Posted by : Unknown Sunday, August 11, 2013

ယင်းကဲ့သို့ Super Brick အခြေအနေထိ ဖြစ်ရခြင်းမှာ မိုဘိုင်းဖုန်း အသုံးပြု သူများ အနေဖြင့် မိမိတို့၏ ဖုန်းများကို မကြာခဏ Firmware Version အတင်အချ ပြုလုပ်ခြင်း၊ မကြာခဏ Rooting ပြုလုပ်ခြင်း များကြောင့်လည်း ဖြစ်နိုင်သည့် အပြင် ROM မှ လက်မခံသော Application နှင့် အခြား Firmware များ မှားယွင်းထည့်သွင်းခြင်းများကြောင့်ဖြစ်တတ်ပါတယ်။
 အရင်တုန်းက Android OS ဖုန်းတွေမှာ Soft Brick, Hard Brick ဆိုတာ လောက်ပဲ ရှိခဲ့ပေမယ့် ခုနောက်ပိုင်း မှာတော့
   Super Brick ဆိုတာ တွေပါ ရှိလာ ခဲ့ပါပြီ။ဒီလိုဖြစ်သွား ခဲ့တဲ့ ဖုန်းတွေမှာ ဘာမှ ပြန်လုပ်လို့ မရတော့ဘဲ လက်လျှော့ လိုက်ရတာ မျိုးတွေ ရှိခဲ့ပါတယ်။ ခုချိန်မှာတော့ ဒီလို အခြေအနေကို ဖြေရှင်းနိုင်မယ့် နည်းလမ်း ရှိလာပါပြီ။Super Brick ဆိုတာ ကတော့ Download Mode ပေါ်ပြီး ဘာမှ လုပ်လို့ မတော့တဲ့ အခြေအနေ မျိုးကို ခေါ်တာပါ။ Soft Brick နည်းလမ်းရော Hard Brick နည်းလမ်း နဲ့ရော ဘယ်လိုမှ လုပ်လို့ မရတော့တာကို Super Bridge လို့ ခေါ်တာပါSuper Brick အခြေအနေတွင် Download Mode ပေါ်နေသေး သော်လည်း Firmware ကို မည်သို့မှ ပြန်လည် ထည့်သွင်း၍ မရနိုင်တော့သော အခြေအနေထိ ဖြစ်နိုင်ပါတယ်Super Brick အခြေအနေမျိုး ဖြစ်လာပါက ပြန်လည် ပြုလုပ်၍ ရနိုင်ပေမဲ့ဖုန်းတွင်းရှိ မှတ်ဉာဏ် စနစ်ပိုင်း များတွင် ဆုံးရှုံးမှု အချို့ ရှိနိုင်ပါတယ်Android OS ဖုန်းတွေမှာSuper Brick အခြေ အနေမျိုး ဖြစ်လာပါက Manipulated Partition စနစ်ဖြင့် ပြုလုပ် နိုင်မည် ဖြစ်ပြီး ယင်းစနစ်ကို Linux OS Platform အား ကျွမ်းကျင်သူ များမှ ပြုလုပ်မည် ဆိုပါက Super Brick ဖုန်းများကို ပြန်လည် ကောင်းမွန် လာအောင် ပြုလုပ်နိုင်မည် ဖြစ်သော် လည်း  ဖုန်းတွင်း မှတ်ဉာဏ် စနစ်ပိုင်းတွင် တစ်ဝက်ခန့် ဆုံးရှုံး သွားနိုင်မှာဖြစ်ပါတယ်

Leave a Reply

Note: Only a member of this blog may post a comment.

Subscribe to Posts | Subscribe to Comments

- Copyright © MCT - Date A Live - Powered by Blogger - Designed by Johanes Djogan -