Posted by : Unknown Friday, December 20, 2013

၁။သဗ္ဗသင်္ဂါဟက မေတ္တာပွားနည်း ၁၁-နည်း

လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။

ဥပဒ်ရန်ကင်း ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

၂။ဒုကမေတ္တာဘာဝနာ ၄-နည်း

(က) ကြောက်တတ်၊ မကြောက်တတ်၊ နှစ်ရပ်များစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။

ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

(ခ) မြင်အပ်၊ မမြင်အပ်၊ နှစ်ရပ်များစွာ သတ္တဝါ၊ ချမ်းသာ ကိုယ်စိတ်မြဲပါစေ။

ဥပဒ်ရန်ဘေး ကင်းစင်ဝေး

ငြိမ်းအေးကြပါစေ။

(ဃ) ဘဝဇာတ်ဆုံး၊ မဆုံးများစွာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။

ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

၃။တိကမေတ္တာဘာဝနာ ၃-နည်း

(က) ရှည်၊တို၊အလတ်၊သုံးရပ်ခန္ဓာ၊သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။

ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

(ခ) ကြီး၊ ငယ်၊ အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။

ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

(ဂ) ဆူ၊ကြုံ၊ အလတ်၊သုံးရပ်ခန္ဓာ၊ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။

ဥပဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

၎။အဟိတာပနယန မေတ္တာဘာဝနာ ၃-နည်း

(က) လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။

(ခ) အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

(ဂ) ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

ဤကား မေတ္တသုတ် လာ မေတ္တာဘာဝနာ ပွားနည်း (၁၁) နည်းဖြစ်ပါသည်။ ၃ ၊ ၄ ရက် လောက် ဆက်၍ မှန်မှန်ဝတ်ထားပြီး ပွားများကြည့်ပါ

စိတ်ချမ်းသာခြင်း ဖြစ်ရှိသည်ကို ကိုယ်တိုင် သိရှိရပါလိမ့်မည်။

Leave a Reply

Note: Only a member of this blog may post a comment.

Subscribe to Posts | Subscribe to Comments

- Copyright © MCT - Date A Live - Powered by Blogger - Designed by Johanes Djogan -