၂၀၁၄ ခုနှစ်တွင် ပြုလုပ်သော Consumer Electronics Show တွင် Pebble က ပလတ်စတစ် လက်ပတ်ကြိုးအစား စတီးကြိုးဖြင့် အဆင့်မြှင့်တင်ထားသော စမတ်နာရီကို ပြသခဲ့ပါသည်။ ယခုနှစ် CES ပွဲတွင်လည်း Sony က သူ၏ SmartWatch 3 ကို စတီးကြိုးဖြင့် အဆင့်မြှင့်တင်ပေးလိုက်သကဲ့သို့ Apps အသစ်များကိုလည်း ထည့်သွင်းပေးလိုက်ပါသည်။
SmartWatch 3 တွင် 320×320 လေးထောင့် မျက်နှာပြင် ပါရှိပြီး ရေစိုခံပါသည်။ Google ၏ Android Wear OS ကို ထည့်သွင်းထားပါသည်။ Sony ၏ ယခင် စမတ်နာရီများတွင် Android OS ကို မောင်းနှင်ထားခြင်း ဖြစ်ပါသည်။ Sony က SmartWatch 3 အတွက် စတီးလက်ပတ်ကြိုးအပြင် နှစ်သက်ရာကို ပြောင်းလဲတပ်ဆင်နိုင်ရန် အခြား လက်ပတ်ကြိုးများကိုလည်း ထုတ်လုပ်ပေးထားပါသည်။
SmartWatch 3 သည် GPS ပါရှိသော တစ်ခုတည်းသော Android Wear Device ဖြစ်ပြီး GPS ကို အသုံးချနိုင်သော Apps နှစ်ခုဖြစ်သည့် Golfshot နှင့် iFit တို့ ထည့်သွင်း၍ ယခုလမှ စတင်ကာ ရောင်းချပေးမည် ဖြစ်သည်။
Sony ၏ ချပ်ဝတ်တန်ဆာ ကွန်ပြူတာများနှင့် ပတ်သက်၍ အဓိက ရည်ရွယ်ချက်မှာ နေ့စဉ်လူမှုဘ၀ လှုပ်ရှားမှုများကို မှတ်တမ်းတင်ခြင်း ဖြစ်ပါသည်။ စမတ်နာရီကို ၀တ်ဆင်သူက သူ၏ နေ့စဉ်လှုပ်ရှားမှုများကို အချိန်မရွေး ကြည့်ရှုနိုင်မည် ဖြစ်သည်။ Sony က အဆိုပါ ဒေတာများကို ကြည့်ရှုရန် Web Version ကိုလည်း ပြုလုပ်ပေးထားပြီး မည်သည့် ဘရောက်စာမဆို ကြည့်ရှုနိုင်မည် ဖြစ်သည်။ IFTTT နှင့် ချိတ်ဆက်နိုင်ခြင်း အပါအ၀င် စွမ်းဆောင်ချက်အသစ်များကိုလည်း စမတ်နာရီတွင် ထည့်သွင်းပေးထားပါသည်။ ဥပမာ အားဖြင့် စမတ်နာရီ ၀တ်ဆင်သူသည် သုံးရက်အတွင်း ခြေလှမ်း တစ်သောင်းထက် ပို၍ လမ်းလျှောက်ခြင်း မပြုလျှင် gym သို့သွားရောက်ရန် အလိုအလျှောက် Schedule ပြုလုပ်ပေးမည် ဖြစ်သည်
။
။
No comments:
Post a Comment
Note: Only a member of this blog may post a comment.