Posted by : Unknown Tuesday, December 16, 2014


 အားသာချက်
ဖုန်းထဲမှာ ဖွဲ့စည်းတည်ဆောက်ထားတဲ့ CPU, GPU အစရှိတဲ့ Hardware စနစ်ပိုင်းတွေမှာ ကောင်းမွန်ပါတယ်။ ကင်မရာပိုင်းကို ကြည့်မယ်ဆိုရင်တော့ ရှေ့ကင်မရာမှာ Mega Pixel မြင့်မားတဲ့ ကင်မရာ အမျိုးအစားကို အသုံးပြုထားတာ ဖြစ်တဲ့အတွက် Selfie သမားတွေ အကြိုက်တွေ့စေမယ့် ပုံစံမျိုးဖြစ်ပါတယ်။ OS ရဲ့ဖွဲ့စည်း တည်ဆောက်ပုံ ရှင်းလင်းပြီး အသုံးပြုဖို့ လွယ်ကူပါတယ်။ ကင်မရာပိုင်းမှာ ပြည့်စုံတဲ့ ကင်မရာ Setting တွေကို စိတ်ကြိုက် ရွေးချယ် ချိန်ညှိပြီး အသုံးပြုနိုင်တဲ့အပြင် အွန်လိုင်းအသုံးပြု Google ဝန်ဆောင်မှု ဆော့ဖ်ဝဲတွေကို ပြည့်ပြည့်စုံစုံ အသုံးပြုနိုင်ပါတယ်။

အားနည်းချက်
ဖုန်းကို Screen ဖွင့်ခြင်း၊ ပိတ်ခြင်းတွေကို အလွယ်တကူ ပြုလုပ်နိုင်တဲ့ စနစ်တွေ မပါဝင်တဲ့အတွက် Screen ဖွင့်ခြင်း၊ ပိတ်ခြင်းတွေကိုတော့ ဖုန်းရဲ့ပါဝါခလုတ် ဒါမှမဟုတ် Home Key တွေကိုပဲ အသုံးပြုရ ပါလိမ့်မယ်။ ဖုန်းမှာပါဝင်တဲ့ မှတ်ဥာဏ်ဟာ 8GB ရှိပေမယ့် တကယ်တမ်း အသုံးပြုနိုင်မယ့် မှတ်ဥာဏ် ပမာဏကတော့ 4GB ကျော်ကျော်ပဲ ရှိတဲ့အတွက် မှတ်ဥာဏ်ပိုင်းမှာ နည်းတယ်လို့ ဆိုနိုင်ပါတယ်။


