Posted by : Unknown Friday, December 26, 2014


ကုလသမဂ္ဂရဲ့ နိုင်ငံတကာ ဆက်သွယ်ရေး ဌာနက အင်တာနက် အသုံးပြုသူ သန်းသုံးထောင် ရှိလာပြီ ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ထက် ၆.၆ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ ဆိုပါတယ်။ ကောင်းတဲ့အချက်က ကလေးတွေ၊ မိန်းမတွေနဲ့ မသန်စွမ်းသူတွေ အပါအ၀င် ဆင်းရဲတဲ့ လူတန်းစားတွေ အပေါ် အကျိုးကျေးဇူးရှိလာတာပါ။ ဒါပေမယ့်လည်း မကောင်းတာက အင်တာနက် အသုံးပြုသူတွေဟာ တကယ်လိုအပ်နေတဲ့ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး နိမ့်ကျနေတဲ့ နိုင်ငံတွေက လူတွေမဟုတ်ပါဘူး။
၎.၃ ဘီလီယမ်ဟာ အင်တာနက် အသုံးပြုခြင်း မရှိသေးပါဘူး။ အဲဒီထဲက ကိုးဆယ်ရာခိုင်နှုန်းဟာ ဖွံ့ဖြိုးဆဲနိုင်ငံက လူတွေပါ။ ဒီလို ဆင်းရဲတဲ့နိုင်ငံကလူတွေကို အင်တာနက်အသုံးပြုနိုင်အောင် ဘယ်လို လုပ်ပေးရမလဲ ဆိုတာက စဉ်းစားစရာပါ။ ကုလသမဂ္ဂက ထောက်ပြတာက နည်းပညာကို အလေးပေးတဲ့ နိုင်ငံတွေမှာ အင်တာနက် အသုံးပြုမှု မြင့်မားပါတယ်တဲ့။ အဲဒီအတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေကလည်း နည်းပညာကို ဦးစားပေးပြီး လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ကျေးလက်တောရွာက လူတွေဟာ အင်တာနက် အသုံးပြုမှု အနည်းဆုံးလို့လည်း UN က ထောက်ပြပါတယ်။ အထူးသဖြင့်တော့ ဆင်းရဲတဲ့နိုင်ငံတွေက လူတွေပါတဲ့။ ဘာလို့လည်းဆိုတော့ အင်တာနက် အသုံးပြုဖို့ ငွေကြေးမရှိကြလို့ပါ။
အဲဒီပြဿနာကို ဖြေရှင်းဖို့ UN က ငါးနှစ်အတွင်းမှာ ၁.၅ ဘီလီယမ်ကို အင်တာနက် အသုံးပြုနိုင်မယ့် အစီအစဉ်ကို ပြသခဲ့ပါတယ်။ လက်ရှိ တီဗီတွေမှာ အသုံးပြုနေတဲ့ ကြိုးမဲ့ ဆက်သွယ်မှုကနေ အင်တာနက် ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။ ဒါဆိုရင် အင်တာနက် အသုံးပြုခလည်း သက်သာလာမှာ ဖြစ်ပါတယ်။

Leave a Reply

Note: Only a member of this blog may post a comment.

Subscribe to Posts | Subscribe to Comments

- Copyright © MCT - Date A Live - Powered by Blogger - Designed by Johanes Djogan -