Thursday, August 14, 2014

ကမ္ဘာပေါ်မှာ အင်တာနက် အသုံးပြုသူ တစ်ဝက်လောက်က ဆိုင်ဘာ တိုက်ခိုက်သူများရဲ့ သားကောင်များ ဖြစ်


တစ်ကမ္ဘာလုံး အတိုင်းတာနဲ့ ယူကေ ပညာရှင်တို့ စစ်တမ်းကောက်မှု အရ ၅၀ ရာခိုင်နှုန်းသော အင်တာနက် အသုံးပြုသူများဟာ ဆိုက်ဘာ တိုက်ခိုက်သမားများ၊ ဟက်ကာများရဲ့ သားကောင် ဖြစ်နေကြောင်း ဆိုပါတယ်။ ဒီတော့ မြန်မာပြည်မှာ ဆိုရင် အချိုးက တစ်ရာ တစ်ဝက် မကလောက် ပါဘူး။ အသုံးပြုသူ ၈၀ ရာခိုင်နှုန်း အထက်က သားကောင်များ ဖြစ်လို့ နေ ပါတယ်။
ဒီတော့ ဆိုက်ဘာ အတိုက်ခိုက်ခံရတယ်ဆိုတာ အကောင့်တွေ အခိုးခံရတာ လောက်ပဲ မှတ်ယူထားကြတော့ မိမိကိုယ်ကို အတိုက်ခံရလို့ အတိုက်ခံရမှန်းလည်း မသိကြ ပါဘူး။ ကွန်ပြူတာ အသုံးပြုသူ အနေနဲ့ သူ မလိုလားတဲ့ ဆော့ဖ်ဝဲများ၊ Application များကို အသုံးပြုသူက ခွင့်မပြုတာကို အလိုအလျောက် သွင်းသွားခြင်း တို့ကလည်း အတိုက်ခိုက်ခံရခြင်း တစ်မျိုး ဖြစ်ပါတယ်။ ဥပမာ မိမိရဲ့ Browser မှာ Adds on တွေ ကိုယ် မထည့်မိ ပေမယ့် ရောက်နေတာမျိုး၊ ခလုပ်တစ်ချက် နှိပ်မိတာနဲ့ Auto run ဖြစ်ပြီး အလိုအလျောက် Install ဖြစ်သွားတာမျိုးတို့ များပါတယ်။
ယင်းကဲ့သို့ အလိုအလျောက် ဝင်သွားတဲ့ App များက User အတွက် ကောင်းကျိုးပေးမှု နည်းပြီး အပြင်ပန်းမှာသာ အမျိုးမျိုး လှအောင် ပြပေမယ့် ကွန်ပြူတာ လုပ်ဆောင်ချက်ကို အင်မတန် နှေးသွား စေပါတယ်။ အနီးစပ်ဆုံးအားဖြင့် မိမိ အသုံးပြုနေတဲ့ Firefox, Google Chrome Browser တွေ လုပ်ဆေင်ချက် ဟန်းသွားတာမျိုး၊ ရပ်သွားတာမျိုးတို့ကို ကြုံတွေ့မိကြမှာ ဖြစ်ပါတယ်။ ဆိုက်ဘာ တိုက်ခိုက်သူများ အနေနဲ့ သူတို့ရဲ့ App တွေမှ တစ်ဆင့် ကြော်ငြာ link များ ထည့်သွင်းပြီး User တွေက အလိုအလျောက် နှိပ်မိလို့ ဝင်လည်စေဖို့ ဖြစ်ပါတယ်။ ဥပမာ ကွန်ပြူတာ Backup လုပ်ဖို့ လိုပါတယ်ဆိုပြီးတော့ Microsoft က ထုတ်တာ မဟုတ်ပဲ Third Party Application တစ်ခုက ခဏခဏ Notification တက်တာမျိုးတို့ကိုလည်း ကြုံတွေ့ဖူးသူများ ရှိပါလိမ့်မယ်။ ကွန်ပြူတာ ဖွင့်ရုံနဲ့ ကြော်ငြာ တစ်ခါ တစ်ခါ တက်လာတတ်သည် ကိုလည်း သတိထားမိ ပါလိမ့်မယ်။
ယင်းကဲ့သို့ Software များ ဝင်လေလေ ကွန်ပြူတာ လုပ်ဆောင်ချက် နှေး လာလေလေ ဖြစ်ပြီး နောက်ဆုံးတော့ Hardware ပိုင်းတွေ အထိပါ ထိခိုက် သွားနိုင် ပါတယ်။ ယင်းဟာလည်း အတိုက်ခိုက်ခံရမှု ဖြစ်ပါ တယ်။ လေ့လာ ဆန်းစစ်ချက်များအရ Anti-Virus ဆော့ဖ်ဝဲ သွင်းမထားမိ မှုများကြောင့် အဖြစ်များခြင်းလို့ ဆိုပါတယ်။ CD, DVC, Memory Stick တို့ဆီနေလည်း လွယ်တကူ ဗိုင်းရက်စ်များ ကူးဆက် တတ်ပါတယ်။ ဒါတွေကို ကာကွယ်ဖို့အတွက် Anti Virus ဆော့ဖ်ဝဲများ ထည့်သွင်းထားသည့်တိုင် ကိုယ့်ရဲ့ အသုံးပြုမှုမကြွယ်ဝမှကြောင့်လည်း Anti Virus မကယ်နိုင်တဲ့ အဖြစ်မျိုးနဲ့လည်း ကြုံတတ် ပါသေးတယ်။ ဒီတော့ မိမိ ကွန်ပြူတာ၊ စမတ်ဖုန်းတွေမှာ လုံခြုံရေအတွက် Software, app များ ထည့်သွင်း ထားပြီး အင်တာနက်မှာ ဘာပဲ လုပ်လုပ် သတိ အထူး ထားရှိဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment

Note: Only a member of this blog may post a comment.