Wednesday, June 25, 2014

Facebook crazy ဖြစ်လွန်းသော ဖောက်ထွင်း ၀ိဇ္ဖာတစ်ဦး၏ ကံကြမ္မာ

မင်နက်ဆိုတာပြည်နယ်တွင် နေထိုင်သူ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ၎င်း ဖောက်ထွင်းခဲ့သည့် အိမ်တွင် Facebook အသုံးပြုပြီး log out မလုပ်ခဲ့သောကြောင့် ရဲအဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း သိရသည်။

နီကိုလပ်စ်ဝစ်ခ်ျဟုခေါ်သည့် ဖောက်ထွင်းရေးသမားသည် ဇွန်လ ၁၉ ရက်က စိန့်ပေါလ်တောင်ဘက်ရှိ နေအိမ်တစ်အိမ်တွင် ဖောက်ထွင်းမှုတစ်ရပ် ပြုလုပ်ခဲ့ပြီး ၎င်းနေအိမ်ရှိ ကွန်ပျူတာတွင် Facebook အသုံးပြုခဲ့ကြောင်း၊ သို့သော်လည်း log out ပြုလုပ်ရန် မေ့လျော့သွားခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ထို့နောက်တွင် အိမ်ပိုင်ရှင် ဂျိမ်းစ်ဝုဒ်က ၎င်း၏အိမ် ဖောက်ထွင်းခံရကြောင်းကို သတိပြုမိပြီး နေအိမ်မှ ငွေသားများအပြင် အကြွေးဝယ်ကတ်များနှင့် နာရီတစ်လုံး ပျောက်ဆုံးခဲ့ကာ ဂျင်းဘောင်းဘီတစ်စုံ၊ ခါးပတ်တစ်ခုနှင့် Nike တင်းနစ်ဖိနပ်အချို့ကို တွေ့ရှိခဲ့ကြောင်း၊ ၎င်းအပြင် ကွန်ပျူတာ၌ Facebook page တစ်ခု ဖွင့်ထားသည်ကို သတိပြုမိပြီးနောက် ရဲများထံ အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


မစ္စတာဝုဒ်က ဝစ်ခ်ျသည် သူခိုးတစ်ယောက်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ၎င်း၏ ဖုန်းနံပါတ်ကို ဝေမျှကာ အချက်အလက်များကို တောင်းဆိုခဲ့သည်။ ညနေပိုင်းတွင် မစ္စတာဝုဒ်သည် ဝစ်ခ်ျထံမှ message တစ်စောင်ကို ရရှိခဲ့ပြီး အိမ်တွင် ကျန်ခဲ့သည့် ပစ္စည်းများကို ပြန်ပေးရန် အတွက် ချိန်းဆိုခဲ့ကာ ဖောက်ထွင်းရေးသမားက ကျန်ခဲ့သည့် ပစ္စည်းများကို ပြန်လာယူချိန်တွင် ၉၁၁ ကို ဖုန်းဆက်ပြီး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ရဲများက ဝစ်ခ်ျကို ဖမ်းဆီးချိန်တွင် ၎င်းသည် မိမိ၏ နာရီကို ဝတ်ဆင်ထားကြောင်းနှင့် အဆိုပါ ဖောက်ထွင်းရေးသမားသည် ကမ္ဘာပေါ်တွင် အတုံးဆုံး ဒုစရိုက်သမား ဖြစ်ကြောင်း မစ္စတာဝုဒ်က ပြောကြားခဲ့သည်။

ဝစ်ခ်ျသည် အဆိုပါ ဖောက်ထွင်းမှုကြောင့် ထောင်ဒဏ် ၁၀ နှစ်အပြင် ဒဏ်ကြေး ဒေါ်လာ ၂၀,၀၀၀ ပြစ်ဒဏ်ချမှတ်ခံရမည့် အရေးနှင့် ရင်ဆိုင်နေရသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.