Tuesday, March 18, 2014

အိန္ဒိယ ဖုန်းကုမ္ပဏီနှစ်ခုအတွက် Microsoft ကWindows Phone အခမဲ့ထောက်ပံ့မည်


ဒေသအတွင်း ဈေးနှုန်းသက်သာသည့် Windows Phone ထုတ်ကုန်များ ပိုမိုဖွံ့ဖြိုးမှုရှိစေရန်အတွက် ဖုန်းထုတ်လုပ်သည့် အိန္ဒိယကုမ္ပဏီနှစ်ခုကို Microsoft က Windows Phone အခမဲ့ထောက်ပံ့ ပေးသွားမည်ဟု Times of India ကဖော်ပြခဲ့သည်။

အဆိုပါ သတင်းဌာန၏ ဖော်ပြချက်အရ အိန္ဒိယဖုန်းကုမ္ပဏီနှစ်ခုသည် Microsoft က၎င်း၏မိုဘိုင်း OS အတွက် သာမန်လိုင်စင်ကြေး လျှော့ချရန်ကတိပြုခဲ့ပြီးနောက် အထက်ပါအတိုင်း သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းရင်းမြစ် တစ်ဦးကလည်း ၎င်းတို့၏ Windows Phone ဟန်းဆက်များအတွက် Microsoft ထံလိုင်စင်ကြေး ပေးသွင်းထားခြင်းမရှိကြောင်း၊ ဆော့ဖ်ဝဲကုမ္ပဏီကြီး အနေဖြင့် Windows Phone မော်ဒယ်သစ်များ ထုတ်လုပ်ရန် စီစဉ်လာချိန်တွင် Nokia မှအထောက်အပံ့ ပေးသည့်တိုင်လိုင်စင် လုပ်ထားသည့်မော်ဒယ် အဟောင်းများအတွက် အဆင်ပြေစေမည် မဟုတ်ကြောင်း ဆိုခဲ့သည်။

-နောင်နောင်
Ref: CNET

No comments:

Post a Comment

Note: Only a member of this blog may post a comment.