Posted by : Unknown Friday, November 14, 2014


Facebookရဲ့CEOဖြစ်သူ Mark Zuckerberg ကဘာဖြစ်လို့ အဝတ်မလဲတာလဲ။
Facebookသုံးသူတွေရဲ့မေးခွန်းတွေကို Mark Zuckerberg ကပြန်လည်ဖြေကြားပေးတဲ့အစီအစဉ်လေးကို ၆ရက်နေ့က Facebook ရုံးချုပ်မှာကျင်းပခဲ့ပါတယ်။
မေးခွန်း။ ဘာဖြစ်လို့ ဒီအဝတ်တွေ အင်္ကျီတွေကိုပဲ ထပ်ခါတလဲလဲဝတ်နေတာလဲလို့ မေးလာတဲ့မေးခွန်းကိုတော့ သူကဒီလိုပြန်လည်ဖြေကြားခဲ့ပါတယ်။
အဖြေ။ အင်္ကျီဘာဝတ်ရမလဲဆိုတာကို စဉ်းစားနေရတာ အချိန်ကုန်ပြီး ပင်ပန်းလို့ပါ။
သူက အမြဲတမ်း အညိုရောင် T Shirt နဲ့ အမဲရောင် Trainer ကိုပဲဝတ်လေ့ရှိပါတယ်။ အရင်ကတည်းက T Shirt တစ်ရောင်တည်းကိုပဲ အထည် ၂၀ လောက်ရှိတယ်တဲ့။
ဘာဖြစ်လို့လဲဆိုတာကို သူကထပ်ပြီးပြောပြန်ပါတယ်။ သူဟာ Facebook မှာ အရေးကြီးတဲ့ရာထူးကိုယူထားသူဖြစ်တာကြောင့် တတ်နိုင်သလောက် ၂၄ နာရီ Facebook
အကြောင်းကို စဉ်းစားနေချင်တာကြောင့် မလိုအပ်တဲ့နေရာမှာ အချိန်ကို အကုန်မခံချင်ဘူးတဲ့။
တစ်နေ့မှာ စဉ်းစားဆုံးဖြတ်ရမဲ့ကိစ္စတွေကို တတ်နိုင်သလောက် နည်းအောင်လုပ်ချင်လို့ ဒီလိုလုပ်နေတာလို့ဆိုပါတယ်။
ထမင်းစားတဲ့အချိန်မှာလည်း ဒီလိုပဲလို့ဆိုပါတယ်။ သူတစ်ယောက်တည်း ဒီနည်းလမ်းကို ကျင့်သုံးနေတာမဟုတ်ပဲ သမ္မတကြီး အိုဘာမာ ဟာလည်း ဒီနည်းကို ကျင့်သုံးနေပါတယ်။
နောက်ပြီး Facebook ရုပ်ရှင်ကားမှာ ပါတဲ့အကြောင်းတွေက တကယ်လားလို့မေးတဲ့မေးခွန်းကိုလည်း တချို့ဟာလေးတွေက မမှန်ပါဘူးလို့ပြောပါတယ်။
ရုပ်ရှင်တစ်ကားအနေနဲ့ စိတ်ဝင်စားဖို့ကောင်းပါတယ်လို့ ပြန်လည်ဖြေကြားသွားပါတယ်။
Chelmo Team

Leave a Reply

Note: Only a member of this blog may post a comment.

Subscribe to Posts | Subscribe to Comments

- Copyright © MCT - Date A Live - Powered by Blogger - Designed by Johanes Djogan -