Posted by : Unknown Sunday, August 11, 2013

နာမည်ကျော် Choir အဖွဲ့ဖြစ်သော Vienna Boy's Choir သံစဉ်များကို LG ထုတ်ကုန်အချို့တွင် ထည့်သွင်း အသုံးပြုသွားမည်  ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ LG ရုံးမှ သိရှိရသည်။

Vienna Boy's Choir ၏ သံစဉ်များကို LG G2 Smart Phone များမှ စတင်ပြီး ထည့်သွင်းအသုံးပြု သွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း LG အနေဖြင့် အဆိုပါ အဖွဲ့နှင့် ပူးပေါင်းကာ Ringtones, Notification များနှင့် Alarm များအတွက် သီးသန့် Harmony အသံများကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ Bach's Air on the G String စသည့်

  တီးလုံးများကို ထည့်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။ ဩဂုတ်လ ၁ ရက်နေ့မှ စတင်ကာ နားထောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ နေ့မှ စတင်ပြီး LG G2 Microsite (www.G2.LGMobile.com) တွင် Vienna Boy's Choir ၏ The Life's Good Ringtone နှင့် အခြား သီချင်းများကို Download ဆွဲပြီး နားထောင်နိုင်ပြီဖြစ်ကြောင်း သိရသည်။ "LG က ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေမှာ ဂန္တဝင်တီးလုံးတွေနဲ့ ခေတ်ပေါ် သီချင်းတွေ ပါဝင်ထည့်သွင်းထားတတ်ပါတယ်။ Vienna Boy's Choir ရဲ့ သံစဉ်တွေကိုတော့ LG G2 က စပြီး ထည့်သွင်းမှာ ဖြစ်ပါတယ်" ဟု LG ၏ ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ Dr.Jong-Seok Park က ပြောကြားသည်ဟု LG မှ သတင်းထုတ်ပြန်သည်။ LG အနေဖြင့် မိုဘိုင်းဖုန်းနှင့် လျှပ်စစ်ပစ္စည်းများကို ကမ္ဘာအနှံ့ဖြန့်ချိလျက်ရှိကြောင်း သိရသည်။


ကုမ္ပဏီခွဲ ၈၄ ခုရှိပြီး အဓိက လုပ်ငန်းစု ငါးခုရှိကြောင်း သိရသည်။ LG ၏ အဆိုပါ လုပ်ငန်း ငါးခုမှာ Home Entertainment, Mobile Communication, Home Application, Air Conditioning နှင့် Business Solution တို့ ဖြစ်ကြောင်း သိရသည်။ ကမ္ဘာအနှံ့ ဖြန့်ချိသော အထင်ကရ ထုတ်ကုန်အချို့ အနေဖြင့် Flat TV, Audio နှင့် Video ထုတ်ကုန်၊ မိုဘိုင်းဟန်းဆက်များ၊ လေအေးပေးစက်များ၊ အဝတ်လျှော်စက်များ စသည်တို့ ဖြစ်ကြောင်း သိရသည်။ Vienna Boy's Choir အဖွဲ့မှာ Vienna အခြေစိုက်ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး အမျိုးသား Choir အဖွဲ့တစ်ခု အဖြစ် လူသိများသည်။ အဆိုပါ အဖွဲ့တွင် သြစတြေးလျမှ အမျိုးသားများ အဓိက ပါဝင်ပြီး အခြားနိုင်ငံများမှ အမျိုးသား Choir အဖွဲ့ဝင်များလည်း ပါဝင်ကြောင်း သိရသည်။

Leave a Reply

Note: Only a member of this blog may post a comment.

Subscribe to Posts | Subscribe to Comments

- Copyright © MCT - Date A Live - Powered by Blogger - Designed by Johanes Djogan -