- Back to Home »
- android firmware restore & upgrade , Samsung firmware »
- Galaxy Note3 SM-N900ကို Android 4.4.2Kitkat Official Firmwareတင်နည်း
Posted by : Unknown
Sunday, January 26, 2014
Samsung Galaxy Note 3 SM-N900 ကို အသစ်ထွက်လာတဲ့ Android Version 4.4.2 Kitkat Official Firmware တင်နည်းကို တင်ပြပေးချင်ပါတယ်။
1.အရင်ဆုံး မိမိဖုန်းရဲ့ Contacts တွေ SMS တွေကို Backup လုပ်ထားပါ။
2. Frimware တင်ဖို့အတွက် အနည်းဆုံး မိမိဖုန်းမှာ Battery 60% ရှိရပါမယ်။
3. Samsung Devices For Note 3 အတွက် USB Drivers ကို ဒီမှာ ဒေါင်းပြီး မိမိကွန်ပျူတာမှာ Runထားပါ။
4. Odin Multi Downloader V 3.09 ကို ဒီမှာ ဒေါင်းယူထားလိုက်ပါ။
5. Galaxy Note 3 Android Version 4.4.2 Kitkat Firmware ကို ဒီမှာ ဒေါင်းယူပါ။
- Compatible Model – Galaxy Note 3 SM-N900 (Don’t use this firmware on any other variants of Galaxy Note 3).
- Baseband Version (Modem) – N900XXUDNA1
- Build Number – N900XXUDNA6
- Firmware Branding – Unbranded
7.ဖုန်းကိုပိတ်လိုက်ပါ။ ပြီးရင် Volume down+Home Button+Power Key သုံးခုကို တွဲနှိပ်ပြီးDownload Mode ထဲကို ၀င်ပါ။ အောက်ကပုံအတိုင်း သင့်ရဲ့ဖုန်းမှာ Warning Message ပေါ်လာပါလိမ့်မယ်။
9. သင့်ရဲ့ဖုန်းကို ကွန်ပျူတာနှင့် USB ကြိုးဖြင့်ချိတ်ဆက်ပြီး အပေါ်မှ ဒေါင်းယူထားတဲ့ Odin v 3.09 ကို ကွန်ပျူတာမှာ Run လိုက်ပါ။ အောက်ကပုံအတိုင်း Odin ပေါ်မှ မျှားထိုးထားတဲ့နေရာမှာ အပြာနု လေးပေါ်လာပြီးဆိုရင်တော့ Firmware စတင်ဖို့ အဆင်သင့်ဖြစ်ပါပြီ။ (မပေါ်သေးရင်တော့ မိမိဖုန်းနဲ့ ကွန်ပျူတာကို သေချာပြန်ချိတ်ပါ။)
10.အောက်ကပုံမှာ အနီဝိုင်းပြထားတဲ့ Ap နေရာမှာ အပေါ်က ဒေါင်းယူရရှိထားတဲ့ Firmwareဖိုင်ဖြည်ထားတဲ့ ဖိုင်ကို ထည့်ပေးပါ။
11.အဲဒါဆိုရင် သူဘာသူ့ Firmware တင်ဖို့ ဆက်လက်လုပ်ဆောင်နေပါလိမ့်မယ်။ အောက်ကပုံအတိုင်းပေါ်လာရင် အောင်မြင်စွာ သင့်ရဲ့ Firmwareတင်လို့ ပြီးသွားပါပြီ။
12.အားလုံးတင်ပြီးသွားလို့် မိမိဖုန်းက Power ပြန်တတ်လာတဲ့အချိန်မှာ Samsung Logoမှာရပ်နေရင် ဖုန်းရဲ့ Battery ကို ၅မီးနစ် လောက် ဖြုတ်ထားပြီး ပြန်တပ်ဖွင့်ပါ။
13.အပေါ်ကအတိုင်းမှ ဖုန်းက Logo မှာဘဲထက်ရပ်နေတုန်းဘဲဆိုရင် Volume Up+Home Button+Power Key သုံးခုတွဲပြီး Recovery Mode ထဲကို ၀င်လိုက်ပါ။ အောက်ကပုံအတိုင်း ပေါ်လာပြီဆိုရင် Volume ခလုတ်များဖြင့် အပေါ်အောက် ရွေ့ပြီး Wide Data/Factory Reset ကို Power key ဖြင့် ရွေးလိုက်ပါ။ Factory Reset တကြိမ်ချပြီးပြီဆိုရင်တော့ အောက်က ပုံအတိုင်းပြန်ပေါ်လာရင်Reboot system now ကိုရွေးချယ်ပြီး ဖုန်းကို Restart ချလိုက်ပါ။
14.ဖုန်းက Power ပြန်တတ်လာရင်တော့ သင့်ရဲ့ Note 3 မှာ Officail Android 4.4.2Kitkat ဖြင့် လန်းနိုင်ပါပြီ။ အားလုံးအဆင်ပြေပါစေ........
အစိမ်းရောင်မင်းသား(ဆော့ဝဲမြို့တော်)
ညာဘက်ထောင့်အောက်နားလေးကကြော်ငြာတွေကို ကလစ်လုပ်ပေးခြင်းဖြင့် ပြန်လည်ကူညီနိုင်ပါတယ်။