ဒီဇိုင်း
ပုံစံ ဒီဇိုင်းပိုင်းမှာတော့ Galaxy Grand Prime ဟာ လေးထောင့်ဆန် ဆန်ပုံစံမျိုးရှိနေပြီး ရှေ့ဘက် မြင်ကွင်းက လှပပါတယ်။ နောက်ဘက် ကာဗာကတော့ အနားလေးဖက် လုံးဝန်းတဲ့ ပုံစံမျိုး ပြုလုပ်ထားတာကြောင့် နောက်ဘက်က ကြည့်ရင်တော့ လေးထောင့်ဆန်တယ်လို့ သိပ်မသိသာ လှပါဘူး။ နောက်ဘက် ကာဗာဟာ ဖြုတ်နိုင်တပ်နိုင်တဲ့ ကာဗာအရှင်ဖြစ်ပြီး ချောမွေ့တဲ့ ပလတ်စတစ်သားကို အသုံးပြုထားတာ ဖြစ်တဲ့အတွက် ပြောင်လက်တဲ့ မြင်ကွင်းမျိုး ရှိနေပြီး လက်ထဲမှာကိုင်တွယ် အသုံးပြုရာမှာ ချောမွေ့မှု ရှိနေပါတယ်။ ဖုန်းရဲ့ဘေးဘောင်တွေဟာ သတ္တုကိုယ်ထည် အနားကွပ် ဖွဲ့စည်းတည်ဆောက်မှု ပုံမျိုးဖြစ်ပါတယ်။ ဖုန်းရဲ့အရွယ်အစားကတော့ အထက်အောက် အမြင့် ၁၄.၄၈ စင်တီမီတာရှိပြီး ဘေးတိုက် အကျယ်ကတော့ ၇.၂ စင်တီမီတာ ရှိပါတယ်။ ကိုင်တွယ် အသုံးပြုချိန်မှာတော့ အရွယ်အစားဟာ လက်ထဲမှာ အလွယ်တကူ ထိန်း ကျောင်းနိုင်ဖို့အတွက် အဆင်ပြေတာ တွေ့ရပါတယ်။ ထုထည်ဟာ ၀.၈၆ စင်တီမီတာ ရှိတဲ့အတွက် ကိုင်တွယ် အသုံးပြုရာမှာ အနည်းငယ်ထူတယ်လို့ ခံစားရစေပါတယ်။ အလေးချိန်ကတော့ ၁၅၆ ဂရမ်ရှိတဲ့အတွက် ပေါ့တယ်လို့ ဆိုနိုင်ပါတယ်။ နောက်ဘက် ကင်မရာဟာ ဖုန်းရဲ့ ကိုယ်ထည်ကနေ အပြင်ကို အနည်းငယ် ဖောင်းကြွထားတဲ့ ပုံစံမျိုး ရှိနေတဲ့အတွက် ဖုန်းကို ကျောဘက်ကနေ ချထားမယ်ဆိုရင် ကင်မရာကို ပွန်းရှနိုင်ခြင်းတွေအတွက် ဂရုစိုက်သင့်ပါတယ်။ Sim Card Slot တွေက တော့ ဖုန်းရဲ့ ကျောဘက် ကာဗာအတွင်း ပိုင်းမှာဖြစ်ပြီး စပီကာကတော့ ဖုန်းရဲ့ကျောဘက် ကင်မရာဘေးနားမှာ ရှိပါတယ်။ GSM စနစ်သုံး ဖုန်းအမျိုးအစားဖြစ်ပြီး GSM 2G/ 3G ကွန်ရက် စနစ်တွေမှာ အသုံးပြုနိုင်မယ့် Sim Card နှစ်ကတ်သုံး Dual Micro Sim ဖုန်းအမျိုးစားပါ။ ဖုန်းရဲ့ရှေ့ဘက် မျက်နှာပြင်ပေါ်မှာ မြင်တွေ့ရမယ့် Home, Menu, Back အစ ရှိတဲ့ Key စနစ်သုံးခုမှာတော့ Menu Key ဟာ Samsung ဖုန်းတွေမှာ မြင်တွေ့နေကျ Menu ပုံစံမျိုး မဟုတ်ဘူး Galaxy Alpha, Gaaxy Note 4 တို့လို့ ပုံစံမျိုးဖြစ်ပါတယ်။


နည်းပညာ
အလယ်အလတ်တန်းစား တန်ဖိုးသင့် ဖုန်းအမျိုးအစား ဖြစ်တဲ့အတွက် နည်းပညာပိုင်းအရ ကြည့်မယ်ဆိုရင်တော့ ဒီဖုန်းဟာ နည်းပညာပိုင်းမှာ Galaxy Alpha တို့ Note4 တို့လို အသစ်အဆန်းတွေကို သိပ်ပြီး အသုံးပြုထားတာမျိုး မတွေ့ရပဲ ဖုန်းထဲမှာ အသုံးပြုထားတဲ့ Hardware စနစ်ပိုင်းတွေကိုသာ အကောင်းမွန်ဆုံး ဖြစ်အောင် ပြုလုပ်ထားတာ တွေ့ရပါတယ်။ ပါဝါအသုံးပြုခြင်းအတွက် ကောင်းမွန်တဲ့ Power Saving စနစ်တစ်ခုဖြစ်တဲ့ Ultra Power Saving စနစ်ကို ထည့်သွင်းပေးထားပြီး ဒီစနစ်မှာတော့ ကိုယ့်ဖုန်းရဲ့ ကျန်ရှိတဲ့ ဘက်ထရီ ပမာဏနဲ့ ဆက်လက်အသုံးပြုနိုင်မယ့် အချိန်တွေကိုပါ တစ်ပါတည်း ဖော်ပြပေးထားတာ တွေ့ရပါလိမ့်မယ်။ Ultra Power Saving စနစ်ကို အသုံးပြုမယ် ဆိုရင်တော့ ဖုန်းပြောခြင်း၊ စာပို့ခြင်း၊ စနစ်နှစ်ခု အပါအဝင် အခြား ကိုယ်နှစ်သက်ရာ စနစ်လေးခုကို ရွေးချယ်ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပြီး ကျန်တဲ့ ဖုန်းရဲ့စနစ် အားလုံးကို ပိတ်ထားမှာဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ White Balance, Exposure အစရှိတဲ့ စနစ်တွေကို ကိုယ်တိုင်ချိန်ညှိ အသုံးပြုနိုင်တဲ့အပြင် ဓာတ်ပုံကို ဖရိန် ၈ ခုခွဲရိုက်ပေးပြီး အကောင်းဆုံးပုံကို ရွေးချယ်ထုတ်ပေးနိုင်တဲ့ Best Photo စနစ်ကိုလည်း ဒီဖုန်းမှာ အသုံးပြုနိုင်ပါတယ်။ အခြားကျန်တဲ့ စနစ်တွေမှာတော့ Android Smart ဖုန်းတွေမှာ အသုံးပြုနေကျ စနစ်ပုံစံမျိုးတွေ အတိုင်းပဲ အဆင်ပြေပြေနဲ့ လွယ်လွယ်ကူကူ အသုံးပြုနိုင်မှာပါ။



