Tuesday, May 6, 2014
အသက် ၁၁ နှစ်အရွယ်လုပ်ငန်းရှင်
အသက် (၁၁) နှစ်ပဲ ရှိသေးတဲ့ Memphis ကောင်လေး Moziah Bridges တစ်ယောက် သူ့ရဲ့ ကိုယ်ပိုင်စီးပွားရေး ဖြစ်တဲ့ လည်စည်းကုမ္ပဏီ ကို စတင် တည်ထောင်တုန်းက အသက် (၉) နှစ်ပဲ ရှိပါသေးတယ်။ အခုဆိုရင် Moziah ဟာ Sixth Grade ပဲ ရှိသေးပေမယ့် အောင်မြင်တဲ့ ဖက်ရှင်ကုမ္ပဏီ တစ်ခုကို ပိုင်ဆိုင်နေပါပြီ။ တစ်နေ့ တစ်နေ့ Moziah လေး အလုပ်တကယ် စရှုပ်တဲ့ အချိန်က ကျောင်းချိန် နောက်ပိုင်းတွေပါ။ pattern တွေ ဖော်ရ ၊ အပ်ချုပ်စက်မှာ နာရီပေါင်းများစွာ ထိုင်ပြီး ချုပ်နေတတ်တာ သူ့အမေက အိပ်ရာဝင်ချိန်ရောက်ပြီ လို့ ပြောတဲ့အချိန်ထိပါပဲ။ သူ့ အလုပ်နဲ့ ပတ်သက်ပြီး `အဲဒါက သွေးသား ထဲကကို ဖြစ်နေတာ။ ကျွန်တော်လည်း မတတ်နိုင်ဘူး။´ လို့ သူက ပြောခဲ့တယ်။ သူ့ရဲ့ အမေကတော့ ` သိပ်အံ့သြဖို့ကောင်းတယ်။ သူကိုယ်တိုင် လည်စည်းစစည်းတဲ့ အရွယ် မရောက်ခင်ကတည်းက သူရွေးလိုက်တဲ့ ဦးထုပ်ဒီဇိုင်း ၊ ဖိနပ် ဒီဇိုင်းတွေက အရွယ်နဲ့ စာရင် အရမ်း အဆင်ပြေနေတတ်တယ်။။´ လို့ ဆိုပါတယ်။ အခုဆိုရင် Mo ဟာ သူ့ရဲ့ Etsy Shop ကနေ $ 30,000 လောက် ရှာနိုင်ခဲ့ပါပြီ။
` ကျွန်တော်က သပ်သပ်ရပ်ရပ် ကောင်းကောင်းမွန်မွန် ၀တ်စားရတာကို သဘောကျတဲ့သူပါ။ ကျွန်တော် ဒီလုပ်ငန်းကို စဖြစ်တာ ကလည်း တခြားမှာ ရောင်းတဲ့ လည်စည်းတွေကို ကျွန်တော် သဘောမကျတာက စတာပဲ။ အဲဒါနဲ့ ကျွန်တော့်အဘိုးက ကိုယ့်လည်စည်းကို ချုပ်တတ်အောင် သင်ပေးခဲ့ပါတယ်။´ လို့ Mo က the Daily News ကို ပြောခဲ့ပါတယ်။ ဒါ့အပြင် Mo က သူ့အမေနဲ့ ပတ်သက်ပြီး ` အမေက အရမ်းကြိုးစား တဲ့သူပါ။ ဘာလုပ်ရမယ် ဆိုတာ ၊ ဘယ်ချိန်မှာ ကျွန်တော့်ကို လည်စည်းတွေ စလုပ်ဖို့ ၊ ဘယ်ချိန်မှာ ရပ်လိုက်ဖို့ ပြောရမယ်ဆိုတာ သူကောင်းကောင်းသိတယ်။´
` ဒါပေမယ့် ဒါက ကျွန်တော့်ကို အမေက ဘာလုပ်ရမယ် လို့ ပြောနိုင်တယ် လို့ မဆိုလိုပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော့် လုပ်ငန်းမှာ ကျွန်တော်က CEOလေ။ ´ လို့ ခပ်မြန်မြန် ပြန်ပြင် ပြောလိုက်သေးရဲ့။

No comments:
Post a Comment
Note: Only a member of this blog may post a comment.