Monday, January 5, 2015

NASA က Venus ဂြိုလ် အထက်တွင် အာကာသယာဉ် မြို့တော် တည်ဆောက်၍ လေ့လာမည်


Venus သည် Mars ထက်ပို၍ ကမ္ဘာမြေနှင့် နီးကပ်သောကြောင့် လူများ လေ့လာနိုင်မည့် အခွင့်အရေးရှိသော်လည်း အပူချိန်မှာ ၈၅၀ ဒီဂရီ ဖာရင်ဟိုက် ဖြစ်ပြီး လေထုသိပ်သည်းဆမှာလည်း ကမ္ဘာမြေထက် အဆ ၉၀ ပိုမို သိပ်သည်းသောကြောင့် ဂြိုလ်ပေါ်သို့ ခြေချ၍ လေ့လာနိုင်ရန် မဖြစ်နိုင်ဟု သိရပါသည်။
လူမဲ့ ယာဉ်များကို Venus ၏ မြေပြင်ပေါ်သို့ စေလွှတ်ခဲ့သော်လည်း ၁၉၈၂ ခုနှစ်က စေလွှတ်ခဲ့သော ရုရှား Venera 13 သည် အချိန်အကြာဆုံး အဖြစ် ၁၂၇ မိနစ်သာ ရှင်သန်နိုင်ခဲ့ပါသည်။ ထို့အတွက် NASA က Venus ၏ အထက် မိုင် သုံးဆယ် အကွာအဝေးတွင် ပညာရှင်များ ပါရှိသည့် အာကာသယာဉ်များ စေလွှတ်ပြီး လေ့လာမည့် နည်းလမ်းကို IEEE Spectrum သို့ ပြောကြားပါသည်။ တစ်နည်းအားဖြင့် အာကာသယာဉ်များစွာ ပါရှိသည့် မြို့တော်ကြီး တစ်ခုအသွင်ဖြင့် လေ့လာမှု ပြုလုပ်မည် ဖြစ်သည်။
အဆိုပါအမြင့်တွင် လေဖိအားသည် ကမ္ဘာမြေနှင့် တူညီမည် ဖြစ်ပြီး အပူချိန်သည်လည်း လူများ အသက်ရှင်နိုင်လောက်သည့် ၁၆၅ ဒီဂရီ ဖာရင်ဟိုက် အခြေအနေတွင် ရောက်ရှိမည် ဖြစ်သည်။ နေရောင်ခြည်သည်လည်း Mars ထက် လျော့နည်းပြီး ကနေဒါ ရရှိသည့် နေရောင်ခြည် ပမာဏလောက်သာ ရရှိမည် ဖြစ်သည်။
အာကာသယာဉ်မှူးများသည် တစ်သောင်း ပေပတ်လည် အရွယ်အစားရှိသော Solar Panel များက မောင်းနှင်သည့် အာကာသယာဉ်များမှ ရက်သုံးဆယ်ကြာ လေ့လာနိုင်မည် ဖြစ်သည်။ အာကာသယာဉ်များတွင် စက်ရုပ် ယာဉ်များ သယ်ဆောင်သွားပြီး ဂြိုလ်၏ မြေပြင်ပေါ်သို့ စေလွှတ်၍ မြေသားများကို တစ်ဖန်ပြန်လည် ယူဆောင်၍ လေ့လာကြမည် ဖြစ်သည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.