Tuesday, June 24, 2014
MI3 အတွက် Root မလိုသော မြန်မာဖောင့် ထည့်သွင်းခြင်း
မြန်မာနိုင်ငံရဲ့ ဖုန်းဈေးကွက်ထဲဝင်လာတဲ့ MIUI မှထုတ်လုပ်သော MI 3 ဖုန်းဟာ
ဈေးနှူန်းအသင့်အတင့်ရှိမှု ဖုန်း၏ အသုံးပြုမှုကောင်းမွန်ခြင်းတို့ကြောင့်နာမည်ရလာပါတယ်
ယခု တင်ပေးမှာတော့ MI 3 ကို Root မဖောက်ဘဲ Theme မှတဆင့်
မြန်မာဖောင့်ထည့်သွင်းနည်းဖြစ်ပါတယ် ဒါပေမယ့် Browser မှာတော့ မြင်ရမှာမဟုတ်ပါဘူး
ဒါပေမယ့် UC Mni , Opera နဲ့ တခြား မြန်မာ Browser များကို အသုံးပြုနိုင်ပါတယ်
Emoji လေးကိုလည်း မပျောက်ဘဲ အသုံးပြု နိုင်မှာပါ လိုအပ်တဲ့ ZawgyiOne 2014.mtz
ဖိုင်လေးကိုအောက်မှာဒေါင်းယူလိုက်ပါ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ZawgyiOne 2014.mtz ကိုဒေါင်းရန်
ဝ~~~~~~~~~~~~~~~~~~~~~~~~~~~ဝ
ဒေါင်းယူရရှိလာသော ZawgyiOne 2014.mtz ဖိုင်လေးအား ဖုန်းအတွင်းရှိ Folder
တစ်ခုခုအောက်တွင်ထားပါ ထို့နောက် Themes ထဲမှ Local သို့ သွားပါ ထို့နောက် Menu Key ကိုနှိပ်ပြီး
Import from SD card ကိုရွေးပေးပါ
ထို့နောက် ဖုန်းအတွင်းမှ ZawgyiOne 2014 . mtz ထည့်ထားသော Folder ကိုရွေးပြီး အဆိုပါ
ZawgyiOne 2014 . mtz ကို ရွေးပေးပါ
ပြီးလျှင် Original Theme ပါဝင်သော နေရာရောက် ရင် အဆိုပါ Theme ကိုရွေးပေးပါ
ထို့နောက် ပြန်ထွက်ပြီး Themes ထဲသို့ဝင်ကာ Category မှ Components ပြီးနောက် Font ထဲမှ Local
ကိုရွေးပြီး ထည့်သွင်းထားသော ZawgyiOne 2014 ကိုရွေးပေးပြီး Reboot ချပေးလိုက်ပါ
ပြန်တက်လာသောအခါ Root မပါဝင်သော မြန်မာဖောင့်ကို အဆင်ပြေစွာ အသုံးပြုနိုင်မည် ဖြစ်သည်

No comments:
Post a Comment
Note: Only a member of this blog may post a comment.