Friday, December 26, 2014

Viber တွင် Games များ ထည့်သွင်းပေးတော့မည်

2

Viber က စာပေးပို့ခြင်း၊ အသံနှင့် အရုပ် ခေါ်ဆိုခြင်းများအပြင် ဂိမ်းများကို ထည့်သွင်းပေးတော့မည် ဖြစ် သည်။ Viber အသုံးပြုသူများအနေဖြင့် သူတို့၏ Contacts များဖြင့် ဂိမ်းများ ကစားနိုင်သည့် Social Feature များ ဖြစ်ပါသည်။

Android နှင့် iOS အတွက် Viber Candy Mania, Viber Pop, Wild Luck Casino ဂိမ်းသုံးမျိုးကို ၀န်ဆောင်မှု စတင်ချိန်တွင် ထည့်သွင်းပေးမည် ဖြစ်သည်။ ပထမ ဂိမ်းနှစ်ခုတွင် Viber Sticker များဖြစ် သည့် Violet နှင့် Legcat ဇာတ်ကောင်များ ပါရှိမည် ဖြစ်သည်။

Viber ID ဖြင့် ဂိမ်းများ ကစားရန် သူငယ်ချင်းများကို ဖိတ်ခေါ်နိုင်မည် ဖြစ်သည်။ ထို့အပြင် Gifts များပေးပို့နိုင်မည် ဖြစ်ပြီး သူငယ်ချင်းများ ကစားသည့် ဂိမ်းများကို ကြည့်ရှုနိုင်မည် ဖြစ်သည်။ Viber က နောက်ထုတ်မည့် ဂိမ်းများတွင် စတစ်ကာ စတိုးမှ ဇာတ်ကောင်များကို ထည့်သွင်းပေးရန် Developer များနှင့် ပူးပေါင်း လုပ်ဆောင်နေပါသည်။

ယခုအချိန်တွင် Viber Games များကို ဘီလာရုစ်၊ မလေးရှား၊ အစ္စရေး၊ စင်ကာပူ၊ ယူကရိန်းနိုင်ငံများတွင် အသုံးပြုနိုင်ပြီ ဖြစ်ပြီး ဇန်န၀ါရီလတွင် တစ်ကမ္ဘာလုံးသို့ ဖြန့်ချီမည် ဖြစ်သည်။

Myanmar Digital Life

No comments:

Post a Comment

Note: Only a member of this blog may post a comment.