဲ့ Tool တွေကိုရယူပြီးပြီဆိုရင်တော့ LG Mobile Driver ကိုကွန်ပျူတာမှာသွင်းထားပါ။ download လုပ်လို့ရလာတဲ့ IOroot ဇစ်ဖိုင်ကိုတော့ ဇစ်ဖြည်ပြီး ရလာမယ့် Folder လေးကိုကွန်ပျူတာ desktop ပေါ်မှာပဲခဏထားလိုက်ပါ။
ပြီးရင်ဖုန်းနဲ့ကွန်ပျူတာကို USB ကြိုးအသုံးပြုပြီးချိတ်ဆက်ပါ။ ပြီးရင် USB Mode ကနေ Charge Only Mode သို့ပြောင်းထားပါ။ ပြီးရင် ခုနတုန်းက Desktop ပေါ်မှာတင်ထားခဲ့တဲ့ IOroot folder ထဲက root.bat ကို run လိုက်ပါ။ အောက်ကပုံအတိုင်း Command Box လေးနဲ့ပေါ်လာပြီဆိုရင် Enter ခေါက်လိုက်ရုံပါပဲ။




ဖုန်းက reboot ကျသွားပြီးပြန်တက်လာရင်တော့ သင့်ဖုန်းက root လုပ်ပြီးဖြစ်နေပါပြီ။ အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
from;myanmarmobileapp

No comments:

Post a Comment

Note: Only a member of this blog may post a comment.