Monday, February 16, 2015

ရန်ကုန်မြို့၌ ဆင်းမ် ကတ်မှောင်ခို ဈေးကွက် ယခင်ထက် လျော့နည်းလာ


ပြည်တွင်းမိုဘိုင်း ဆင်းမ်ကတ် ဈေးကွက်၌ သက်ဆိုင်ရာ ဆက်သွယ်ရေး လုပ်ငန်း အသီးသီးက 
တရားဝင် သတ်မှတ် ထားသော နှုန်းထား များထက် ပိုမို ရောင်းချ နေသည့် မှောင်ခို ဈေးကွက်
သည် ယခု ရက်ပိုင်း အတွင်း သိသာစွာ လျော့နည်း လာပြီ ဖြစ်ကြောင်း ရန်ကုန် အခြေစိုက် မို 
ဘိုင်းဖုန်း အရောင်းအဝယ် ဈေးကွက်မှ စုံစမ်း သိရသည်။

MPT, Ooredoo Myanmar နှင့် Telenor Myanmar ဆက်သွယ်ရေး ကုမ္ပဏီ သုံးခုတို့သည် ၎င်း
တို့၏ ဆင်းမ်ကတ် များကို ပြည်တွင်း ဈေးကွက်သို့ လစဉ်ပုံမှန် ဖြန့်ချိလျက် ရှိနေခြင်းနှင့် သက်
ဆိုင် ရာ ကုမ္ပဏီ များ၏ သီးသန့် အရောင်းဆိုင်များ အများ အပြား ပေါ်ထွက်လာခြင်းတို့ကြောင့် 
ဆင်းမ်ကတ် မှောင်ခို ဈေးကွက် နည်းပါး လာခြင်းဟု အထက်ပါ မိုဘိုင်းဖုန်း အရောင်းနှင့် ဝန်
ဆောင်မှု ဆိုင်များမှ သိရသည်။

“ပြီးခဲ့တဲ့ဇန်နဝါရီလလယ်လောက်အထိ ဆင်းမ်ကတ်မှောင်ခိုဈေးကွက်တော်တော်လေးရှိသေး
တယ်။ MPT ကသူတို့ရဲ့ဝန်ဆောင်မှုအသစ်ကို စပြီးတဲ့နောက်ပိုင်း မှောင်ခိုဈေးကွက်က ရန်
ကုန်မြို့ ထဲမှာ တင် တော်တော်လေးနည်းလာတာတွေ့ရတယ်။ အဲ့ဒီအတွက်ဘာကောင်းလဲ
ဆိုတော့ အသုံးပြုတဲ့သူတွေ အတွက် မှန်ကန်တဲ့ဈေးနှုန်းနဲ့ အလွယ်တကူဝယ်ယူမှုတွေကိုလုပ်
လာနိုင်တာပါပဲ” ဟု ရန်ကုန်မြို့နေ မိုဘိုင်း ဖုန်းနှင့် ဆက်စပ်ဝန်ဆောင်မှုဆိုင်တစ်ဆိုင်မှ တာ
ဝန်ရှိသူတစ်ဦးကဆိုသည်။

ယခုလက်ရှိ ပြည်တွင်းဈေး ကွက်အတွင်းယှဉ်ပြိုင်နေသော အထက်ပါဆက်သွယ်ရေးလုပ် ငန်း
သုံးခုသည် ဆင်းမ်ကတ်မှောင် ခိုဈေးကွက်များ ပိုမိုကျယ်ပြန့်လာစေရန်နှင့် လျော့နည်းသွားစေ
ရန် အတွက် ထိန်းချုပ်မှု များကိုပြုလုပ် သွားမည်ဟု သုံးစွဲ သူများသို့ အသီးသီး ကတိပေးပြော
ကြားမှုများရှိခဲ့ပြီး လ အနည်းငယ် အတွင်း ယခု ကဲ့သို့ မှောင်ခိုဈေးကွက် နည်းပါး လာခြင်းဖြစ်
ကြောင်း မိုဘိုင်းဖုန်းသုံးစွဲသူအချို့ကဆိုကြသည်။

“ဈေးကွက်ထဲမှာသတ်မှတ်ထားတဲ့နှုန်းထားထက်ပိုပေးရတဲ့ မှောင်ခိုဈေးကွက်ပျောက်အောင် 
ဈေးကွက်မြှင့် တင်မှုတွေကိုလုပ် နေပါတယ်။ မှောင်ခိုဈေးကွက် လုံးဝပျောက်သွားအောင် လုပ်
သွားမှာပါ။ သုံးစွဲသူတွေ အနေနဲ့ ဆင်းမ်ကတ်တွေကို နေရာဒေသတိုင်းမှာ အလွယ်တကူဝယ်
လို့ရလာတာနဲ့အမျှ ဒီဈေးကွက်လည်း တဖြည်းဖြည်းပျောက်ကွယ်သွားမှာပါ” ဟု မြန်မာ့ ဆက်
သွယ်ရေးလုပ်ငန်း၏ တာဝန်ရှိသူတစ်ဦးကပြော သည်။

ယခုလက်ရှိအချိန်တွင် ၁၅၀၀ ကျပ်ဖြင့်ရောင်းချနေသော ဆက်သွယ်ရေးလုပ်ငန်းသုံးခုမှ ဆင်းမ်
ကတ်များ သည် သက်ဆိုင်ရာကုမ္ပဏီများ၏အရောင်းဆိုင်များတွင် သတ် မှတ်နှုန်းထားများ အ
တိုင်းဝယ်ယူ ရရှိနေ နိုင်င်ပြီး သီးသန့်အရောင်းဆိုင်မဟုတ်သည့် စတိုးဆိုင်ကဲ့သို့သောအရောင်း
ဆိုင်အချို့တွင် မူလနှုန်းထား ထက် ပိုမိုဈေးတင်ရောင်းချခြင်းများရှိနေသေးကြောင်း သိရသည်။

Internet Journal

No comments:

Post a Comment

Note: Only a member of this blog may post a comment.