အသေးစိတ်ဖော်ပြချက်
ဒီဖုန်းမှာ အသုံးပြုထားတဲ့ CPU ကတော့ Quad-core 1.2GHz Cortex -A63 CPU ဖြစ်ပြီး ဂရပ်ဖစ် စနစ်အတွက်လည်း Adreno 306 GPU ကိုထည့်သွင်း အသုံးပြုထားတာ တွေ့ရပါတယ်။ ဂရပ်ဖစ် စနစ်ပိုင်းမှာရော CPU စနစ်ပိုင်းမှာ ကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။ Screen ကတော့ ရိုးရိုး TFT Capacitive Touch Screen အမျိုးအစားပြီး Screen Resolution တွေအနေနဲ့ 540x960 Pixel ထိရရှိနိုင်မှာ ဖြစ်ပါတယ်။ Screen အရွယ်အစား ကတော့ ၅.၀ လက်မပါ။ မှတ်ဥာဏ်စနစ် ပိုင်းမှာတော့ Internal Memory 8GB ပါဝင်ပြီး RAM ကတော့ 1GB RAM ဖြစ်ပါတယ်။ စမတ်ဖုန်း တစ်လုံးအတွက်တော့ မှတ်ဥာဏ်က နည်းတယ်လို့ ဆိုနိုင်ပေမယ့် Micro SD Card နဲ့ 64GB ထိ ထပ်တိုး အသုံးပြုနိုင် ပါလိမ့်မယ်။ ကင်မရာပိုင်းမှာတော့ ကျောဘက် ကင်မရာဟာ 8 Mega Pixel ကင်မရာ ဖြစ်ပြီး Flash ပါဝင်ပါတယ်။ ရှေ့ကင်မရာကတော့ 5 Mega Pixel ကင်မရာဖြစ်ပြီး Bluetooth 4.0, USB 2.0 စနစ်တွေကို အသုံးပြုနိုင်ပါတယ်။ OS ကတော့ Android OS Version 4.4.4 ပါ။

credit to all

သုံးသပ်ချက်
ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ် ကြည့်မယ်ဆိုရင်တော့ ဒီဖုန်းရဲ့ဈေးနှုန်းဟာ ကျပ် ၂၄၀,၀၀၀ ၀န်းကျင်မှာပဲ ရှိနေပြီး အသုံးပြုထားတဲ့ Hardware စနစ်ပိုင်းတွေနဲ့ CPU စနစ်တွေ၊ GPU တွေဟာ မြင့်မားကောင်းမွန်တာ တွေ့ရပါတယ်။ နည်းပညာပိုင်းအရ အသစ်အဆန်းတွေကို သိပ်ပြီးမမြင်တွေ့ရပေမယ့် Galaxy Grand, Grand 2 တို့နဲ့နှိုင်းယှဉ် ကြည့်မယ်ဆိုရင်တော့ Grand Prime မှာ ပိုပြီးကောင်းမွန် တဲ့ OS စနစ်နဲ့ ရှေ့ကင်မရာ စနစ်တွေ ပါဝင်နေတာတွေ့ရပြီး Grand, Grand2 တို့ထက် ဈေးနှုန်းပိုင်းမှာ ပိုပြီးသက်သာတာ တွေ့ရပါတယ်။ ကောင်းမွန်တဲ့ Power Saving စနစ်ပါဝင်ပြီး ဖုန်းရဲ့ Screen ကလည်း ပါဝါအသုံးပြုနှုန်း သက်သာတဲ့အတွက် ဘတ်ထရီ ကြာရှည် အသုံးခံပါတယ်။

Leave a Reply

Note: Only a member of this blog may post a comment.

Subscribe to Posts | Subscribe to Comments

- Copyright © MCT - Date A Live - Powered by Blogger - Designed by Johanes Djogan -