Posted by : Unknown Friday, November 14, 2014


(၁) အီတလီ ကဗျာဆရာ Dante Alighieri က "ကိုယ့်လမ်း ကိုယ်လျှောက်မယ် ပြောချင်တဲ့ လူပြောပါစေ"လို့ ဆိုခဲ့တယ်။

(၂) (၁၉၃၃)ခုနှစ်မှာ ရုပ်ရှင် သရုပ်ဆောင် Fred Astaire က Metro-Goldwyn-Mayer, Inc. ရုပ်ရှင် ကုမ္ပဏီမှာ 

ပထမဆုံး အကြိမ် အစမ်းသရုပ်ဆောင် ဝင်လုပ်ခဲ့တယ်။ အဲဒီမှာ ရှိတဲ့ ဒါရိုက်တာက စာရွက်ပေါ်မှာ "သရုပ်ဆောင် 

ပညာကို မတတ်သူ၊ အကအကြောင်း နားမလည်သူ" လို့ ရေးပြီး သူ့ကိုဝေဖန် ခဲ့တယ်။ နောက်ပိုင်းမှာ Fredက 

အဲဒီစာရွက်ကို ဘောင်သွင်းပြီး Beverly Hills က သူ့နေအိမ်မှာ ချိတ်ဆွဲ ထားခဲ့တယ်။

(၃) အမေရိကန် ဘောလုံးနည်းပြ Vince. Rembadi ဟာ အရင်က "ဘောလုံး အကြောင်း နားမလည်သူ၊ တိုက်ခိုက်ဖို့ 

စွမ်းရည်နည်းသူ" လို့ အဝေဖန်ခံ ခဲ့ရတယ်။

(၄) ဒဿဗေဒပညာရှင် ဆိုကရေးတီးကို လူတွေက "လူငယ်တွေရဲ့ အတွေးကို ကျဆုံးအောင် ဖျက်ဆီးသူ" လို့ အပြောခံ 

ခဲ့ရတယ်။

(၅) Peter J Daniel (၄)တန်းတုန်းက ဆရာမ Philip ရဲ့ အဆူအဆဲကို ခံခဲ့ရတယ်။ "ပီတာ.. မင်းဦးနှောက် က 

မကောင်းဘူး။ စာလည်း မလိုက်နိုင်ဘူး။ မင်းကိုတော့ တိုးတက်အောင်မြင်ဖို့ လမ်းမမြင်ဘူး"

အသက်(၂၆)နှစ်အထိ စာအချို့ကို ပီတာ မဆိုတတ်ခဲ့သေးဘူး။ တစ်ခါက သူငယ်ချင်း တစ်ယောက်က သူ့ကို Napoleon 

Hill ရေးသားထားတဲ့ "Think and Grow Rich" ဆိုတဲ့စာအုပ်ကို ရွတ်ဆိုပြခဲ့တယ်။ နောက်ပိုင်း မှာ ပီတာဟာ အရင်က 

သူအမြဲရန်ဖြစ်နေကျလမ်းကို ဝယ်ယူခဲ့ပြီး "Miss Phillips You Were Wrong" ဆိုတဲ့ စာအုပ်တစ်အုပ်ကို ရေးသား 

ထုတ်ဝေနိုင်ခဲ့တယ်။

(၆) Little Women စာအုပ်ရေးခဲ့တဲ့ ဆရာမLouisa May Alcott (1832 – 1888) ကို သူ့အိမ်က အိမ်ဖော် ဒါမှမဟုတ် 

အပ်ချုပ်သမ လုပ်ရလိမ့်မယ်လို့မျှော်လင့်ခဲ့တယ်။

(၇) ဂီတပညာရှင် Beethoven တယောတီးသင်တုန်းက ပါးနပ်ကျွမ်းကျင်မှုမရှိခဲ့ဘူး။ ဒါကြောင့် ကိုယ်ရေးတဲ့ သံစဉ်ကိုပဲ 

သူတီးခဲ့တယ်။ အပြောင်းအလဲလည်း မလုပ်ရဲတာကြောင့် ဆရာကသူ့ကို ဂီတနဲ့မအပ်စပ် သူလို့ပြောခဲ့တယ်။

(၈) ပြဇာတ်အဆိုတော် Karusselရဲ့ ချိုသာတဲ့အသံက ကမ္ဘာအနှံ့ပြန့်ခဲ့ဖူးတယ်။ သူ့မိဘတွေက သူ့ကို 

