Sunday, November 9, 2014

အူရီဒူးက ဖုန်းခေါ်ဆိုခတစ်မိနစ်လျှင် ၂၅ ကျပ်အဖြစ်တစ်ပြေးညီသတ်မှတ်


အူရီဒူးက ဖုန်းခေါ်ဆိုခတစ်မိနစ်လျှင် ၂၅ ကျပ်အဖြစ်တစ်ပြေးညီ သတ်မှတ်လိုက်ကြောင်း သိရသည်။ မည်သည့်ကွန်ရက်တွင်မဆိုအူရီဒူးဖြင့်ခေါ်ဆိုပါက ၆၀ စက္ကန့်လျှင် ၂၅ ကျပ်အဖြစ် သတ်မှတ်ခြင်းဖြစ်ကြောင်း၊ ခေါ်ဆိုခများအား စက္ကန့်အလိုက်သာကျသင့်မည်ဖြစ်ကြောင်း အူရီဒူးမြန်မာမှသိရသည်။
ယနေ့ (9.11.14) မှ စတင်ကာသတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း၊ အူရီဒူးဖုန်းများထံစာတိုပို့စနစ်ဖြင့် အကြောင်းကြားထား ကြောင်း အူရီဒူးဖုန်းအသုံးပြုသူတစ်ဦးကပြောသည်။ အူရီဒူးအနေဖြင့် စတင်ဝန်ဆောင်မှုသည့် ကာလကတည်းက ဖုန်းခေါ်ဆိုခနှုန်းထားများကိုအူရီဒူးအချင်း ချင်းခေါ်ဆိုပါက တစ်မိနစ်လျှင် ၂၅ ကျပ်ဖြင့်လည်းကောင်း၊ အခြားကွန်ရက်များသို့ခေါ်ဆိုပါကတစ်မိနစ်လျှင် ၃၅ ကျပ်ဖြင့်လည်းကောင်း နှုန်းထားများ သတ်မှတ်ခဲ့သည်။ ယခုအခါ တစ်ပြေးညီအဖြစ်မည်သည့် ကွန်ရက်ကိုမဆို ခေါ်ဆိုမည်ဆိုပါက တစ်မိနစ်လျှင် ၂၅ ကျပ်အဖြစ်သတ်မှတ်လိုက်ခြင်းဖြစ်သည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.