Tuesday, December 23, 2014

Huawei Ascend Mate 7 Monarch Edition ကို ဒေါ်လာ ၇၁၀ ဖြင့်ရောင်းချ


Huawei က မူလအမျိုးအစားထက် အနည်းငယ် ပိုမိုကောင်းမွန်သော Ascend Mate 7 Monarch Edition 

ကို ရောင်းချပေးလိုက်ပါသည်။ အဓိက Specification များမှာ မူလအမျိုးအစားနှင့် တူညီသော်လည်း 

တိုးတက်မှုများ အနည်းငယ် ပါရှိပါသည်။

Monarch Edition တွင် ခြောက်လက်မ 1080p Display ကို မူလ အမျိုးအစားရှိ Gorilla Glass အစား 

ပိုမိုမာကျောသည့် သလင်းကျောက်အလွှာတစ်ထပ်ဖြင့် ဖုံးအုပ်ထားပါသည်။

ထို့အပြင် Monarch တွင် 64GB Internal Storage နှင့် 128GB အထိဝင်ဆန့်သော SD Card 

အသုံးပြုနိုင်ပါသည်။ မူလ အရောင်သုံးမျိုးအပြင် ရွှေရောင်ကိုပါ ရွေးချယ်နိုင်ပါသည်။

ဒေါ်လာ ခြောက်ရာ တန်ကြေးရှိ မူလအမျိုးအစားထက် ဒေါ်လာ ၁၁၀ ပိုမိုများပြားသော ဈေးနှုန်းဖြစ် သည့် 

ဒေါ်လာ ၇၁၀ ဖြင့် Monarch အမျိုးအစားကို ရောင်းချပေးနေပါသည်။

Myanmar Digital Life Journal

No comments:

Post a Comment

Note: Only a member of this blog may post a comment.