အင်ဂျင်နီယာတစ်ဦး ဖြစ်စေချင်ခဲ့သလို သူ့ဆရာက သူ့အသံဟာအက်ရှတဲ့အတွက် သီချင်းဆိုဖို့ မသင့်လျော်ဘူး 

လို့ပြောခဲ့တယ်။

(၉) "The Origin of species" ရေးခဲ့တဲ့ဒါဝင်ကို ငယ်စဉ်ချိန်မှာ သူ့ဖခင်က "လုပ်သင့်တာကိုမလုပ်ဘဲ တစ်ချိန်လုံး 

အမဲလိုက်၊ ခွေးဖမ်း၊ ကြွက်ဖမ်းလုပ်နေရသလား"လို့ အမြဲဆူပူခဲ့တယ်။ သူ့ကိုယ်ရေး အတ္ထုပ္ပတ္တိမှာ ဒါဝင်က 

"ငယ်ငယ်တုန်းက ဆရာတွေနဲ့ လူကြီးတွေက ကျွန်တော်ဟာ အဖြစ်မရှိသူ အသိဉာဏ်နည်းနည်းမှ 

မရှိသူလို့ပြောခဲ့တယ်" လို့ရေးခဲ့တယ်။

(၁ဝ) ပြင်သစ်ပန်းပု ပညာရှင် Auguste Rodinရဲ့ဖခင်က သူ့မှာ တုံးအတဲ့ သားတစ်ယောက်ရှိတယ်လို့ အမြဲတမ်း 

စိတ်ပျက်လက်ပျက် ညည်းညူခဲ့တယ်။ ဆရာတွေရဲ့ အကြည့်မှာ Rodinရဲ့ အနာဂတ်ဟာ မည်းမှောင်နေတယ်။ 

အနုပညာကျောင်းကို သုံးကြိမ်တိတိဖြေခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ ဦးလေးဖြစ် သူကသူ့ကို "ကယ်တင်ဖို့ 

ဆေးမရှိတဲ့တုံးအသူ"လို့ ပြောခဲ့တယ်။

(၁၁) "စစ်နဲ့ငြိမ်းချမ်းရေး" စာအုပ်ကိုရေးခဲ့တဲ့ လီယိုတော်စတွိုင်း တက္ကသိုလ်တက်စဉ်က စာမလိုက်နိုင် လို့ 

ကျောင်းထုတ် ခံခဲ့ရတယ်။ ဆရာက သူ့ကို "စာသင်ဖို့ ဦးနှောက် မပါခဲ့သူ၊ သင်ယူဖို့ ဝါသနာမပါသူ" လို့ ဆိုခဲ့တယ်။

တကယ်လို့ ဒီလူတွေဟာ "ကိုယ့်လမ်း ကိုယ်လျှောက်သူတွေ" မဟုတ်ခဲ့ရင်၊ သူတစ်ပါးရဲ့ဝေဖန်ကဲ့ရဲ့တာကို ဂရုစိုက်ခဲ့ရင် 

ကိုယ်ပိုင်အောင်မြင်မှုကို သူတို့ဆွတ်ခူးနိုင်ခဲ့မှာ မဟုတ်ပါဘူး။

ဒါကြောင့် တကယ့်အောင်မြင်တဲ့ ဘဝက အောင်မြင်မှု အကြီးအသေးနဲ့ မဆိုင်ပါဘူး။ တကယ်ကြိုးစားပြီး 

ကိုယ့်ထင်မြင်ချက်၊ အယူအဆအတိုင်း လုပ်ဆောင်ခဲ့သလား၊ ကိုယ်ရွေးတဲ့လမ်း၊ ကိုယ်ပိုင်လမ်းကို ယုံကြည်မှု အပြည့်နဲ့ 

လျှောက်လှမ်းခဲ့သလား ဆိုတာနဲ့ပဲ ဆိုင်ပါလိမ့်မယ်။

-----

မူရင်း-- J Man (丁滿)ပြုစုတဲ့ The Secret of success inspiring စာအုပ်မှ

နိုင်းနိုင်းစနေ (Friday, December 25, 2009)

Leave a Reply

Note: Only a member of this blog may post a comment.

Subscribe to Posts | Subscribe to Comments

- Copyright © MCT - Date A Live - Powered by Blogger - Designed by Johanes Djogan -