Monday, March 23, 2015

Facebook Messenger အတွက် ငွေလွှဲပြောင်းမှု

မကြာမီကာလမှာ Facebook အသုံးပြုတွေ အနေနဲ့ သူငယ်ချင်း အချင်းချင်း Messenger ကနေ တစ် ဆင့် ငွေ လွှဲပြောင်း မှု လက်ခံမှုတို့ကို လုပ်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။ လာမယ့်လမှ စတင်ကာ အမေရိကန် တွင် အခမဲ့ အသုံးပြုနိုင်တော့မှာ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။ စာရိုက် ထည့် ရသည့် နေရာအောက် နား audio note, images နှင့် emoji တို့ဘေးနားတွင် ဒေါ်လာ သင်္ကေတလေး ပါရှိ လာမှာဖြစ်ပြီး ထိုသင်္ကေတလေး ကို နှိပ်လိုက်ပါက အသုံးပြု သူများအနေဖြင့် မိမိလွှဲပြောင်းပေး လိုသော ငွေပမာဏကို သူတို့၏ Debit card မှ တစ်ဆင့် လွှဲပြောင်းပေးနိုင်မှာ ဖြစ်ပါတယ်။ အမေရိကန် ပြင်ပတွင် သုံးနိုင် မသုံးနိုင် ကိုတော့ သေချာမသိရသေးပါ။ ပထမဦးဆုံးအနေဖြင့် အသုံးပြုသူများသည် ၄င်းတို့၏ credit card သို့မ ဟုတ် debit card များကို ကိုယ်ပိုင် Facebook အကောင့်မှာ ထည့်သွင်းရမှာ ဖြစ်ပါတယ်။
ငွေလွှဲပြောင်းမှု အတွက်ကတော့ pin code များကို သုံးပြီး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ iPhone အသုံးပြု သူ များအတွက်မူ Touch ID လက်ဗွေရာကို သုံးကာ ပိုက်ဆံလွှဲပြောင်းနိုင်မှာ ဖြစ်ပါတယ်။ ယခု Feature သစ်ကို desktop ကွန်ပျူ တာ အသုံးပြုသူများလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Thithtoolwin

No comments:

Post a Comment

Note: Only a member of this blog may post a comment.